ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

October 23, 2013

အဘယ်မည်သောသူအား ချီဆောင်မည်နည်း?

အခြေပြုကျမ်း(မာသဲ ၂၂း၁-၁၃၊ ၁သက်၎း၁၅-၁၇)

ခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင် အရှင်သခင်အဖြစ်လက်ခံ ယုံကြည် သောသူ အယောက်တိုင်းသည်  ကယ်တင်ခြင်းရသောသူ/ ထာဝရအသက်ရသောသူ/ 
အပါယ်ငရဲမလားမည်.သူများဖြစ်ကြပါသည်။
သို.သော် အသင်းတော်သိမ်းဆည်းခြင်း/ချီဆောင်ခြင်း(Rapture)တွင်မူကား ကယ်တင်ခြင်းရသောသူအားလုံးကို သိမ်းကျူံးခေါ်ဆောင်သွားမည်မဟုတ်ပါ။ မြောက်များ စွာသောဘာသာရေးခရစ်ယာန်များ ကျန်ရစ်မှာဖြစ်တယ်။ ထိုသို.ဆိုသော်...... အဘယ်မည်သောသူများကို ချီဆောင်မည်နည်း???
ထိုမေးခွန်းကိုနားလည်ဖို.ရာ (Visible-things are the example of invisible-things မျက်မြင်သောအရာသည် မျက်မြင်မရသောအရာ၏ ဥပမာဖြစ်၏) ပိုးချည်မျှင်ထုတ်ပေးသော ပိုးလောက်လန်းဖြစ်စဉ် လေးနဲ. ဥပမာပေးဝေငှ ချင်ပါတယ်။ 



"ပိုးချည်မျှင်”ကိုထုတ်ပေးသောပိုးတစ်မျိုးကို ကျွန်တော်.တို.ရနှစ်တိတိမွေးဘူးသည်.အတွက် သူတို.၏ ဘဝဖြစ်စဉ်သည် ခရစ်ယန်အသက်တာနှင်. အလွန်တူပါသည်။ ဥပေါင်းများစွာကိုဥပြီးနောက် ဆယ်ရက်ခန်.အကြာတွင် အကောင်ပေါက်လာသည်၊ (များစွာသောယုံကြည်သူလည်း မွေးကတည်းကခရစ်ယန်ဖြစ်သော်လည်း လောကီတရားနုလက်မှ မလွတ်မြောက်နိုင်ဘဲ ကြေခဲသောအစာကို လက်မခံနိုင်၊မစားနိုင်သလို)ထိုပေါက်စ ပိုးကောင်လေးကို ပိုးစာပင်ထိပ်ဖျားမှရေတွက်ပါက နံပါတ်၂-၃အရွက်နုနုလေးကို တပတ်ကျွေးရပါသည်၊ ဒု-ပတ်တွင် အရွက် ၄-၅ ကိုကျွေးပြီး တ-ပတ်ကြာသည်.အခါ အရွက်ကြမ်းကျွေး ရပါသည်။



ထို ဥပေါက်ချိန်မှ ရက်ပေါင်း ၄၀ခန်.ကြာသောအခါ ပိုးကောင်များသည် အရွယ်ရောက်လာပြီး ပိုးစာရွက်ကို မစားတော.ဘဲ အနားယူပါတော.သည်၊ တကောင်လုံး အဝါရောင်သန်းနေပါသည်၊၄င်းပိုးကောင်ကို သီးသန်.ဖယ်ပြီး ၁၀ရက်ခန်. နေမပူ၊လေမတိုက်သောအရပ်တွင် လုံခြုံစွာထားရပါသည်၊ ၁၀ရက်အတွင်း ခန္ဒာအတွင်းမှထွက်လာသော ချည်မျှင်ဖြင်. အိမ်လေးဆောက်ကာ အတွင်း၌အောင်းပါတော.တယ်။ တပတ်ခန်.ကြာသည်.အခါ ပိုးဖလံအဖြစ်(New Creation) သို.ပြောင်းလဲကာ တောင်ပံဖြင်. ပျံသန်းပါတော.တယ်။



