ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

August 22, 2014

"...လူ ထင်သည်.အတိုင်း....."

လူ့.အထင်
 (၁ကော ၈:၂) အကြင်သူသည်၊ငါကားပညာရှိဖြစ်သည်ဟူ၍ စိတ်ထင်၏။ ထိုသူသည် သိအပ်သည်အတိုင်း အလျှင်းမသိသေး။ လူတိုင်းမှာ မိမိကိုယ်တိုင်နဲ့.ပါတ်သတ်ပြီး ထင်မြင်ယူဆချက် ကိုယ်စီရှိတတ်စမြဲပါ။ တစ်ချို့.က မိမိထင်မြင်ယူဆချက်သည် အသက်တာကို တိုးတတ် ကောင်းမွန်စေနိုင်သလို အဆိုးဆုံး ဆုတ်ယုတ်ခြင်းသို.ဆွဲချသွားနိုင်တာလည်းရှိတတ်ပါတယ်။ 
ထို.ပါ၍ နုတ်ကပါတ်တော်က မိမိအထင်အမြင်နဲ.့ပါတ်သတ်ပြီး ဘယ်လို ဖေါ်ပြသွန်သင်သည်ကို ကြည့်ဖို.လိုအပ်ပါတယ်။ ၁။လူထင်သည့်အတိုင်း မှန်သည့် ပုံစံရှိသော်လည်း(သု ၁၄း၁၂) လူ့အထင်က အများအားဖြင့် အပြင်ပန်းကြည့်ရင် မှန်တယ်လို့. ယူဆလို့.ရနိုင်စရာအများကြီးရှိပါတယ်။ သို့.သော် နုတ်ကပါတ်တော်ကတော့ အဆုံးထိကြည့်ဖို့. သတိပေးပြီးတော့ အဆုံးမှာတော့ သေခြင်းကို ပို.့တဲ့လမ်းကိုရောက်စေတယ် လို.့ ပြောပါတယ်။ လူ့. အထင် လူ.့အမြင်ဟာ ဘုရားအမြင် နဲ့ ကောင်းကင်နှင့်မြေကြီးကွာသလို ကွာတတ်ပါတယ်။ သာမာန်လူမပြောပါနဲ့. တစ်ခါတစ်ရံ အမှု တော်ဆောင်များပင်လျှင် အထင်နဲ့ လက်တွေ့ကွာခြားတဲ့အရာ များစွာ နုတ်ကပါတ်တော် က ဖေါ်ပြထားပါတယ်။ ၁ရာ ၁း၁၃ မှာ ယဇ်ပရောဟိတ်ကြီး ဧလိကိုယ်တိုင် ကြေကွဲနေပြီး ဆုတောင်းနေတဲ့အမျိုးသမီးကို မူးနေတယ်လို့. ထင်ပြီးတော့ အပြစ်တင်ဆုံးမဖူးပါတယ်။ တစ်ကယ်တော့ အမူတော်ဆောင်တွေကိုယ်တိုင် 
အထင်နဲ့.သွားပါက လွဲတတ်တဲ့အရာဆိုတာကို 
နုတ်ကပါတ်တော်က ဖွင့်ပြပါတယ်။  
၁ရာ ၁၆း၆-၇မှာပရောဖက်ပြီးရှာမွေလကိုယ်တိုင်
ရှောလုနောက်မှာ တက်မယ်. ဘုရင့်ကိုဘိတ်သိတ်ဖို့. ဘုရား စေလွှတ်တဲ့အခါမှာ ဒါဝိတ်အစ်ကိုတွေကို ဘုရင်အဖြစ်နဲ့ မြင်ပြီးတော့ ဘိတ်သိတ်ဖို့ ပြင်ဆင်ဖူးပါတယ်။ သို့သော်ဘုရားအမြင်က လူ့.အမြင်နဲ့.ကွာတယ် လို့.ဘုရားက သူ.ကိုသွန်သင်ပါတယ်။ ဒါကြောင့်ကိုယ်.အထင် ကိုယ်အမြင်နဲ့. သွား၇င် အမြဲတန်း ဘုရားအလိုတော်နဲ့.လွဲချော်နေမှာဖြစ်တယ်။ လူတစ်ချို့ကတော့ ဘုရားကိုအထင်လွဲတတ်တယ်။ ကိုယ်အကောင်းဆုံးလုပ်နေရက်နဲ့. ဘာကြောင့်များ
 ကောင်းကြီး မရတာလည်းလို့.ကိုယ်ဟာကိုယ် ထင်တာကတော့
 ကောင်းကြီးရသင့်တယ် လို့.ထင်ပေမဲ့ ဘုရားအမြင် 
ဘုရားအထင်ကို မသိခဲ့တာဟာ တော်တော်ဆိုးရွားပါတယ်။ ၂။ထင်သင့်တာထက်ပိုမထင်နဲ့.
