ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

October 29, 2013

ကျွန်တော်တို.၏ အနာဂတ်လမ်းခရီး အဆုံးသည် လုံခြုံပြီးသေချာသည်။ 
ထာဝရသန်.ရှင်း မွန်မြတ်သောအရပ် သို. ဖိတ်ခေါ်ခြင်းခံရသော သူတွေ ဖြစ်တယ်၊ ဘုရားသခင် အတူပါရှိပြီး သူ.လက်ရုံးတော်အား ဖြင်. အိုခြင်း၊နာခြင်း၊အချင်းချင်း မနာလိုခြင်း ချုပ်ငြိမ်းရာအရပ် ဖြစ်တယ်။
၁ပေ၅း၁၀ကိုကြည်.ပါက ဆင်းရဲမခံရဘူးလို. မပြောပါ။
ခရစ်တော်ယေရှုအားဖြင့် ငါတို့ကို ထာဝရ ဘုန်းအသရေတော် သို့ ခေါ်တော်မူသော၊ ခပ်သိမ်းသော ကျေးဇူးကိုပြုတော်မူသော ဘုရားသခင်သည် ခဏဆင်းရဲခံပြီးသော သင်တို့ကို စုံလင်တည်ကြည် ခိုင်ခံ့မြဲမြံစေတော် မူလိမ့်မည်။
သို.သော်....ထိုဆင်းရဲခြင်းသည် ခေတ္တဖြစ်ပြီးသေချာသော အနာဂတ်က စောင်.နေပါတယ်။



October 28, 2013

အနာဂတ်အတွက် ပူပန်နေသလားးး

ထာဝရဘုရားက အံ့သြဖွယ်ရာ အနာဂတ်မျော်လင်. ချက်အား သူ.ကိုယုံကြည် ကိုးစားသူတိုင်းအတွက် လွန်ခဲ.သော နှစ်၂၀၀၀က တည်း က ပေးဆပ်ခဲ.ပြီးဖြစ်ပါတယ်၊
 ဟေဗြဲ၂း၁၄-၁၅ ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံတော်မူသော အားဖြင့်၊ သေခြင်းတရားကိုအစိုးရသောသူတည်းဟူသော မာရ်နတ်၏ တန်ခိုးကိုချိုးဖဲ့ဖျက်ဆီးခြင်းငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံးကျွန်ခံရသော သူတို့ကိုကယ်လွှတ်ခြင်းငှါ၎င်း၊ ထိုသူငယ်တို့၏ နည်းတူ အသွေးအသားကို ဆောင်ယူတော်မူ၏။
  ၂ကော၁၅း၅၅ အိုသေမင်း၊ သင်၏လက်နက်သည်၊ အဘယ်မှာရှိသနည်း။ အိုမရဏနိုင်ငံ၊ သင်၏အောင်ခြင်းသည် အဘယ်မှာရှိသနည်း
ထိုကြောင်.ခရစ်တော်သည် တကြိမ်းတည်းဖြင်. အယောက် တိုင်းအတွက် အဖိုးအခ ပေးပြီးပြီဖြစ်ကြောင်း၊ ထိုဂတိတော်ကို စိတ်ချစွာ ယုံကြည်လက်ခံပြီး ကျေးဇူးတော်အစဉ်အမြဲ ချီးမွမ်းနိုင်ပါစေ။


