April 25, 2015
April 12, 2015
March 23, 2015
သမ္မာသစ်တွင်ဖေါ်ပြသော၊ဘုရားသခင်၏နာမများ၊(၂)၊
New Testament Names For God The Father
***********************************
~Father:(Matthew 6:9)( အဖ)
~God The Father:(2 Tim-1:2)(ခမည်းတော်)
~The Father Of Lights:(Jam-1:17) (အလင်းရှင်)
~The Father Of Spirits:(Heb-12:9)(စိတ်ဝိညာဉ်တို့၏အဘ)။
~God Of Peace (Heb-13:20)(ငြိမ်သက်ခြင်း၏အရှင်)။
~The Living God (2 Cor-3:3,6:16) (အသက်ရှင်တော်မူသောဘုရားသခင်)။
~Lord God (Acts 3:22)ထာဝရဘုရား။
~Lord Almighty [Shaddai]:(2 Cor;6:18)။ (အနန္တတန်ခိုးနှင့်ပြည့်စုံသောထာဝရဘုရား)။
~Power (Mark-14:62)တန်ခိုးတော်။
~The Most High God (Heb;7:1) အမြင့်ဆုံးသောဘုရား။
~Lord Of Armies:(Jam;5:4) ကောင်းကင်ဗိုလ်ခြေ
အရှင်ထာဝရဘုရား
~The Majesty(Heb;1:3)တန်ခိုး အားနုဘော်တော်
နှင်.ပြည်စုံသောဘုရား၊
~The Lawgiver And Judge:(Jam-4:12) ပညတ်တရားကို ထားပိုင်သောသူ၊စစ်ကြောစီရင်ပိုင်သောသူ။ ~Sovereign(1Tim;6:15)မင်္ဂလာရှိသောတပါးတည်းသော
အရှင် ဖြစ်တော် မူထသော၊ဘုရင်တကာတို့ထက်ဘုရင်၊
သခင်တကာတို့၏သခင်။
~Abba:[Daddy] (Romans 8:15) အဗ္ဗအဘ။

~Father of Mercies: (2Cor-1:3) သနားခြင်းကရုဏာ၏အဘ။
~The God Of Our Fathers(Acts 7:32) သင့်ဘိုးဘေးတို့၏ဘုရား။
~God Of All Comfort (2Cor;1:3)သက်သာခြင်းအမျိုးမျိုးတို့၏ အရှင်။
~The God Of Glory(Acts-7:2)ဘုန်းကြီးတော်မူသောဘုရားသခင်။
~The God Of Israel(Mat;15:31)ဣသရေလအမျိုး၏ ဘုရားသခင်။
~The Almighty (Rev;1:8) ထာဝရ အရှင်ဘုရားသခင်။
~The Creator (Rom;1:25) ဖန်ဆင်းတတ်သောသခင်။
~The Divine Nature:(Rom;1:20)မျက်မြင်မရသော ဘုရားသခင်။
~The Eternal Immortal Invisible King:(1 Tim;1:17) လောကဓာတ်တို့၏ ဘုရင်တည်းဟူသော၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် ကင်းလွတ်တော်မူထသော၊
မျက်မြင်မရ၊အရူပဖြစ်တော်မူထသော၊ တဆူတည်းသောဘုရားသခင်။
March 13, 2015
ISIS jihadist တစ်ဦးအားခရစ်ယန်သို.ပြောင်းလဲ