 ရောမ ၁၂း၃ တစ်ခါတစ်လေ ကိုယ်ဟာ ထင်သင့်တာထက် ပိုမိုထင်မြင်ခြင်းဟာလည်းအသက်တာကို ကျဆင်းဖို့. ဘုရားနဲ့ဝေးသွားဖြစ်စေတတ်ပါတယ်။ကိုယ်ဟာကို အ၇မ်းကြီး ဟုတ်တယ်နေလို.အထင်ကြီးနေတာလည်း အသက်တာမှာ မာနတ်ဝင်ရောက်ဖို.လမ်းစဖွင်.သလို တစ်ခါတစ်ရံ မှာ
 ကိုယ်အသက်တာ အစွမ်းအစ ရှိနေရက်သားနဲ.
ဆုကျေးဇူးရှိနေရက်သားနဲ. ဘုရားအမြင် ဘုရားထင်မြင်ချက်ကို
 မသိပဲ အရမ်းသိမ်ငယ်နေတာလည်း စိုးရိမ်စရာရှိပါတယ်။ 
ဒါကြောင့် ဘုရား ကိုယ်ကို မြင်တဲ့အမြင်ကို သိဖို.၊ မြင်တတ်ဖို. သိပ်အရေးကြီးပါတယ်။ ဒါကြောင့်ပေါလုက သတိပေးပါတယ် ပညာရှိတယ်လို. ကိုယ်ဟာကို ထင်ရင်သင်ဟာ 
ဘာမှမသိသေးတဲ့ မတတ်သေးတဲ့လူပဲလို့.ဆိုတယ်။ ကိုယ်ဟာကိုယ်ပြည့်စုံပြီ လုပ်နိုင်ပြီလို. ထင်သင့်တဲ့အချိန်မှာ ထင်တာပြသနာမဟုတ်ပင်မဲ့ တစ်ခါတစ်လေ 
အချိန်မရောက်သေးပဲ ထင်တာဟာ ပျက်စီးဖို့. လမ်းစဖြစ်နေတတ်ပါတယ်။ ဒါကြောင့်အသက်တာမှာ 
ကိုယ်.အထင် ကိုယ်အမြင်နဲ.ဘယ်အရာကိုမှ မဆုံးဖြတ် မလုပ်ဆောင်ပဲ ဘုရားအမြင် ဘုရားထင်မြင်ယူဆချက်ကို 
ပိုမိုဂ၇ုစိုက် တတ်ဖို့လိုပါတယ်။ ဘုရားထင်သလိုထင် မြင်သလိုမြင်ရင် အောင်မြင်ဖို့.မခက်ပါဘူး။

မိဘမေတ္တာ ဆိုတာ..

ဘိုးဘွားရိပ်သာတစ်ခုတွင်တွေ့ရသောစာလေးတစ်စောင် ====================================
သား ! သား...ငယ်ငယ်တုန်းကပေါ့။ အချိန်တွေအများကြီးယူပြီး အစားစားတက်အောင်ဇွန်းကိုင်တက်အောင်၊အကျီဝတ်တက်အောင်၊ ကြယ်...သီးတပ်တက်အောင်၊ဖိနပ်ကြိုးချည်တက်အောင်၊ဆံပင်ဖြီးတက်အောင်၊ နှာရည်တွေကျရင် သုတ်တက်အောင်၊ တနေ့နေ့ သင်ပေးခဲ့ရ တာလေးက အမေ့ အတွက်မမေ့ နိုင်စရာလေးတွေပေါ့။ ခုချိန်မှာ ဒါလေးတွေက အမှတ်ရစရာလေးတွေပေါ့ကွယ်။အဲဒါလေးတွေကို စဉ်စားမိရင် အမေ စိတ်မကောင်းဖြစ်ရတယ်။ခဏလေး အချိန်နည်းနည်းလေးပေးပါ အမေ ထပ်စဉ်စားပါရစေအုံး။ ဆက်ပြောရမဲ့ စကားများတောင်စဉ်စားမရအောင်
 မေ့တက်နေပါပြီးသား! သား...သားမှတ်မိအုံးမလား။ သားငယ်ငယ်က အခေါက် ၁၀၀ လောက် အဆိုလေ့ကျင့်ခဲ့ရတဲ့ ကလေးသီချင်းလေးတပုဒ်ကိုလေ။ အဲဒီသီချင်းလေးတပုဒ်ကို အမေ ခုထိအမှတ်ရနေတုန်းပေါ့ကွယ်။ ညတိုင်းပြောနေကြ ပုံပြင်လေးတစ်ပုဒ် ၊ တစ်နေ့ တစ်မျိုး မရိုးနိုင်အောင် မေးတက်တဲ့ သားရဲ့မေးခွန်လေးတွေနဲ့ အမေရဲ့တက်သလောက်မှတ်သလောက် ဥာဏ်နဲ့ဖြေခဲ့ရတာလေးတွေကိုလဲ အမှတ်ရနေတုန်းပေါ့။ သား....... ခုချိန်မှာတော့ အမေ ကသားငယ်ငယ်တုန်းက ဘဝလေးလို့ ဖြစ်နေပါပြီ။ သား..... အခုဆိုရင် အကျီကြယ်သီးတပ်တာ ၊ဖိနပ်ကြိုးချည်တာတောင် ခဏခဏမေ့နေပါတယ်။ အစားစားတဲ့ အခါလဲ အကျီတွေ ညစ်ပတ်ကုန်တယ်၊ ဆံပင်ဖြီးရင်တောင် လက်တွေက တုန်တုန်ရင်ရင် နဲ့ပေါ့။ သား... အမေ ကိုတော့ စိတ်ရှည်ပါကွယ်။ ခုချိန်မှာ အမေအတွက် အလိုအပ်ဆုံးကတော့ သားရဲ့ နွေးထွေးတဲ့ လက်တစုံပါပဲ။ သား နဲ့တူတူနေရှိနေမယ့် အချိန်လေးတွေ လိုချင်ပါသေးတယ်။ သား....... ခုဆိုရင် မက်တပ်တောင်ကောင်းကောင်းမရပ်နိုင်၊ လမ်းလည်းကောင်းကောင်းမလျှောက်နိုင်အောင်ပါပဲ။ သားရဲ့နွေးထွေးတဲ့ လက်ကို ဆုပ်ကိုင်ပြီး ကျန်ရှိနေသေးတဲ့ အချိန်ကလေးတွေ ကိုကျော်ဖြတ်ရင်း မကြာမီ ရောက်ရှိ လာတော့မဲ့ သေမင်းရဲ့တံခါးဝဆီအထိသို့  တဖြည်း ...တဖြည်း..
သူငယ်ချင်းတို့နားလည်မယ်လို့ မျှော်လင့်ပါတယ်။ မိဘဆိုတာ ဘာနဲ့မှ မလဲနိုင်တဲ့ အရာတခုပါ။ မိဘထက် အရေးကြီးတာ မရှိပါဘူး။ ချစ်သူရည်:စား မိန်:မ ယောင်္ကျား ဆိုတာ အစားထိုးလို့ရတဲ့ အရာတွေပါ။ မိဘဆိုတာကတော့ အစားထိုးလို့မရနိုင်သလို ဘယ်တော့မှလဲ ပြန်မရနိုင်မဲ့ အရာပါ။ မိဘတွေ မရှိတော့မှ ဝမ်းနည်းပူဆွေးတမ်းတနေမယ့် အတူတူ မိဘ တွေရှိနေစဉ်
 စောင့်ရှောက်ဖို့ မိဘကို စိတ်ချမ်းသာအောင်ထားနိုင်ဖို့ မမေ့လျှော့ပါနဲ့လို့ ပြောချင်ပါတယ်။ 
ကြီးမားလှသော...(မိဘမေတ္တာ)

August 20, 2014

****ပြသနာ-အခက်ခဲ-ဒုက္ခ****

♥ဒုက္ခအခက်အခဲ ရောက်စဉ်မှာထားသင့်သည်.
စိတ်နေသဘောထားနှင့် ပတ်သက်ပြီးဝေမျှလိုပါတယ်။
ပထမဆုံး စိတ်ထဲမှာ ရှိရမှာက ယုံကြည်သူဖြစ်လို့. ပန်းခင်းလမ်းလျှောက်ရမယ်' ဆိုတာပုံပြင်ထဲမှာပဲရှိတယ်။ သင်တို့သည်လောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။
ငါသည်လောကကိုအောင်ပြီးဟုမိန်. တော်မူ၏။ 
♥အင်္ဂလိပ်မှာတော့ "In this world you will have trouble But take heart, I have overcome the world." ကျွန်တော်.အတွေ.အကြုံအရ ယုံကြည်သူ အသိုင်းအ၀ိုင်းမှာ "trouble makers' နဲ့ " trouble shooters' ဆိုပြီး အသင်းတော်တိုင်းမှာလိုလို ဒီလူနှစ်မျိုးတွေ့.ရပါတယ်။ "trouble makers' ကအသေးလေးကို အကြီးလုပ်တယ်။ ♥တံတားတွေဆောက်မယ့်အစား တံတိုင်း တွေဆောက် ချင်တဲ့ သဘောရှိတယ် "trouble shooters' များကတော့ ပြသနာကို အသိအမှတ်ပြု ပြီးပြသနာရဲ.အဖြေကို လည်းကြိုးစားရှာဖွေတတ်ကြတယ်။ တံတိုင်း တွေအစားတံတားတွေခင်းဖို့.လည်း အမြဲကြံစည်နေသူများဖြစ်တယ်။ 