October 26, 2013

နေ.စဉ်ခွန်အား

နှလုံးသည် အသက်၏အခြေအမြစ် ဖြစ်သောကြောင့် သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့။  သု ၄း၂၃
ကျမ်းမာရေးနှင့် ညီညွတ်ပြီး အာဟာရ ဖြစ်စေသော အစားအသောက်များ ဝယ်ရာတွင် ကျွန်တော့်ဇနီး မာတီသည် ဈေးဝယ်စေ့စပ်သူ ဖြစ်သည်။ ထုတ်ပိုးမှု မည်မျှပင်ကောင်းပြီး ဆွဲဆောင်မှုရှိနေပါစေ၊ ပါဝင်သည့်ပစ္စည်း အမယ် ကို စစ်ဆေးကြည့်သည်။ အစားအသောက် တာရှည်ခံရန် ထည့်သော ဓာတုဆေးဝါးများက အာဟာရ မဖြစ်၊ ထိုသို့သော စားသောက်ကုန်များ ဆိုလျှင် အသာချပြီး ကျမ်းမာရေးနှင့်ညီညွတ် သော သဘာဝထွက်ကုန်များကို ထပ်ရှာသည်။
သူဈေးဝယ်ပုံက ဘုရား ကျွန်တော်တို့ အသက်တာကို ရှာဖွေပုံနှင့်တူကြောင်း ကျွန်တော် မကြာခဏ စဉ်းစားမိသည်။ အပြင်ပန်း မည်မျှပင် ဆွဲဆောင်မှုရှိပါစေ၊ အတွင်းရှိအရာက အဓိကဖြစ်သည်။ သုတ္တံဆရာက “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် (သု ၄း၂၃)၊ စိတ်နှလုံးထဲ မည်သည့်အရာ ဝင်ရောက်နေရာယူသည်ကို ဂရုစိုက်ရန် သတိပေးထားသည်။ နှလုံးသား၌ လောဘစိတ်၊ မုန်တီးခြင်း၊ မိမိကိုယ်ကိုသနားခြင်း၊ အမျက်ထွက်ခြင်းနှင့် အခြားဆိုးညစ်မှုများရှိနေပါက ဖက်ရှင်ကျကျဝတ်စားခြင်း၊ မိမိကိုယ်ကိုနုပျိုပုံပေါက်အောင် ပြုပြင်ခြင်းက ဘာမှအသုံး မဝင်ပြီ။
ထို့ကြောင့် မိမိကိုယ်ကိုမေးပါ။ မိမိအသက်တာ၏အပြင်ပန်းကို ကြည့်ပြီး ခရစ်တော်ကို အလေးထားသည့် ကောင်းမွန်သော နှလုံးသားကို လူတို့ခံစားရပါသလား။ ကျေးဇူးတော်၊ ကြင်နာခြင်း၊ စိတ်ရှည်ခြင်းနှင့် သနားခြင်းကရုဏာတို့ကို နှလုံးသား၌ ထည့်သွင်းခြင်းဖြင့် နှစ်သက်ဖွယ်ခရစ်တော်၏ သဘောသဘာဝကို ကျွနုပ်တို့ထင်ဟပ် ပြနိုင်လိမ့်မည်။ — Joe Stowell
*ချစ်သောညီအစ်ကိုတို.....
*မနေ.က နတ်ဆိုးနဲ. ယနေ.နတ်ဆိုး
*(Yesterday Satan & Today Satan)မတူတော.ဘူး။
*နောက်ဆုံးသောကာလဖြစ်သည်.အတွက် နတ်ဆိုးလည်း 
*နည်းလမ်းပေါင်းစုံဖြင်. အလုပ်လုပ်နေတယ်။
*တနေ.ကို အနည်းဆုံး ၃နာရီ ဘုရားသခင်နဲ.အတူ
*မိတ်သဟာယမပြုပါက ဘုရားသခင်ထံပါးမှ
*မည်သည်. ဘိသိတ်မှ သင်...မျော်လင်.၍မရပါ။
*ယေရှုက သင်၏ နေ.စဉ် ဒိုင်ယာရီ ထဲမှာ ပါဝင်ချင်တယ်။
*Sundayတ၇က်တည်းနဲ. မလုံလောက်တော.ပါ။
*ဆုတောင်းဖို.အတွက်  စာတတ်ပြီး၊မျက်စိကောင်းဖို.၊
*ကျမ်းစာတတ်ဖို. ဆိုသည်.မည်သည်.အရည်ချင်းမှမလိုပါ။
*ဆုတောင်းခြင်းဖြင်.သာလျှင် ထိုနတ်ဆိုးကို *အနိုင်ယူလို.ရတာဖြစ်တယ်။


သင်.ကို ထာဝရဘုရား အစဉ်စောင်.ထိန်းနေပါတယ်

1 Peter 3:12

For the eyes of the Lord are on the righteous, and his ears open to their prayer; but the face of the Lord is against those who do evil.      
God never slumbers and He never sleeps. His eyes are always watching the righteous and His ears are always listening for their prayers.There is never a moment when God takes His eye off of you.He is always attentive to you and knows what you need before you even ask for it. 

