ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

December 7, 2013

Mai Zing tin Par သက်သေခံချက် အကျဉ်းချုပ်

ကျွန်မ Mai Zing tin Par
သည် ၂၀၁၂ခုနှစ်တွင် အထက ထန်တလန်မြို.တွင် သတ္တမတန်းတက်နေစဉ် နတ်ဆိုး၏ချည်နှောင်ခြင်းကြောင်.အသည်းအသန်ဖျားပြီး တနှစ်လုံးကျောင်းမတက်နိုင်ပါ။ ရှိသမျှ Pastor များဆုတောင်းပေးခြင်း၊ဆေးကုသခြင်းခံယူသော်လည်း အနည်းငယ်သာ သက်သာပါသည်၊၂၀၁၃တွင် ကျောင်းပြန် တက်သော်လည်း ပြန်လည်နေမကောင်းသဖြင်. အိမ်အမြဲပြန်ပါသည်။ Pastor လင်မယား၏ တနေ.လုံး အဆက်မပြတ်ဆုတောင်းပေးမှုကြောင်. အထဲတွင်ရှိသော နတ်ဆိုး၏ညစ်ညမ်းသော လုပ်ရပ်အားလုံး ထွက်သွားကာ သက်သာခြင်း၇ရှိသည်။ စက်တင်ဘာ၅ရက်-အိမ်မက်ရူပါရုံဖြင်.ယေရှုနှင်.တွေ.ပါသည်။ယေရှုက သင်.ကိုကျန်းမာခြင်းပေးသူသည် Pastorမဟုတ်ပါ..ငါပင်လျင်ဖြစ်သည် မနက်ဖြန် အဝတ်စားကောင်းတစုံပေးခြင်းခံရလိမ်.မည်-ထိုဝတ်စုံကို ဝတ်ပြီး ငါ၏သက်သေကို ခံရမည်ဟုပြောပါသည်။နောက်နေ. ဆုတောင်းပေးသော Pastorလင်မယားက သမီးလေးကျန်းမာပြီဖြစ်သည်.အတွက် ဝမ်းသာသည်.အနေဖြင်. အဝတ်တစုံလာပေးပြီး ထိုအဝတ်ကို ဝတ်သည်.အခါ ငြိမ်သက်ဝမ်းမြောက်ခြင်းနှင်.ပြည်.ကာ အံ့သြဘွယ်ရာ ကိုယ်တော် အမှုပြပါတော.သည်။
 ကောင်းကင် (ဝါ)အနှစ်တထောင်အကြောင်း
သန်.ရှင်းသောဝိညာဉ် ကျမအထဲသို. ဝင်သည်နှင်.တပြိုင်နက် အလွန်ထူးခြားမှုခံစားပါသည်။ ကျောင်းနေဖက်သူငယ်ချင်းများ (အရက်၊ဆေးလိပ်၊ကွမ်းယာ၊ခိုင်နီး သုံးတတ်သူများ လာရောက်ပါက တကိုယ်လုံး တုန်ယီလာပြီး အံချင်လေ.ရှိသည်။ မူးလဲသွားပြီး စကားမပြောနိုင်တော.ပါ။သူတို.ထွက်ပြီး ဆုတောင်းပေးပါက အကောင်းပကတိပြန်ဖြစ်သွားသည်။ စက်တင်ဘာ ၁၀ရက်နေ. နေထွက်ရာဘက် ပြတင်းပေါက်သို.လှည်. သည်.အခါ ကောင်းကင်တမန်များဝတ်ရုံဖြူနှင်. လက်ခုတ်တီးနေသည်ကို မြင်ရပြီး ကျမလည်း ဝမ်းမြောက်ခြင်းနှင်. ပြည်.နေပါသည်။ကျမကိုစမ်းသည်.အခါ သန်.၇ှင်းခြင်းသို. ရောက်ပြီဖြစ်ကြောင်း သူတို.ပြောပါသည်။၁နာ၇ီတိတိ သတိမရသဖြင်. သေပြီထင်ကာ ဝမ်းနည်းပူဆွေးနေကြသည်။ ချစ်သမီးလေး ပြန်လာပြီလားဆိုသည်. ခရစ်တော်အသံကိုကြားရပါသည်။ ကောင်းကင်မှ မြေကြီးကို ကြည်.လိုက်သည်.အခါ အရက်၊ဆေးလိပ်၊ကွမ်းယာ စသဖြင်.ညစ်ညမ်းမှုအလုံးစုံနှင်.ပြည်.နေသည်ကို မြင်ရသည်။
အဖဘုရား လောကမြေကြီးသည် ဒီလောက်တောင် ညစ်ညူးနေပြီလားဟု ကျမကမေးသော်… သခင်ဘုရားက ကောင်းကင်သည်
ထိုကဲ.သို.သောနေရာမဟုတ်ပါ။
အင်မတန်ယာယာသောနေရာဖြစ်သည်။ ကမ္ဘာသူ/သားအားလုံးကို သိပ်ချစ်ပါသည်။သို.သော် သင်.ကို ငါရွေးတယ်လို.ပြောပါသည်။ ချစ်သမီး…လောကကို ပြန်ဆင်းပါတော.လို. ပြောသည်.အခါ
 ကောင်းကင်တမန်၂ပါးက တံခါးဝထိလိုက်ပို.ပြီး မျက်စိဖွင်.လိုက်သည်.အခါ မြေကြီးဖြစ်နေသည်ကို မြင်ရသည်။ ထိုမြင်တွေ.သမျှကို လူတိုင်းအားသက်သေခံရန်မိန်.မူသည်.အတိုင်း တရွာဝင်တရွာထွက် သက်သေခံနေပါသည်။ စက်တင်ဘာ ၁၄-၁၅၇က်နေ.ငရဲကိုပြပါသည်၊ငရဲသည် အလွန်ကြောက်စရာကောင်းပြီး ငရဲမြင်ပြီးသည်.အခါတိုင်း ရင်ဆို.၊ရင်မောလွန်းသဖြင်.ရေအေး၁၀ခွက်သောက်ရပါသည်။ နောက်ဆုံးဘုရားသခင်၏် မိန်.တော်မူသည်.အချက်သည်…ယုံကြည်သူဖြစ်ပြီး၊သန်.ရှင်းသောဝိညာဉ်တော် မခံယူခြင်း၊ ကယ်တင်ခြင်းရကာ ဒုတိယမွေးဖွါးခြင်းခံပြီဟုဆိုသော်လည်း ဆေးလိပ်၊အရက်၊ကွမ်းယာ နှင်. မူးယစ် ညစ်ညူးမှုကို ဘုရားအလွန် ရွံရှာပြီး မုန်းသည်.အရာဖြစ်ကြောင်းကို သက်သေခံရန် ဖြစ်ပါသည်။
ဖတ်ရှုသူတိုင်းအတွက် အသစ်တဖန် ခွန်အားဖြစ်နိုင်မည်အကြောင်း
အကျဉ်းချုံးပြန်လည်ဝေငှတင်ပြလိုက်ပါသည်။

No comments:

Post a Comment