♥ကျွန်တော်.အမြင်တော့ ဘုရားသခင်က ယုံကြည်သူ အယောက်စီတိုင်းကို " trouble shooters'များဖြစ်စေချင်တယ်။
 ပြိုလဲစေသူများမဖြစ်ဘဲ တည်ဆောက်သူများဖြစ်စေချင်ပါတယ်။ ယုံကြည်သူများရင်ဆိုင်ရမယ့် အခက်အခဲများနှင့် ပတ်သက်ပြီး ဘုရားသခင်ရဲ့ဂတိတော် ကတော့ဟေဗြဲ(၁၃း၅) မှာ  
"အကြောင်းမူကား၊ငါသည်သင့်ကိုမစွန့် သင့်ကို အလျှင်းပြစ်၍ မထားဟုဂတိတော်ရှိ၏။" လို့ တွေ့ ရတယ်။ 
†တဖန် ၁ပေတရု ၁း၇ ကြည့်တဲ့အခါ ' အရည်ကျို ၍ ၀မ်းနည်းသော်လည်း ပျက်စီးတတ်သောရွှေကို စစ်ကြော စုံစမ်းခြင်းထက်၊သင်တို့ ယုံကြည်ခြင်းကိုစစ်ကြောစုံစမ်းခြင်း အရာသည်သာ၍မြတ်သည်နှင့်၊ယေရှူခရစ် ပေါ်ထွန်းတော်မူသောအခါ အချီးအမွမ်း၊ဂုဏ်သရေ၊ဘုန်းအာနုဘော် အလိုငှာ ဖြစ်မည့်အကြောင်း၊ အထူးထူးပြားပြားသော စုံစမ်းနှောက် ယှက်ခြင်း ကို ခံရသောအကြောင်းရှိလျှင်၊ ၇ သင်တို သည်ယခုခဏခံရ၍ ၀မ်းနည်းသော်လည်းအထက်ဆိုခဲ. ပြီးသောကျေးဇူးတော်ကို
 ထောက်၍ ရွှင်လန်းသောစိတ်ရှိကြ၏။' လို့ လည်းယုံကြည် သူများသာ၍ စစ်မှန်သော ယုံကြည်သူဖြစ်ခြင်း အလိုငှာရွှေကိုမီးနှင့် စစ်သကဲ့သို. အခက်အခဲ ဒုတ္ခ များဖြင့် စစ်ကြောခံခြင်းများလည်း ရှိလိမ့်မယ်လို. သတိပေး ထားခြင်းဖြစ် ပါတယ်။ ဒီလိုစစ်ကြောခြင်းကြောင့်ရမယ့်အမြတ်နှစ်ခုကတော့- ၁)သာ၍ရင့်ကျက်ခြင်း ၂)အခြားမိမိကဲ.သို့ဒုတ္ခအခက်အခဲရင်ဆိုင်နေရသူများကို
ကိုယ်ချင်းစာနာ တတ်ခြင်းတို့ ဖြစ်ပါတယ်။ 
♥ဟေဗြဲသြ၀ါဒစာမှာ သခင်ယေရှူခရစ်တော်နဲ့ ပတ်သက်လို့ "ငါတို.ယဇ်ပုရောဟိတ်မင်းသည် ငါတို့ ခံရသောဆင်းရဲဒုက္ခ များကြောင်. မကြင်နာနိုင်သောသူမဟုတ်။ ♥ငါတို.ခံရသည်နည်းတူ၊အမျိုးမျိုးသောစုံစမ်းနှောက်ယှက်ခြင်းတို.ကို
ခံဘူးသေူဖြစ်တော်မူ၏။သို့ရာတွင်၊ဒုစရိုက်အပြစ်နှင့်
ကင်းလွတ်တော်မူ၏။ ထိုကြောင့်၊ ငါတို့သည် သနားခြင်း ကရုဏာကို၎င်း၊တော်လျော် သောမစခြင်း ကျေးဇူးတော်ကို၎င်း ခံရမည်အကြောင်း၊ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ 
တိုးဝင်ချဉ်းကပ်ကုန်ကြကုန်အံ့။ ( ဟေဗြ၊ ၄း၁၅ )- လို့ ဖေါ်ပြထားတာတွေ့ ရတယ်။ 
♥ကျတော် ခွန်အားယူနေကြကျမ်းပိုက်နှစ်ပိုက်ကတော့ ဓမ္မရာဇ၀င် ပဌမစောင် ၃၀း၆ မှာ-" ဒါဝိဒ်သည်အလွန်စိတ်ငြိုငြင်ဆင်းရဲ၏။ လူများတို. သည် မိမိတို. သားသမီးများကြောင့်စိတ်ညှိုးငယ်သဖြင့်၊ ဒါဝိဒ်ကို ကျောက်ခဲနှင့်ပစ်မည်ဟုဆိုကြ၏။ 
ဒါဝိဒ်မူကား မိမိဘုရားသခင် ထာဝရဘုရားကို ကိုးစားလျှက်နေ၍" အင်္ဂလိပ်လိုက" But David strengthened himself in the Lord his God." လို့ ဒါဝိဒ်ရဲ့ စိတ်နေသဘောထားကိုဖေါ်ပြပါတယ်။