ကျွန်တော်တို.ကိုးကွယ်သောဘုရားသည် အိပ်မျဉ်းငိုက်ပျော်ခြင်းမရှိဘဲ ကျွန်တော်တို.ကိုအစဉ် ကြည်.ရှုစောင်.ရှောက်ကာ တဦးချင်းစီကို စိတ်ဝင်စားတော်မူသော ဘုရားဖြစ်သည်၊ (မာသဲ 6:8)သင်တို့အလိုရှိ သမျှတို့ကို သင်တို့မတောင်းမှီ သင်တို့အဘသိတော်မူ၏။  သို.သော်တခါတလေတွေးတတ်ကြပါတယ်"တကြိမ်တည်းမှာ သန်းပေါင်းများစွာသောလူတွေရဲ. ဆုတောင်းချက်ကို သိမှတ်နိုင်ပါ. မလား"လို.။ ဘယ်ပုံဘယ်နည်းလုပ်တယ်ဆိုတာကျွန်တော် နားမလည် နိုင်ပေမဲ. သေချာတာကတော."သူ-လုပ်နိုင်တယ်၊လုပ်လည်းလုပ်နေ တယ်"။

ဆာလံ၁၃၉း၁၇-အိုဘုရားသခင်၊ အကျွန်ုပ်၌ ကိုယ်တော်၏ အကြံအစည်တို့သည် အလွန်ထူးဆန်းကြပါ၏။ အလွန်များပြားကြပါ၏။၁၈ ထိုအကြံအစည်တော်တို့ကို ရေတွက်လျှင်၊ သဲလုံးနှင့်အမျှမကသာ၍များပြားကြပါ၏။ အကျွန်ုပ်သည် နိုးသောအခါ ကိုယ်တော်ထံ၌ အစဉ်ရှိပါ၏"လို.ဒါဝိတ်မင်းကြီးက ဘုရားသခင်၏ တတ်နိုင်ခြင်း၊ဘုရား၏အသံကို မျက်မှောက်ပြုကာ ငြိမ်ဝပ်စွာ နှလုံးသွင်းစောင်.မျော်သလိုဘဲ ဘုရားသခင်၏ ဂတိတော်အပေါ်မှာ စိတ်ချယုံကြည်စွာ လိုက်လျှောက် နိုင်သူများ ဖြစ်ကြပါစေ။

October 24, 2013

ချစ်ခြင်းမေတ္တာဖြင်.ဖုံးပါ

ကျမ်းစာကပြောနေပါတယ်..... အချင်းချင်းအားကြီးသောချစ်ခြင်းဖြင်.   ချစ်ကြဖို.တိုက်တွန်းပါတယ်၊ အာဒံနဲ.ဧဝသည် သူတို.၏ အဝတ်အချည်းစည်း(naked) ဖြစ် သည်.အရှက်ကို သဘောင်္သဖန်း၇ွက်ဖြင်. ဖုံးအုပ်သလိုဘဲ ယနေ. မြောက်မြားစွာသော ယုံကြည်သူများသည် မိမိ၏ ဝိညာဉ်အချည်း စည်းဖြစ်ခြင်း(spiritual nakedness)ကို မိမိ၏ အလုပ်ကြိုးစားခြင်း၊ အလှူပေးကမ်းခြင်း၊ မိမိ၏ နေရာရခြင်းဖြင်. ဖုံးအုပ်တတ်ပါသည်။ သို.သော် ဘုရားရှေ.တွင် အထင်းသားပေါ်နေပါသည်၊ထိုအရာကို ဖုံးအုပ်နိုင်သောအရာမူကား ချစ်ခြင်း မေတ္တာသာလျှင် ကျွန်တော်တို.၏ ဝိညာဉ်အရှက်သာမက ကိုယ်ကာယအရှက် အားလုံးကိုကွင်းလုံးကျွတ် ဖုံးအုပ်ပေး နိုင်တာဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် အဘယ်မျှလောက် နှိမ်.ချနိုင်သည်ကို ကြည်.မည်ဆိုပါက..
"၁ကော ၁၃း၎-၈ မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်း မရှိ၊ မာန်မာနမရှိ။မလျောက်ပတ်စွာမကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်ဒေါသအမျက် မထွက်တတ်၊အပြစ်ရှိသည်ဟု မထင်တတ်၊မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ်၊ သမ္မာတရား ၌ဝမ်းမြောက်တတ်၏။ခပ်သိမ်း သောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာကို မြော်လင့်တတ်၏။ ခပ်သိမ်းသောအရာကိုသည်းခံတတ်၏မေတ္တာသည် ဖေါက်ပြန်ခြင်း သဘောနှင့် အစဉ်ကင်းလွတ်၏။  ပရောဖက်ဥာဏ်သော်၎င်း၊အမျိုးမျိုးသောဘာသာစကားကို 
 ပြောနိုင်သောအခွင့်သော်၎င်း၊သိပ္ပံအတတ်သော်၎င်း ၊ ကွယ်ပျောက် လိမ့်မည်" အယောက်တိုင်းသည်ချစ်ခြင်းမေတ္တာမှတပါး မည်သည်. အကြွေးမျှမတင်သောသူများ ဖြစ်နိုင်ကြပါစေ။

October 23, 2013

အဘယ်မည်သောသူအား ချီဆောင်မည်နည်း?

