January 31, 2015
January 30, 2015
(နားထောင်ပေးပြီး ခွင်.လွှတ်ခြင်းစိတ်ကလေးမွေးလိုက်ပါ)
ခွင့်လွှတ်နိုင်သော
စိတ်များမွေးမြူပါ။တစ်ခါတစ်ရံမှာ မိမိက မှန်နေ တတ် တယ်။ မှန်နေသော်လည်း တစ်ပါးသူ၏
အမှားကို ခွင့်လွှတ် တတ်ရ တယ်။ မခွင့်လွှတ် တတ်သ၍ စိတ်ကောင်းရှိသူ မဟုတ်ပါဘူး။
ခွင့်လွှတ်ခြင်းနှင့် သည်းခံခြင်း ဆိုတာဟာ ဘာနဲ့မှ လဲလို့ မရတဲ့ လူတစ်ယောက် အတွက်
ဖြူစင်သန့်ရှင်းမူ တစ်ခုသာ ဖြစ်ပါတယ်။
တစ်ပါးသူ၏
အမှားကို အခွင့်ကောင်းယူပြီး အပြောအဆို ကိုယ်အမူအရာ နုတ်အမူ အရာများနှင့်
အနိုင်မယူသင့်ပါဘူး။ ခွင့်လွှတ်တတ်သော စိတ် ကောင်း ရှိသော သူတစ်ယောက် ဖြစ်အောင်
မိမိ၏ စိတ်ကိုမွေးမြူပါ။
စိတ်၏
မကောင်းတဲ့အပေါ် စေခိုင်းခြင်းများကို တဖြည်းဖြည်းနဲ ရှောင်ပါ။ တစ်ခါတစ်ရံမှာလဲ
ဒေါသကြောင့် အမှား ပါတတ်တယ်။ ဒေါသကြောင့် ခွင့် လွှတ် တတ်တဲ့ စိတ်တွေ ပျောက်ပြယ်နေ
တတ်တယ်။ တကယ် ရင် ထဲမှာ ရှိနေတဲ့ မိမိရဲ့ ဖြူစင်တဲ့ စိတ်တွေကို မပျောက်ပြယ်အောင်
မွေးမြူနိုင်ကြပါစေ။
ယုံကြည်သူအတွက် သမ္မာကျမ်းစာမြတ်ကျပ၌ များစွာသွန်သင်ထားခြင်းကြောင်. သူတပါးအား ခွင်.လွှတ်ရန် လိုမလို ရွေးချယ်ဖို.လည်းမဟုတ်၊ လုပ်ရမည်. ဝတ္တရားဆိုတာအထူး စဉ်းစားစရာမလိုပါ။
ရှင်မာသဲ၆း၁၄သင်တို့သည်သူတပါးတို့၏အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌
ရှိတော်မူသောသင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။
ကောလောသဲ ၃း၁၃ တယောက်၌တယောက်အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်း သည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော် သည်သင်တို့၏ အပြစ်ကိုလွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူ ပြုကြလော့။
လုကာ ၆း၃၇ သူတပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ မပြုလျှင် သင်တို့သည် စစ်ကြော ဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူတပါးကို အပြစ်မစီရင်ကြနှင့်။ မစီရင်လျှင် သင်တို့သည် အပြစ်စီရင်ခြင်းနှင့်ကင်းလွတ် ကြလိမ့်မည်။ သူ့အပြစ်ကိုလွှတ်ကြလော့ လွှတ်လျှင်ကိုယ့်အပြစ်လွတ်လိမ့်မည်။

January 29, 2015
January 26, 2015
January 25, 2015
January 24, 2015
January 23, 2015
January 22, 2015
January 21, 2015
Subscribe to:
Posts (Atom)