ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

November 4, 2013

ချိန်းချက်သောအချိန် Appointment- ပေးပြီးပြီလား?

(ကမ္ဘာ ၆-၇) မြေကြီးပေါ်မှာ လူကိုဖန်ဆင်း တော်မူသည်ကို နောင်တရ၍၊ နှလုံးတော် ပူပန်လျက်ရှိတော်မူ၏။ထာဝရဘုရားကလည်း၊ ငါဖန်ဆင်းသော လူကို၎င်း၊ လူမှစ၍သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ မိုဃ်းကောင်းကင် ငှက်များတို့ကို၎င်း မြေကြီးမျက်နှာမှ ငါသုတ်သင်ပယ်ရှင်းမည်။ သူတို့ကို ဖန်ဆင်းသောကြောင့် ငါနောင်တရသည်ဟု မိန့်တော်မူ၏။ (ယောရှု-၃း၅) သင်တို့သည်ကိုယ်ကိုကိုယ်သန့်ရှင်းစေကြလော့။ အထက်ပါကျမ်းပုဒ်ကိုကြည်.မည်ဆိုပါက ဘုရားသခင်သည် အစအဦးကတည်းက သန်.ရှင်းခြင်းကို အလွန်နှစ်သက်တော်မူသော ဘုရားဖြစ်သည်။ သင်နှင်.ကျွန်တော်ကိုဖန်ရှင်းခြင်းဖြင်. ဘုရားဂုဏ်ယူမည်.အစား ဘုန်းတော်သာ၍ ငြိုးငယ်စေလေ ရော.သလား၊ “ငါ.လူ ယောဘကို တွေ.သလော” ဟုပြောနိုင်ပါရဲ.လား။ (ဘုရားသခင်က ငါသန်.ရှင်းသည်.နည်းတူ သင်တို.လည်း သန်.၇ှင်းခြင်း၇ှိကြလော.) ဟုပြောရာတွင် “လော.! ဆိုသည်.စကားသည် တောင်းဆိုချက်၊ အကြံပေးချက်မဟုတ်ပါ။ လုပ်ကိုလုပ်ရမည်. အမိန်.ဖြစ်တယ်။ ရွေးခိုင်းတာလည်းမဟုတ်ပါ။ သန်.ရှင်းခြင်းဟုပြောသည်.အခါ မူးယစ်သောက်စားခြင်း၊ မေထုံမှီဝဲခြင်း၊ သူ.ဥစ္စာခိုးခြင်းတခုတည်းသာမဟုတ်ရပါ။ အတွင်းသဘောသြသပ္ပစိတ် မကြည်လင်ဘဲချုပ်နှောင်ခြင်း၊ သူတပါးအား အကောင်းမမြင်၊ခွင်.မလွှတ်နိုင်ခြင်း နှင်. မာနထောင်လွှားခြင်းအားလုံးသည် ဘုရားစက်ဆုတ်၇ွံရှာသော အတွင်းသဘော မသန်.ရှင်းခြင်း အပြစ်ပေတည်း။ ဘုရားတဲတော်ဖြစ်သည်. ကျွန်တော်တို.၏ အတွင်းစိတ်နှလုံးကို သန်.၇ှင်းသောဝိညာဉ် တော်နေရာယူ ရှင်သန်နိုင်၇န်အတွက် မရှိမဖြစ်၊ပထမပြင်ဆင်မှုက နုတ်ကပတ်တော်ရေဖြင်. သန်.ရှင်းရေးလုပ်ဖို. လိုပါမည်။ မည်သည်.ဧည်.သည် လာသည်ဖြစ်စေ ကြိုတင်appoint; လုပ်ပြီး ရေချိုးခန်း၊အိမ်သာမှအစ၊အိပ်ခန်း အားလုံးသန်.၇ှင်းရေးလုပ်သကဲ.သို. ပိုပြီးအရေးကြီးသော ပုဂိုလ်ဆိုပါက အခန်းအားလုံး ပန်းအလှဆင်ပြီး၊မွှေးနေအောင် Freshး ဖျန်းရသေး တယ်မဟုတ်လား။ လာလည်မည်. ဧည်.သည်ကိုကြည်.ပြီး ၂-၃ရက်ကြိုတင် သန်.၇ှင်းရေးလုပ်ရပါတယ်။ ယခု-သင်.အိမ်ကိုလာမည်.ပုဂိုလ်ကား သင်နှုူင်.မည်သို. တော်စပ်သနည်းး? ဆိုသည်.အချက်ပေါ် မူတည်ပါတယ်။ သာမန်ဧည်.သည်လား၊ ကောင်းကင်နှင်. မြေကြီးကိုဖန်၇ှင်းပြီး ကျွန်တော်/ကျွန်မရဲ.ဘဝ နောက်ချေးပုံမှရွေးနုတ်ကာ ကိုယ်.လက်နှင်.မစိုက်၊ ကိုယ်မကြဲသည်. အသီးနှံကိုရိတ်သိမ်းခွင်.ပေးသောဘုရား၊ မိမိလိုအပ်သောအရာသာမက လိုချင်သောအရာဟူသမျှ ဝလင်ပိုလျှံစွာ စားသောက် ရသောအခွင်.ကို ပေးတော်မူသော ဘုရားသကာတို.၏ဘုရားသခင်က သင်.အိမ်ကိုလာရောက်ပြီး သင်နှင်.အတူ ထာဝရကျိန်းဝပ်ဖို. သင်.ကို Appointး ယူနေပါသည်။ သို.သော် ကျွန်တော်တို.သည် ခရစ်တော်ထက် ထိုအရာများကိုပို၍ဦးစားပေးနေလို.သာ သူနဲ.လွဲပြီးရင်း လွဲနေတာဖြစ်ပါလိမ်.မယ်။ မိတ်ဆွေ….တခုတော သတိထားစေချင်တယ်..သူ၏အသွေးဖြင်.ရွေးဝယ်ထားသောကြောင်. သင်ကိုယ်တိုင် အချိန်မှီ သန်.ရှင်းရေးလုပ်ရင်လုပ်၊မလုပ်ချင်ဘဲ ပေကပ်ကပ်နေဖန်များ၇င် ယေရှူဆလင် ဗိမာန်တော်ကြီးကို မှောက်လှန်ပြီး ခရစ်တော်ကိုယ်တိုင် သန်.ရှင်းရေးလုပ်သကဲ.သို. သူ၏ဗိမာန်တည်းဟူသော (your body is a temple) သင်.ခန္ခာကိုယ်အား ကိုယ်တော်ကိုယ်တိုင် နာကျင်စွာမှောက်လှန်ပြီး သန်.ရှင်း ရေးလုပ်ခြင်းခံရ လိမ်.မယ်။ အချိန်မှီ သန်.ရှင်းခြင်းပါရမီကို ယူတင်ဝတ် ဆင်ကြပါစို. လို.မေတ္တာဖြင်.ဝေမျှလိုက်ပါသည်။

No comments:

Post a Comment