အခြေပြုကျမ်း(မာသဲ ၂၂း၁-၁၃၊ ၁သက်၎း၁၅-၁၇)

ခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင် အရှင်သခင်အဖြစ်လက်ခံ ယုံကြည် သောသူ အယောက်တိုင်းသည်  ကယ်တင်ခြင်းရသောသူ/ ထာဝရအသက်ရသောသူ/ 
အပါယ်ငရဲမလားမည်.သူများဖြစ်ကြပါသည်။
သို.သော် အသင်းတော်သိမ်းဆည်းခြင်း/ချီဆောင်ခြင်း(Rapture)တွင်မူကား ကယ်တင်ခြင်းရသောသူအားလုံးကို သိမ်းကျူံးခေါ်ဆောင်သွားမည်မဟုတ်ပါ။ မြောက်များ စွာသောဘာသာရေးခရစ်ယာန်များ ကျန်ရစ်မှာဖြစ်တယ်။ ထိုသို.ဆိုသော်...... အဘယ်မည်သောသူများကို ချီဆောင်မည်နည်း???
ထိုမေးခွန်းကိုနားလည်ဖို.ရာ (Visible-things are the example of invisible-things မျက်မြင်သောအရာသည် မျက်မြင်မရသောအရာ၏ ဥပမာဖြစ်၏) ပိုးချည်မျှင်ထုတ်ပေးသော ပိုးလောက်လန်းဖြစ်စဉ် လေးနဲ. ဥပမာပေးဝေငှ ချင်ပါတယ်။ 



"ပိုးချည်မျှင်”ကိုထုတ်ပေးသောပိုးတစ်မျိုးကို ကျွန်တော်.တို.ရနှစ်တိတိမွေးဘူးသည်.အတွက် သူတို.၏ ဘဝဖြစ်စဉ်သည် ခရစ်ယန်အသက်တာနှင်. အလွန်တူပါသည်။ ဥပေါင်းများစွာကိုဥပြီးနောက် ဆယ်ရက်ခန်.အကြာတွင် အကောင်ပေါက်လာသည်၊ (များစွာသောယုံကြည်သူလည်း မွေးကတည်းကခရစ်ယန်ဖြစ်သော်လည်း လောကီတရားနုလက်မှ မလွတ်မြောက်နိုင်ဘဲ ကြေခဲသောအစာကို လက်မခံနိုင်၊မစားနိုင်သလို)ထိုပေါက်စ ပိုးကောင်လေးကို ပိုးစာပင်ထိပ်ဖျားမှရေတွက်ပါက နံပါတ်၂-၃အရွက်နုနုလေးကို တပတ်ကျွေးရပါသည်၊ ဒု-ပတ်တွင် အရွက် ၄-၅ ကိုကျွေးပြီး တ-ပတ်ကြာသည်.အခါ အရွက်ကြမ်းကျွေး ရပါသည်။



ထို ဥပေါက်ချိန်မှ ရက်ပေါင်း ၄၀ခန်.ကြာသောအခါ ပိုးကောင်များသည် အရွယ်ရောက်လာပြီး ပိုးစာရွက်ကို မစားတော.ဘဲ အနားယူပါတော.သည်၊ တကောင်လုံး အဝါရောင်သန်းနေပါသည်၊၄င်းပိုးကောင်ကို သီးသန်.ဖယ်ပြီး ၁၀ရက်ခန်. နေမပူ၊လေမတိုက်သောအရပ်တွင် လုံခြုံစွာထားရပါသည်၊ ၁၀ရက်အတွင်း ခန္ဒာအတွင်းမှထွက်လာသော ချည်မျှင်ဖြင်. အိမ်လေးဆောက်ကာ အတွင်း၌အောင်းပါတော.တယ်။ တပတ်ခန်.ကြာသည်.အခါ ပိုးဖလံအဖြစ်(New Creation) သို.ပြောင်းလဲကာ တောင်ပံဖြင်. ပျံသန်းပါတော.တယ်။