တစ်ခါတစ်ရံလူတွေကိုပြောဆိုတိုင်ပင်ရင်အတင်းအဖျင်းဖြစ် တတ်ပါတယ်။ဒါဝိဒ်ရဲ့ လျှိ .၀ှက်ချက် ကတော့ဘုရားသခင်ကိုလုံးလုံး အားကိုးခိုလှုံ ခြင်းဖြစ်ပါတယ်။ ♥နောက်ကျမ်းချက်တစ်ချက်ကတော့ ရောမ ၈း၂၈ ဖြစ်ပါတယ်။ " ဘုရားသခင်ကိုချစ်သောသူတည်းဟူသော အကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသော သူတို့ ၏အကျိုးကိုခပ်သိမ်းသောအရာတို့ သည် တညီတညွတ်တည်းပြုစုကြသည်ကိုငါတို့ သိကြ၏။" ♥ဆိုလိုချင်တာကဘုရားသခင်အသုံးမပြုနိုင်တဲ့အရာနဲ. အခြေအနေဘာတခုမှမရှိပါ။အရာခပ်သိမ်းကိုဖန်ဆင်း ပိုင်သပြီးအရာခပ်သိမ်းရဲ့ အထက် မှာရှိတဲ့ ဘုရားသခင်က ဘယ်အရာမဆို ဘယ်အခြေအနေမဆိုအသုံးပြု ပြီးသူ ချစ်တဲ့ ယုံကြည်သူရဲ.အသက်တာကိုကောင်း အောင်ပြုပြင်
 ပေးနိုင်ပါတယ်။
 ♥ကျတော်.မမျှော်လင့်ထားတဲ့ ပြသနာ အခက်အခဲကြုံ လာရင်- 
၁) မိမိဘက်က မှားယွင်းတာဘာရှိသလဲဆိုတာဆုတောင်းပြီး ဘုရားဖေါ်ပြရင်နောင်တနှင့်ဘုရားဆီပြန်လာတဲ့ 
အကျင့်လုပ်ထားပါတယ်။ 
၂) သိသာထင်ရှားတဲ့ ဘာမှအမှားအယွင်းမှ ဘုရားမဖေါ်ပြရင်တော့အခြေ အနေအတွက်ဘုရားကျေးဇူးတော်ကို ချီးမွမ်းတဲ့အကျင့်လုပ်ထားပါတယ်။ ဒီအခြေအနေများအားဖြင့် ဘုရားသခင်ကယုံကြည်သူကိုပို၍ရင့်ကျက် အောင် ဒါမှမဟုတ်ပို၍ကြီးမားသောအပ်နှင်းခြင်းကိုပြုဖို့  အသက်တာကိုပြင်ဆင်နေတယ်လို့ ခံယူပါတယ်။ 
ခပ်သိမ်းသော အရာတို့ သည်ဆိုတာ ဘာမဆိုလို့  
အဓိပ္ပာယ်ရပါတယ်။အခြေအနေအားလုံးကိုပြောခြင်းဖြစ်တယ်။
အရေးကြီးတာက ဘုရားသခင်ကိုချစ်ဖို့ ဖြစ်ပါတယ်။
ဒါကြောင့်မိတ်ဆွေကိုလည်း အားပေး ချင်တယ်။ ♥ဘုရားသခင်ကိုယုံကြည်ပါ။ ဘုရားသခင်ရဲ့ အကြံ အစဉ်က လူ. အကြံအစဉ်ထက်သာ၍ကောင်းမြတ်ပါတယ်။တစ်ခါတစ်ရံ မိတ်ဆွေ အနေနဲ့  မိတ်ဆွေရဲ့ ဘုရားသခင်သတ်မှတ်ထားတဲ့  အချိန်ကို စောင့်ဆိုင်း တတ်ဖို့ လိုကောင်းလိုပါလိမ့်မယ်။ ♥စောင့်ဆိုင်းနေရခြင်းကမိတ်ဆွေအတွက်အခက်အခဲကြီး
တစ်ခုဖြစ်နေပါကယေရှူခရစ်တော်ပင်လျှင်သုံးနှစ်ခွဲမျှ
အောင်မြင်စွာအမှုတော်ဆောင်ဖို. အတွက်နှစ်သုံးဆယ် အကြာအသက်တာကိုပြင်ဆင်စောင့်ဆိုင်းခဲ ရတာကိုကြည့်ရင်မိတ်ဆွေနဲ. စာရေးသူလည်းဒီလမ်းပေါ် မှာလျှောက်နေကြသူများမဟုတ်ပါလား။
 ♥ဒီဒုက္ခ အခက်အခဲများထဲမှသစ္စာရှိခြင်းအားဖြင့် အချိန်တန်ရင်ကြီးသော အမှုကိုအပ်နှံခြင်းခံရသည်သာမက
 "သာဓု သစ္စာရှိသောငယ်သားကောင်း' ရယ်လို.