1/3/2015(Aleppo Herald) သတင်း၌ အရှေ.အလယ်ပိုင်း ဆီးရီးယားနှင်. ISIS စစ်ပွဲတွင် သေနတ်ဒဏ်ရာ ပေါင်းများစွာကြောင်. အသက်မရှင်နိုင်တော. ကြောင်းထင်ကာ ကန္တာရတွင် လစ်လှူရှုပစ်ထား ခဲ.ခြင်း ခံရသူ (၃၅)အရွယ် ISIS jihadist လူငယ်တစ်ဦးအား ခရစ်ယန်သာသနာပြု (Catholic Presbytery of Ayyash) အဖွဲ.မှ မြေမြုပ်သင်္ကြိုရန် ၂၅ km ခန်.သယ်ဆောင်အပြီးတွင် အသက်ပြန်ရှင်လာကြောင်း အံ.သြ ဖွယ်ရာဖေါ်ပြထားသည်။ ပြန်လည်ပြီး သူ.အာရုံ အကောင်း ပကတိဖြစ်လာသည်.အခါ ခရစ်ယန်ဘုန်းတော်ကြီး(H.Groschlin) ထံတွင် တမလွန်အတွက် မိမိ၏ရုပါရုံဟူသမျှကို လေးလေး နက်နက် ပြောကြား ရာတွင် ခရစ်ယန်အသက်တာသို.ပြောင်းလဲရန် ဝန်ခံခဲ.သည်။
ငါ-မာသုရအသေခံရင် ကောင်းကင်တံခါးသို.ဝင်ရမလား (ဝါ) အပါယ်ငရဲ တံခါးဝင်ရမလား ဟု သူသည် ထပ်တလဲလဲ ပြောနေသည်ကို မှတ်မိ ပါသည်ဟု ဘုန်းတော်ကြီးမှ ပြောကြားပါသည်။
ကောင်းကင်အလင်းတံခါးကို မြင်ခဲ.ရသော်လည်း သူ.ကိုခေါ်ဆောင်သွား သည်.နေရာသည် အလွန်ကြောက်မက်ဖွယ် မီးတောက်လောင်နေသော အပါယ်ငရဲသို. ဖြစ်သည်။ သူ ပြန်လည်၍ အသက်ရှင်ခဲ.ရင်တောင်မှ လူတွေရဲ.ခေါင်းကို ဖြတ်ပြီး မကောင်းမှုလုပ်ဆောင်သမျှအားလုံး ပြန်လည် ချိန်:ခြောက်နေပါသည်ဟု ဘုန်းတော်ကြီးထံ ဝန်ခံပြောပြခဲ.သည်။ ဘုရားသခင်က သူ.ကိုပြောပြခဲ.သည်မှာ သင် အခုချိန် အသက် သေဆုံး သွားပါက အသက်ရှင်စဉ် သင်.ဝိညာဉ် အလွန်စိတ်ပျက်သည်. အတွက် ကောင်းကင်တံခါးသို.သွားရန် ပိတ်ပင်ခဲ.သော်လည်း အသက် ပြန်ရှင် ရန်ရွေးချယ်ပါက အပြစ်မှနောင်တရပြီး ဘုရားသခင်၏သိုးခြံတံခါး သို.ဝင်ရန် အခွင်.အလမ်းတခုရှိသည်ဟု ပြောခဲ.သည်။
ထိုလူငယ်သည် Allah ဘုရား၏ လှည်.စားခြင်းကို အဟုတ်ထင်ပြီး ကိုး ကွယ်ခြင်းမှ လုံးဝ ခရစ်ယန်အသက်တာသို. ပြောင်းလဲသည်. တိုတောင်းသည်. အချိန်အတွင်း သူ၏ဒဏ်ရာအားလုံး ပျောက်ကင်းသွား သည်။ကန္တာရမှကယ်တင်ခြင်းရသောသူ၏ အသက်တာအားဖြင်. ကျန်ISIS fighters များလည်း စစ်မှန်သော ဘုရားသခင်ထံသို. ပြန်လှည်. နိုင်စေဖို. ဖြစ်စေလိမ်.မည်ဟု မျော်လင်.ကြောင်း ဘုန်းတော်ကြီးမှ ပြောကြားကြောင်းသိရှိရပါသည်။
March 2, 2015
February 26, 2015
February 24, 2015
February 16, 2015
February 14, 2015
February 6, 2015
February 4, 2015
ကောင်းကင်ဘုံနှင့် နိဗာန်ဘုံ၏ ခြားနားချက်များ,
၁။
။ ကောင်းကင်ဘုံနှင့် နိဗာန်ဘုံမတူကြပေ။
၂။
။ နိဗာန်ဘုံသည် တပ်မက်မှုအားလုံး ချုပ်ငြိမ်းရာ နေရာဖြစ်သည်ဟု ဆိုသည်။ မည်သည့်
အရာမျှ မရှိတော့သည့် နေရာဖြစ်သည်ဟု လည်ဆိုသည်။ ကောင်းကင်ဘုံသည် မည်သည့်အရာမျှ မရှိတော့သည်