 မောရှေကို မိရန်တောမှာ နှစ်၄၀ အသက်တာပြင်ဆင်ပြီးမှ ဘုရားသခင်အသုံးခံမည်. အဆင်.သို. ရောက်ခဲ.တယ်။
(မာသဲ ၂၂း၁-၁၃ ..ကောင်းကင်နိုင်ငံတော်သည် ထိမ်းမြားမင်္ဂလာပွဲနှင်.တူ၏၊
 ခေါ်တော်မူသောသူများသော်လည်း ရွေးသောသူနည်းမည်၊မင်္ဂလာဆောင်ပွဲသို. ဝတ်စုံမပါဘဲရောက်လာသူကို ပွဲမှထုတ်ပြီး လက်ခြေတုတ်ကာ ငိုကြွေးခြင်းအံသွားခဲကြိတ်ရာ အမှောင်ထဲသို.ပို.သကဲ.သို.)ပိုးလောက်ကောင်များကိုလည်း ပိုင်ရှင်မှ အစာအတူတူ ရက်ပေါင်း ၄၀ ကျွေးမွေးပြုစုသော်လည်း အဆင်.မမှီ အဝါရောင်ခန္ဒာကိုယ်ဖြစ်မလာဘဲ နဂိုစိမ်းမြဲစိမ်းပြီး အစာနုနုစားမြဲစားနေသည်.ပိုးကောင်များကိုမူကား အချိန်အကုန် မခံတော.ဘဲ သုတ်သင်ဖယ်ရှားမီးရှို.ပစ်ရပါသည်။ 

ဘုရားသခင်က ယနေ.ထိ ကျေးဇူးဂရုဏာ ကြာမြင်.စွာ ထားနေခြင်းသည်(ယေ ၃၁း၉) ထာဝရမေတ္တာဖြင်.ချစ်သောကြောင်. ယုံကြည်သူတယောက်မကျန် အသက်တာ ကိုပြင်ဆင်ပြီး စံချိန်မှီပိုးဖလံဘဝ/သူတိုးသမီးဝတ်စုံပါသော သူများ၊ယေရှုဆလင်မြို.သစ်ကိုစံထိုက်သော သိုးသူငယ်စာစောင်စာရင်းဝင်စေ ချင်လို. ပြင်ဆင်ဖို.အချိန်ပေးနေတာ ဖြစ်တယ်။
ထိုအချိန်ကို သန်.ရှင်းသောဝိညာဉ်တော်ကာလ/အသင်းတော်ခေတ် /ကျေးဇူးတော်ကာလ လို.ခေါ်ပါတယ်၊၊
ထိုကျေးဇူးတော်နေ.ရက်ကုန်ဆုံးပါက အသင်းတော်သိမ်းဆည်းခြင်း/ချီဆောင်ခြင်း မကြာခင်လာတော.မှာဖြစ်တယ်။အသက်တာကို နာနာစစ်ဖို. တိုက်တွန်းလိုပါတယ်။ လူအပေါင်းသည်လမ်းကျယ်တွင်မွေးလာကြသောကြောင်.အလွယ်လမ်းကို လိုက်ချင်သူက ကားတိုင်လမ်းကိုလိုက်ချင်သူထက် သာ၍ များပြားလှပါသည်။သို.ပါ၍ ငါကယ်တင်ခြင်း ရရင်/အပယ်ငရဲမလားရရင် တော်ပါပြီဆိုတဲ.မီးရှို.ဖျက်စီးခံပိုးလောက်လန်း/အံသွားခဲကြိတ်ရာသို.ပို.မည်. ခပ်ညံ.ညံ.ခရစ်ယန်မဟုတ်ဘဲ နုတ်ကပတ်တော်နှင်.နေ.စဉ်သွားလာကျင်လည်ပြီး အသင်. ပြင်ဆင်သောအသက်တာ/ အသစ်ဖန်ဆင်းသောသတ္တဝါ(New creation) အဖြစ် အသစ်သောအသက်တာဖြင်.လျှောက်လှမ်းနိုင်သူများဖြစ်ကြပါစေလို. မေတ္တာနဲ. ဝေမျှလိုက်ရပါသည်။
ဖတ်ရှုသူတိုင်းအား.........သခင်ဘုရား အထူးကောင်းကြီးပေးပါစေသော်.....အာမင်းး

No comments:

Post a Comment