အခေါ်ခံထိုက်သောသူ အယောက်စီဖြစ်မယ့်အကြောင်း ဆုမွန်တောင်းရင်းဒီအခန်းကိုဒီနေရာမှာပဲ နိဂုံးချုပ်ပါ့မယ်။ 
♥စာဖတ်သူ ချစ်မိတ်ဆွေ ယုံကြည်သူအယောက်စီတိုင်းရဲ့ နှလုံးသားကို ဘုရားသခင်ကြွယ်ဝသောကောင်းကြီးမင်္ဂလာနှင့်
သွန်းလောင်းဖြည့်ဆည်း ပေးပါစေ။

August 18, 2014


               ။ကိုယ်တော် သင်.ကိုသိပ်ချစ်တယ်။
အခြေပြုကျမ်း ။ ။စောလမုန်သီချင်း ၁း၃ ကိုယ်တော်၌ မွှေးကြိုင် သော နံ့သာဆီကဲ့သို့၊ နာမတော်သည် သွန်းလောင်းသော နံ့သာဆီဖြစ် ပါ၏။ ထိုကြောင့်သတို့သမီးကညာတို့သည်ကိုယ်တော်ကိုချစ်ကြပါ၏။ 
 စောလမုန်သီချင်းသည် လူတိုင်းသိပ်မဖတ်ဖြစ်သော ကျမ်းစာဖြစ်သည်။ အခန်းကြီး ၈ခန်း၊ အခန်းငယ် ၁၁၇ ပိုဒ်သာပါပြီး စာလုံးပေါင်း ၃၀၀၀ မပြည်.ပါ၊ ဘုရားသခင်၊ ထာဝရဘုရား ဆိုသည်. စကားလုံး တလုံးမှ မပါ သည်. အသက်၃၀အရွယ် လူငယ်ရေးသည်. စာကို ကျမ်းစာအုပ်တွင် ထည.်သွင်းရန် ကျမ်းတတ်ပုဂိုလ်အများစုက ထည်.ရန ကန်.ကွက် ခဲ.ကြ ပါသည်။ သို.သော်ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဘယ်လောက်ကြီးမားသည်ကို ရေးဖွဲ.ထားသော
 ကောင်းကင်နိုင်ငံမှလာသောစာ ဟုပြောရမည်။ ဘုရားသခင်သည် သူ ဖန်ဆင်းသောလူသားတွေကို ဘယ်လောက်ချစ် ကြောင်းနည်းမျိုးစုံဖြင်.
 ပြလေ.ရှိသည်။(ဟေရှာ ၄၉း၁၅ မိန်းမသည် မိမိဘွားသော သားကို မသနားသည်တိုင်အောင်၊ မိမိနို့စို့ သူငယ် ကို မေ့ လျော့နိုင်သလော။ အကယ်၍မေ့လျော့သော်လည်း၊သင့်ကိုငါမမေ.လျော့) ဟု မိခင်မေတ္တာ ဖြင်.ခိုင်းနှိုင်းသကဲ.သို. ဟောရှေ (၁း ၂ သင်သွား၍ ပြည် တန်ဆာမိန်းမနှင့်တကွ သူဘွားမြင်သော သားသမီးတို့ကို သိမ်းပိုက်လော) ဟု မည်မျှပင် လူ.အမြင်၌ ရွံစရာ အပြစ် ရှိသူ ပြည်.တန်ဆာသာသာဖြစ် နေသော ခွေးအမျိုးးဟု အခေါ်ခံ တပါးအမျိုးသား ကျွန်တော်တို.ကို ချစ်တော်မူကြောင်း မိန်.တော်မူခဲ.သည်။ စောလမုန်မင်းကြီးသည် အဆင်.အနိမ်.ဆုံး သိုးကျောင်းသားပုံစံဖြင်. စပျစ်ခြံစောင်.မိန်းမငယ်နှင်. ချစ်မေတ္တာမျှသည်. ဇာတ်လမ်းသဖွယ် ရေးဖွဲ.ထားပါသည်။ အထက်ပါကျမ်းပိုဒ်တွင် မိမိကိုယ်မိမိ မွှေးကြိုင်သော နံ့သာဆီ ကဲ့သို. ဖြစ်ကြောင်း ပထမဆုံး သူ.ရဲ.ဖြစ်ခြင်း (Being) ကို ဖေါ်ပြပါသည်။ နံ.သာဆီ anoiting ၏ ဆိုလိုရင်း၃ချက်ရှိသည်။ (၁)ယစ်ပရောဟိတ်အဖြစ် ယနေ.ထိ ခမည်းတော်ရှေ. နတ်ဆိုး  ၏ နေ.စဉ်ကျွန်တော်တို.ပြုသမျှ တိုင်တန်းချက် အားလုံးကို ငါ.အသွေး တော် အားဖြင်.ရွေးနုတ်ပြီးသူဖြစ်ကြောင်းရှေ.နေ လိုက်ပေးနေခြင်း ။