နေရာ မဟုတ်ဘဲ ဘုရားသခင်စံမြန်တော်မူရာ၊ မြတ်စွာသော ဘုရားနှင့် အတုနေရမည့်
ထာဝဘုံဖြစ်သည်။ အိုခြင်း၊ နာခြင်း၊ မုန်းတီးခြင်း၊ ဆင်းရဲပင်ပန်းခြင်း၊
မျက်ရည်ကျခြင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ အနိုင်ကျင့်ခြင်း မရှိတော့ရုံသာမက
လိုလေသေးမရှိ ပြည့်စုံစွာ ရရှိခံစားသော
နေရာဖြစ်သည်။ (ဗျာဒိတ် ၂၁း၁-၅)
ယာဟန် ၁၄း၁-၃“တဖန်တုံး ယေရှုက၊ သင်တို့စိတ်နှလုံး ပူပန်ခြင်းမရှိစေနှင့်။ ဘုရားသခင်ကို ယုံကြည်လော့။ ငါ့ကိုလည်း ယုံကြည်လော့။ ငါ့အဘ အိမ်တော်၌ နေစရာအခန်အများရှိ၏။

သို့မဟုတ်လျှင်
မဟုတ်ကြောင်း ငါမပြောဘဲမနေ၊ သင်တို့ နေစရာ အရပ်ကိုပြင်ဆင်ခြင်းငှါ ငါသွားရ၏။ ငါသည်
သွား၍ သင်တို့နေစရာ အရပ်ကို ပြင်ဆင်ပြီးမှ တဖန်ပြန်လာ၍ ငါရှိရာအရပ်၌
သင်တို့ရှိစေခြင်းငှါ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်” ဟု သမ္မာကျမ်းစာတွင်
ဖော်ပြထားပါသည်။
၂ကော၅း၁-၃“ယာယီတဲဖြစ်သော ငါတို့မြေအိမ်သည်ပျက်လျှင်၊ ကောင်းကင်ဘုံ၌ လူလက်ဖြင့်မလုပ်ဘဲ၊ ဘုရားသခင် ဖန်းဆင်းတော်မူသော နိစ္စအိမ်ရှိကြောင်းကို ငါတို့သိကြ၏။ ငါတို့သည် မြေအိမ်၌ရှိစဉ်တွင်။ ညည်းတွားမြည်တမ်း လျှက် နေကြ၏။ ထိုသို့ဝင်စာလျှင် နေရာမဲ့ဖြစ်မည်မဟုတ်” ဟု လာသတည်။
၃။။ နိဗာန်ဘုံသို့ ရောက်ရန် သုံးဆယ့်တစ်ဘုံအတွင်း လည်ပတ်မှုမှ လွတ်မြောက်ပြီး၊ နောက်ဆုံးလည်ပတ်မှုအနေဖြင့် ထိုဘုံသို့ ရောက်ရသည်ဟု ဆိုသည်။ ကောင်းကင်ဘုံသို့ရောက်ရန်မှာ လူ့ဘ၀တွင် ယေရှုဘုရားကို ယုံကြည်လက်ခံ၍ ကိုးကွယ်ပါက သေလျှင်သေချင်း ပါရဒိသုဘုံသို့ ၀င်းစားရသည်။
(လုကာ၁၆း၁၉-၃၄)သက်သေသာဓကဖြင့်ပြရသော် လက်ဝါးကပ်တိုင်တွင် ယေရှုဘုရားနှင့်အတူ အသေခံခဲ့သော သူခိုးဓါးမြ တစ်ယောက်သည် လက်ဝါးကပ်တိုင်၌ ယေရှုဘုရားကို ယုံကြည်လက်ခံခဲ့ရာ ယေရှုဘုရားက ယနေ့တွင် ငါနှင့်အတူ ပါရဒိသုဘုံ(ကောင်ကင်နိုင်ငံ)၌ ဆုံဆည်းကြမည်ဟု ဂတိပေးလိုက်ပါသည်။
၎။ ။ နိဗာန်ဘုံသို့ရောက်ရန် လူကကြိုးစားကျင့်ကြံအားထုတ် ဖန်တီး၍ရသည်ဟု ဆိုသည်။ ကောင်းကင် နိုင်ငံတော်သို့ ရောက်ရန် လူကကြိုးစား၊ ကျင့်ကြံအားထုတ်၍ မရပေ။ အဘယ့်ကြောင့်ဆိုသော် ကုသိုလ်က တစ်ပဲ၊ ငရဲက တစ်ပိဿာ ဖြစ်နေပါသည်။
