ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

November 22, 2013

JP BIAK TIN SANG Testimony

Saya Biak Tin Sang သည် မြို.နယ်တရားရေးဦးစီးမှူးမှ ၁၉၉၉တွင် အငြိမ်းစားယူပြီး၊ ၂၀၀၀ ခုနှစ်တွင် ကင်ဆာရောဂါဖြင်. ရန်ကုန်ပြည်သူ.ဆေးရုံတွင်၃လတိတိ ဆေးကုသမှုခံယူသော်လည်း 
သူ၏ကင်ဆာအဆင်.သည်အဆင်.၃ရောက် နေပြီဖြစ်သည်.အတွက် တလ၊၂လအတွင်း သေမည်ဖြစ်ကြောင်း ကင်ဆာအထူးဆရာ ဝန်ကြီးမှ ကောက်ချက်ချပြီးဖြစ်သည်။ ၃လအတွင်းမည်သည်.အစာ၊ရေမျှ မျိုချ၍မရနိုင်ပဲ ပါးစပ်မှ ချပေးသောရေ တစက်၂စက်ဖြင်.သာ အသက်ရှင်နေ၇သည်။ သူသက်သေခံချက်အကျဉ်းချုပ်ကို ပြန်လည်ဝေမျှပါမည်… ၃လလုံးလုံး အရည်၊အဖတ်နှင်. မိမိတံတွေးပင် မမျိုချနိုင်တော. သည်.  ဝေဒနာခံစားနေရသည်။ယောဘ-၁၉း၂၀ (ငါ.အသားအရေ သည် အရိုး၌ကပ်လျှက်ရှိ၏၊ သွားဖုံးတခုသာ ပါလျှက်ပြေးလွှားရ၏) ဆိုသည်.ကျမ်းချက်သည် ကျွန်တော်. အတွက်ဖြစ်လာသည်လုံးဝမမေ.နိုင်ဆုံး၊အခံရအခက်ဆုံးကတော. လည်းချောင်း တွင် မျိုချ၍မရ၊ ထွေးပစ်၍လည်းမရသော သလိပ်ကြောင်. အသက်ရှူ အလွန်ကြပ် သည်.အတွက် တာဝန်ကျဆရာမများေ၇ာက်လာမည်. မနက်၉နာရီကို ကမ္ဘာဦး လူသားတွေနေမင်းကြီး၊လမင်းကြီး ကို မျော်သည်ထက် အနာသက်သာလို.သက်သာငြား မျော်ခဲ.သော် လည်း မကြာခင်သေတော.မည.်လူနာမို. လုံးဝဂရုမစိုက်   ခေါ်၍လဲမရ၊ လာလည်းမကြည်.ပဲ ရုံးဆင်းတော.မယ် မနက်ဖြန်ဆရာဝန်ကြီး Roundလှည်.ပါက ပြောပေးမယ်လို. သာပြောသွားပါသည်။ 
ဆရာဝန်ကြီးလာတော.လည်း အထူးလူနာခွဲစရာရှိ၍ ချက်ချင်းမလာနိုင်၊။ လက်အောက်ဆရာဝန်လေးနှင်. နာ.စ်မတွေခြံရံလျှက်ညနေစောင်း Round လှည်.လာသည်.အခါ သူ.လက်အောက် ဆရာဝန်/မတွေကို မင်းတို. ဒီလူနာကမကြာခင် တလ၂လအတွင်း သေတော.မှာ၊သူမသေခင် ချောချောမောမော
အသက်ရှူနိုင် အောင်ကူညီသင်.တယ်၊ စေသနာ လုံးဝမရှိကြဘူးလို.ဆဲဆူသွားတယ်။ ကျွန်တော်နားမလည်ဘူးထင်ပြီး အင်္ဂလိပ်လို ပြောတယ်(He will be died within 1 or 2month). အရင်တုန်းက ကျွန်တော် Crusade လုပ်သည်.အခါ( ဖိ ၁း၂၁ အသက်ရှင်သည် အရာမှာ ခရစ်တော်ဖြစ်၏၊သေလွန်သော်လည်း သာ၍အကျိုးရှိ၏၊) ဟုသူများကို အားပေးတတ်သော်လည်း ကိုယ်တိုင်သေတော. မယ်ဆိုတာသေချာသိလာသည်. အခါ.. ငါတကယ်သေ သွားသည်.နောက် ဘယ်ကိုရောက်ပြီး၊ ဘာတွေဖြစ်ကာ ကောင်းကင်တွင် ဘာဆုများရမည်နည်း.. ဆိုသည်.မေးခွန်းတွေ အထပ်ထပ်မေးကာ စဉ်းစား ခန်းဝင်လာတယ် ။ယေရှုနှင်. ၃ကြိမ်တိုင်တိုင်တွေ.ခဲ.သည်။ လောကတွင် တကယ်ကျန်းမာခြင်း ပေးနိုင်သူမရှိကြောင်း၊သူ.ကို စိတ်နှလုံး အကြွင်းမဲ.ချစ်ပြီး သူပေးဆပ်ခဲ.သော ဒဏ်ရာသည် သင်.ကျန်းမာဖို.အလုပ်ငှါဖြစ်ကြောင်း ဝိညာဉ်တော် ဖေါ်ပြလာသောကြောင်. ဆေးရုံမှခွင်.ပြုချက်မရပဲ (သင်၏ယုံကြည်ခြင်းသည် သင်. ကို ကျန်းမာစေပြီ၊သင်၏ အိပ်ယာကိုလိပ်ပြီးသွားလော.)ဆိုသည်. ကျမ်းချက်ကို စွဲကိုင်ပြီး ကျွန်တော်အထုပ်ပိုးသယ်ကာ (ယေရှူုကို-သိပ်ချစ်တယ်၊ ငါ.ကို ယေရှုက ကျန်းမာခြင်းပေးပြ)ီဟု အကြိမ်ကြိမ် ဝန်ခံရင်း ရန်ကုန်ပြည်သူ.ဆေးရုံကြီးကို နုတ်ဆက်ပြီးထွက်လာကာ ယနေ.ထိ ကျန်းမာပြီး နိုင်ငံတကာသို. သက်သေခံ လျှက်ရှိကြောင်း။ သင်၏နုတ်ဖြင်. ငါ.ကို ယေရှုခရစ်တော်က ကျန်းမာခြင်း ပေးပြီဖြစ်ကြောင်း၊ယေရှုကို ကျေးဇူးတင်ကြောင်း၊ ကိုယ်တော်.ကိုချစ်ကြောင်း နေ.စဉ်ဝန်ခံဖို.လိုကြောင်း၊ရကြိမ် ရ၀လီနုတ်ဖြင်. ဝန်ခံ ရမည်၊ အကြိမ်ကန်. သတ်ချက်မရှိပါ၊ မကျန်းမာမချင်း ဝန်ခံပြီး အာရုံပြုနေပါက မည်သည်.အနာမဆို ကျန်းမာမည်ဖြစ်ကြောင်း တဆင်.ဝေမျှလိုက်ပါသည်။

No comments:

Post a Comment