 မောရှေကို မိရန်တောမှာ နှစ်၄၀ အသက်တာပြင်ဆင်ပြီးမှ ဘုရားသခင်အသုံးခံမည်. အဆင်.သို. ရောက်ခဲ.တယ်။
(မာသဲ ၂၂း၁-၁၃ ..ကောင်းကင်နိုင်ငံတော်သည် ထိမ်းမြားမင်္ဂလာပွဲနှင်.တူ၏၊
 ခေါ်တော်မူသောသူများသော်လည်း ရွေးသောသူနည်းမည်၊မင်္ဂလာဆောင်ပွဲသို. ဝတ်စုံမပါဘဲရောက်လာသူကို ပွဲမှထုတ်ပြီး လက်ခြေတုတ်ကာ ငိုကြွေးခြင်းအံသွားခဲကြိတ်ရာ အမှောင်ထဲသို.ပို.သကဲ.သို.)ပိုးလောက်ကောင်များကိုလည်း ပိုင်ရှင်မှ အစာအတူတူ ရက်ပေါင်း ၄၀ ကျွေးမွေးပြုစုသော်လည်း အဆင်.မမှီ အဝါရောင်ခန္ဒာကိုယ်ဖြစ်မလာဘဲ နဂိုစိမ်းမြဲစိမ်းပြီး အစာနုနုစားမြဲစားနေသည်.ပိုးကောင်များကိုမူကား အချိန်အကုန် မခံတော.ဘဲ သုတ်သင်ဖယ်ရှားမီးရှို.ပစ်ရပါသည်။ 

ဘုရားသခင်က ယနေ.ထိ ကျေးဇူးဂရုဏာ ကြာမြင်.စွာ ထားနေခြင်းသည်(ယေ ၃၁း၉) ထာဝရမေတ္တာဖြင်.ချစ်သောကြောင်. ယုံကြည်သူတယောက်မကျန် အသက်တာ ကိုပြင်ဆင်ပြီး စံချိန်မှီပိုးဖလံဘဝ/သူတိုးသမီးဝတ်စုံပါသော သူများ၊ယေရှုဆလင်မြို.သစ်ကိုစံထိုက်သော သိုးသူငယ်စာစောင်စာရင်းဝင်စေ ချင်လို. ပြင်ဆင်ဖို.အချိန်ပေးနေတာ ဖြစ်တယ်။
ထိုအချိန်ကို သန်.ရှင်းသောဝိညာဉ်တော်ကာလ/အသင်းတော်ခေတ် /ကျေးဇူးတော်ကာလ လို.ခေါ်ပါတယ်၊၊
ထိုကျေးဇူးတော်နေ.ရက်ကုန်ဆုံးပါက အသင်းတော်သိမ်းဆည်းခြင်း/ချီဆောင်ခြင်း မကြာခင်လာတော.မှာဖြစ်တယ်။အသက်တာကို နာနာစစ်ဖို. တိုက်တွန်းလိုပါတယ်။ လူအပေါင်းသည်လမ်းကျယ်တွင်မွေးလာကြသောကြောင်.အလွယ်လမ်းကို လိုက်ချင်သူက ကားတိုင်လမ်းကိုလိုက်ချင်သူထက် သာ၍ များပြားလှပါသည်။သို.ပါ၍ ငါကယ်တင်ခြင်း ရရင်/အပယ်ငရဲမလားရရင် တော်ပါပြီဆိုတဲ.မီးရှို.ဖျက်စီးခံပိုးလောက်လန်း/အံသွားခဲကြိတ်ရာသို.ပို.မည်. ခပ်ညံ.ညံ.ခရစ်ယန်မဟုတ်ဘဲ နုတ်ကပတ်တော်နှင်.နေ.စဉ်သွားလာကျင်လည်ပြီး အသင်. ပြင်ဆင်သောအသက်တာ/ အသစ်ဖန်ဆင်းသောသတ္တဝါ(New creation) အဖြစ် အသစ်သောအသက်တာဖြင်.လျှောက်လှမ်းနိုင်သူများဖြစ်ကြပါစေလို. မေတ္တာနဲ. ဝေမျှလိုက်ရပါသည်။
ဖတ်ရှုသူတိုင်းအား.........သခင်ဘုရား အထူးကောင်းကြီးပေးပါစေသော်.....အာမင်းး