(၂)ပရောဖက်ဖြစ်ခြင်း။ 
(၃)ကယ်တင်ရှင်အဖြစ်ကြွလာမည်ဖြစ်ခြင်း ကို ပုံဆောင်ပါသည်။ အခန်းကြီး ၁မှ ၈ အထိတွေ.သမျှ အမျိုးသမီးအမည် အားလုံးသည် ယနေ. ယုံကြည်သူ ယောကျား၊မိန်းမကို ဆိုလိုပြီး လူပျိုသည် ယေရှုခရစ်ကို ပုံဆောင်ပါသည်။ အငယ်၃တွင် နာမတော်သည် သွန်းလောင်းသော နံ့သာဆီဖြစ်ပါ၏ဟု သူ၏ဂုဏ်၊ ၊ဖြစ်ခြင်းကို ပြန်လည်ဖေါ်ပြသည်။ဘုရားတိုင်း နာမဂုဏ်ရှိပါသည်။ (ဥပမာဗုဓ္ဒ=ကိလေသာအိပ်ပျော်ခြင်းမှ လန်.နိုးသူ) 
(အလာ= Only God/The Judge of Humankind)စသဖြင်.။ လူတွေလည်း မိမိအဖိုး၊အဖွါး၏ တတ်နိုင်စွမ်းဆောင်နိုင်ခြင်းကို မိမိမြှေး၊မြစ်တွေကို နာမယ်ပေးလေ.ရှိတယ်။ တချို.ကျတော. ဘာရည်ရွယ်ချက်မှမရှိဘူး။ မွေးခါစခလေးကို ခွေးတက်နင်းမိလို. (Awih Lam Thang)တဲ.။ မြန်မာလို (အေးလွင်သောင်း) နာမယ် လှလှလေးလေးဖြစ်သွားတယ်။ ကျွန်တော်နာမယ်လဲ ရွှေ၊ငွေ များစွာ ပိုင်ဆိုင်စေလိုသော အဖိုးရဲ. ဆန္ဒ၊ဖြစ်ခြင်း။ ကျွန်တော်.ရဲ. လက်ရှိ ဖြစ်ခြင်းနှင်. ဘာမှမဆိုင်ဘူး။ ယေရှု ဆိုသည်. နာမသည် သူများ၏ ဖြစ်ခြင်းလုံးဝမဟုတ်၊ သူကိုယ်တိုင်က ကယ်တင် ရှင် ဖြစ်နေသည်။(တမန် ၄း၁၂ ထိုသခင်၏နာမတော်မှတပါး ငါတို့ကိုကယ်တင်နိုင်သော နာမတစုံတခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ်မရှိဟု ပေတရု သည် ထိုသူတို့အား မြွက်ဆို၏။) အခန်း ၃-၄-၅ တခုလုံး ကျွန်တော်တို.ကို ဘယ်လောက်ထိ စွဲလန်းတယ်ဆိုတာကို ရေးထားတယ်။ Be loved/ Darling လို. ငါ.အသဲ၊ငါ.နှလုံးလို. သုံးနှုံန်း ထားပါတယ် ။ချစ်သောသူကို လမ်းမတို့တွင် ရှာမည်ဟု ဆိုလျက်ရှာ သော်လည်း မတွေ့၊၊ တော၌ ကျင်လည်သော သမင်ဒရယ်များ။ ချိုးငှက်ကဲ.သို.။ပန်းသီး။ ပတ္တမြား၊ ပန်းကဲ.သို. နူးညံ. သိမ်မွေ. ဆုံး တင်စား ထားပါသည်။ ဘုရားသခင်သည် ဘုရားဖြစ်သည်.အတွက် လောကသို. ဆင်းစရာမလိုပဲ ကောင်းကင်မှ ကယ်၍ရပါသော်လည်း တခြားသော ဘုရားနည်းတူ သခင်နှင်. ကျွန်လို မဆက်ဆံစေချင်ဘူး။ ကျွန်တော်တို.နှင်.အတူဆင်းရဲဒုက္ခ  မေတ္တာပြခြင်းကြောင်.