ေေေေေေေေ.ဟေရှာယ၆၄း၆ ပြုဘူးသမျှသော ကောင်းမှုကုသိုလ်သည် ညစ်သောအ၀တ်နှင့်တူကြပါ၏။ အကျွန်ုပ်တို့ ရှိသမျှသည် သစ်ရွက်ကဲ့သို့ ညိုးနွမ်းလျက်ရှိ၍ကိုယ်အပြစ်တို့သည် လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်သွားပါပြီ။
ဆာလံ၆၂း၉“အကယ်စင်စစ် ယုတ်ညံ့သောသူတို့သည် အနတ္တ၊ အသရေရှိသော သူတို့သည် မုသာဖြစ်ကြ၏။ (အသရေရှိသော သူတို့သည် မုသာဖြစ်ကြ၏) ချိန်ခွင်နှင့် ချိန်စစ်လျှင် ထိုသူအပေါင်းတို့သည် အနတ္တထက် သာ၍ ပေါ့ကြ၏” ဟု သမ္မာကျမ်းစာလာသတည်း။ သို့ဖြစ်၍ ကောင်းကင်ဘုံသို့ ရောက်ရန်မှာ-
ယာဟန်၁၄း၆“ယေရှုက ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်ရ” ဟု အတိအလင်းဖော်ပြထားပါသည်။(၂ကော ၅း၁-၄၊ ယောဟန် ၁၄း၁-၃)
၅။ ။ နိဗာန်ဘုံသည်ဖြစ်ပေါ်တည်ရှိခြင်းမှ မည်သည့်အရာမျှမရှိခြင်းသို့ သွားရသည်ဟု ဆိုသည်။ ကောင်းကင်သည်ဖြစ်ပေါ်တည်ရှိသော ယာယီလောကမှ ထာဝရတည်မြဲသော ကောင်းကင်နိုင်ငံတော်သို့သွား ရသည်။
ဗျာဒိတ် ၂၂း၅“ထိုမြို့၌ ညမရှိရ။ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်းအလိုမရှိ။ အကြောင်းမူကား ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ နေရောင်ခြည်ကိုလွတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံကြလတံ့” ဟု သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။
၆။ ။ နိဗာန်သို့ရောက်ရန် သုံးဆယ့်တစ်ဘုံအတွင်း လည်ပတ်မှုမှလွတ်မြောက်ပြီး၊ နောက်ဆုံးလည်ပတ်မှု အနေဖြင့် ထိုဘုံသို့ရောက်ခြင်းဖြစ်သည်ဟု ဆိုပါသည်။ ထို့ကြောင့် ထိုဘုံသို့ရောက်ရန် အလွန်တရားကြာ ညောင်းဘွယ်ရာရှိပါသည်။ သို့သော် ကောင်းကင်ဘုံသို့ရောက်ရန်မှာ ယနေ့လည်းဖြစ်နိုင်သည်၊ မနက်ဖြန်လည်း ဖြစ်နိုင်သည်။ ကွေးသောလက်မဆန့်မှီ၊ ဆန့်သောလက် မကွေးမှီ ပင်ရောက်နိုင်ပါသည်။ ခရစ်တော်ကို ကိုးကွယ်ယုံကြည်သောသူများအဖို့ အသက်ထွက်လျင်ထွက်ချင်း ရောက်နိုင်ကြောင်း သမ္မာကျမ်းစာတွင် အတိအလင်းဖော်ပြထားပါသည်။
၂ကော၆း၂ “ဗျာဒိတ်တော်အချက်ဟူမူကား၊ နှစ်သက်ဘွယ်သော အချိန်၌သင်၏စကားကို ငါနားထောင်ပြီ။ ကယ်တင်ရာနေ့ရက်ကာလ၌ သင့်ကိုငါမစပြီဟု လာသည်နှင့်အညီ ယခုပင် နှစ်သက်ဘွယ်သော အချိန်ဖြစ်၏။ ယခုပင် ကယ်တင်ရာနေ့ရက်ကာလဖြစ်၏” ဟု သမ္မာကျမ်းစာ၌ ဖော်ပြထားပါသည်။
