ကိုယ်တော်၏ဥပဒေသများကို အစဉ် မမေ့မလျော့နိုင်ပါ။ အကြောင်းမူကား ထိုဥပဒေသများအားဖြင့် အကျွန်ုပ်ကို အသက်ရှင်စေတော်မူ၏။ ဆာ ၁၁၉း ၉၃
ရိန်းနီးယားတောင်မှဆင်းလာစဉ်ဂျင်း ဒေးဗစ်ဆန်သည် နှင်းထူထပ်သောတံတားပေါ်မှ မှောင်ပိန်းနေသော ရေခဲမြစ်အက်ကြောင်းဂလိုင် ထဲသို့ ကျသွားသည်။ ဂျင်း သည် သွေးစွန်းနေ သော ဒဏ်ရာဒဏ်ချက်များနှင့် မဲမှောင်နေသော ရေခဲဂလိုင်ထဲတွင် ရပ်လျက် သူ၏ငယ်စဉ်ကလေး ဘဝကို ပြန်မြင်ယောင်သည်။ ဒုက္ခဆင်းရဲကို ကြံ့ကြံ့ခံရင်ဆိုင်ပါက ကြီးမားသော အောင်မြင်မှု ကို ရရှိနိုင်သည်ဟူသော သူ့ဖခင်၏ထပ်တလဲလဲ သတိပေးစကားကို ပြန်လည်သတိရမိသည်။ ထိုစကားများက ဂျင်း ဆက်ပြီး အသက်ရှင်နိုင် အောင် အမအစဖြစ်ခဲ့ပြီး နောက် ၅ နာရီ အကြာတွင် မဲမှောင်နေသော ရေခဲဂလိုင်ထဲမှ အလွန်အမင်းခက်ခဲပြင်းထန်သော အခြေအနေမှ ဘေးလွတ်ရာသို့ တဖြည်းဖြည်း ထွက်လာနိုင်ခဲ့သည်။
ဆာလံဆရာသည်လည်း ကောင်းကင်ဘုံရှင်အဖ၏ စကားတော်များကို ပြန်လည်ဆင်ခြင်ခြင်းအားဖြင့် ဒုက္ခနှင့်နာကျင်မှုအက်ကြောင်းမှ ရုန်းထွက်ခဲ့ပုံရသည်။ “အကျွန်ုပ်သည် ကိုယ်တော်၏တရား၌ မွေ့လျော်ခြင်းမရှိလျှင် အထက်က ဆင်းရဲခံစဉ် ပျက်စီးပါပြီ” ဟု သူဝန်ခံခဲ့သည် (ဆာ ၁၁၉း၉၂)။ ထာဝရဘုရား၏ အစဉ်အမြဲတည်သော စကားတော်ကို (း၈၉) လုံးဝယုံကြည်စိတ်ချကြောင်းနှင့် ကိုယ်တော်၏သစ္စာရှိမှုကို သူ ဖော်ပြခဲ့သည်(း၉၀)။ ဘုရားသခင်သည် သစ္စာတော်နှင့်ပြည့်ဝသဖြင့် သူ့အသက်ကို ကယ်တင်ခြင်း၊ သူ့ကိုခွန်အားပေးခြင်းအမှုတွင် အဓိကဖြစ်သော ဘုရား၏စကားတော်များ ကို မည်သည့်အခါမျှ မမေ့ဟု ဆာလံဆရာ ဆက်ကပ်ခဲ့သည်။
အမှောင်မိုက်ဆုံးဘဝတွင်းနက်ထဲ ဒုက္ခခံစားရချိန်များတွင် ကိုယ်တော်၏ အားပေးစကားများကို စိတ်ထဲ၌ ပြည့်ဝစေခြင်း၊ ပြန်ဆင်ခြင်ခြင်းဖြင့် ကောင်းကင်ဘုံရှင် အဖက ကျွန်ုပ်တို့၏စိတ်ဝိညာဉ်ကို မစနိုးကြားစေလိမ့်မည်။ — Marvin Williams
No comments:
Post a Comment