၇။ ။ နိဗာန်ဘုံသို့ရောက်ရန်မှာ အလှူဒါနအနည်းနှင့်အများ ပါဝင်ခြင်းအားဖြင့်ရောက်နိုင်သည်ဟု ဆိုသည်။ ကောင်းကင်ဘုံသို့ရောက်ရန်မှာ အလှူဒါန ကျပ်ငွေ သိန်း၊ သန်း၊ ကဋေချီ၍ ပေးကမ်းသော်လည်း မရောက်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်နိုင်ငံတော်သည် တန်ဖိုး အလွန်ကြီးမားလွန်းလှပါသဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ ၀ယ်၍မရဘဲ ယေရှုဘုရား၏ အသွေးတော်မြတ် တစ်ပါးတည်းသာ ၀ယ်ပေး၍ရကြောင်း သမ္မာကျမ်းစာတော်မြတ်တွင် အတိအလင်းဖော်ပြထားပါသည်။ (မာကု၈း၃၆-၃၇)
ဟဗြဲ၉း၂၂(ခရစ်တော်၏) အသွေးမသွန်းလောင်းဘဲ အပြစ်လွတ်ခြင်းမရှိဟု သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။
ဧဖက် ၂း၈-၉'ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင်၏ သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူ ခြင်းသို့ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ၀ါကြွားစရာအခွင့်မရှိ သမ္မာကျမ်းစာတွင် ဖော်ပြထားပါသည်။
မိတ်ဆွေစဉ်းစားရမည်မှာ လောက၌ ဒွန်တွဲလျှက်ဆန့်ကျင်ဘက် သဘောတရားများ ဧကန်အမှန်ရှိပါ သည်။ ဥပမာ - အဖြူလိုလျှင် အမဲရှိသည်။ အဆိုးလိုလျှင် အကောင်းရှိသည်။ အမှောင်ရှိလျှင် အလင်းရှိသည်။ သေခြင်းရှိလျှင် ရှင်ပြန်ထမြောက်ခြင်းရှိသည်။ သင်္ခါရလောကရှိလျင် ထာဝရကောင်းကင်နိုင်ငံရှိသည်။ ထာဝရငရဲမီးအိုင်ရှိလျှင် ထာဝရ သုခချမ်းသာရှိသည်။ အစစ်ရှိလျှင် အတုရှိသည်။ ဤအဖြစ်အမှန်များကို ဆန့်ကျင်ကျောခိုင်း၍ မရပေ။
ယာဟန်၆း၄၇ယေရှုဘုရားက “ငါအမှန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏” ဟု ဆိုသတည်း။
ယာဟန် ၁၁း၂“ယေရှုက ထမြောက်ခြင်းအကြောင်း အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်ပြန်ထမြောက်ရမည်” ဟု မိန့်တော်မူ၏။
ဗျာဒိတ်၂၀း၁၀“မာရ်နတ်ကို၊ သားရဲ(၀ိညာဉ်ဆိုး)နှင့် မိစ္ဆာပရောဖက်ရှိရာ ကန့်နှင့်ရောနေသော မီးအိုင်ထဲသို့ ချပစ်လျှင် ထိုသူတို့သည် နေ့ညမပြတ် ကမ္ဘာအဆက်ဆက် (ကမ္ဘာအဆက်ဆက်)ပြင်းစွာသော ဝေဒနာကို ခံရကြလတံ့” ဟု သမ္မာကျမ်းစာတွင်ဖော်ပြထားပါသည်။ ထာဝရသုခချမ်းသာခြင်းရှိသကဲ့သို့ ထာဝရညှင်းဆဲနှိပ်စက်ခြင်း လည်းရှိကြောင်း သမ္မာကျမ်းစာတွင် သတိပေး ဖော်ပြထားပါသည်။
ယောဟန်၈း၁၂ “တဖန်တုံး ယေရှုက ငါသည်ဤလောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌ မသွားအလာ။ အသက်၏ အလင်းကို ရလိမ့်မည်” ဟု မိန့်ဆိုထားပါသည်။

February 3, 2015
Subscribe to:
Posts (Atom)