 စောလမုန်သည် နောက်တခါ သိုးထိန်း ပုံစံမဟုတ်တော.ပဲ အိမ်ရှေ.မင်းအဖြစ်သွားသော်လည်း ခြံစောင်.မလေးသည် သူနှင်. ချစ်တင်းနှောကာ မေတ္တာပြခဲ.ပြီးပြီဖြစ် သောကြောင်. မကြောက်တော. သလို ကျွန်တော်တို.လည်း မကြာခင် မြင်းဖြူစီးပြီးကြွလာမယ်၊ တရားပလ္လင်ရှေ.တရားစီရင်သောအခါ အနှစ် ၃၃လုံးလုံး ကျွန်တော်တို. နှင်. မေတ္တာမျှခဲ.ပြီးသူထိုယေရှုကို ကြောက်စရာမလို တော.ပါ။
 ယေရှုသည် ပရောဖက် ဟောရှေက ခလေးအမေ၊ ပြည်.တန်ဆာမကို သူများမပေးနိုင်သော ဈေးဖြင်. ရွေးဝယ် ခဲ.သလို ကားတိုင်ပေါ်တွင် ဘယ်လူသား၊ဘယ်ဘုရားမှ ပေး၍မရ၊ ပေးလဲမပေးနိုင်သော သူ.အသွေးတော်အားဖြင်. ဈေးဖြတ်ရွေး ဝယ်ပြီးဖြစ်သောကြောင်. ထို ဘုရားသခင်၏ သားဖြစ်ရသောအခွင်.ထက် သာလွန် သောအခွင်.ရေး မရှိတော. ကြောင်း။ (ဟာလေလုယားးးး။ AMEN...)
လွန်ခဲ.သော ၁၀နှစ်ကျော်က လူတိုင်း အီမေးလ်မသုံးပဲ စာအိတ် ကလေး နဲ.ပဲ ကိုယ်.သိပ်ချစ်သူထံကို ဘယ်လောက်ချစ်တယ်ဆိုတာ စာမျက်ပေါင်း များစွာရေးကြပါတယ်။ ချစ်သူထံမှစာပါလာကြောင်း လာပြောတဲ. စာပို.လုလင်ကို ရှေးလူကြီးတွေ နေမင်းကြီးမြော်သလို
 မြော်လင်.နေတတ်တယ်၊ စာကို မဖေါက်မီ သူများဖေါက်မဖေါက်၊ အပေါ်အောက် သေချာစစ်ဆေး၊ ထမင်းလုံးကော်ကပ်တာတောင် လက်ရာမပျက်အောင်ဖွင်.ရတယ်။ စာကို ဖတ်ဖန်များတော. အလွတ်ရပြီး အိမ်မက်မှာ တွေ.လို.တွေ.ငြား ခေါင်းအုံး အောက်မှာ ထည်.အိပ်ရသေးတယ်။ ညအိပ်ရင်း ဘာ.ကြောင်. သူရေးပြီး သားစာကြောင်းကို ပြန်ဖျက်သလဲ…လို.စိတ်ကူးပေါင်းတထောင်နဲ.
အတူ ဖယောင်းတိုင်မီးထွန်းပြီး ထိုဖျက်ရာကို အပေါ်၊အောက်လှန် ဖတ်ပြီး ပြန်ထဲ.ပြီး သက်ပြင်းတချက်ချကာ အိပ်လိုက်ရတယ်….
ဘာ.ကြောင်.လဲ.. သိပ်ချစ်တော. သိပ်စွဲလန်းတယ်…. သူဘာပဲပြောပြော သူ.စိတ်တိုင်းကျ မိုးကောင်းကင်ကင်ကို ဒူးတိုက်ပါဆိုလဲ မကြောက်တော.ပါ။ သူ.အလို၊သူ. ဆန္ဒကို အလိုလိုနေရင်း ကြိုးစားဖို.မလိုပဲ လုပ်ချင်လာတယ်၊ မပင်ပန်း တော.ပါ။သူမကြိုက်သည်. ဆေးလိပ်၊အရက် ဖြတ်ပြီးသား
 ဖြစ်သွားသည်။ ထာဝရဘုရား၏ အလိုချင်ဆုံးအရာသည်
 Thank you Lord လို. ချီးမွမ်းခြင်းကလွဲရင် ဘာမှ ဘုရားသခင် စိတ်တော်နဲ. မတွေ.နိုင်ပါ။ နူနာသယ် ၁၀ဦးမှာ တပါးအမျိုး သားတဦးသာ ယေရှုထံ ပြပ်ဝပ်လျှက် ကျေးဇူးတော်ချှီးမွမ်းခြင်းဇစ် Worshipကို ပြုတာဖြစ်သည်.အတွက်  အပြစ်ကြောင်.ဖြစ်သော အတွင်းဒဏ်ရာပျောက်ခြင်းပါ ခံစားရ ကြောင်း သိရတယ်။ သင်.အာရုံငါးပါးမှလာသောခံစားချက် ကြောင်.ဖြစ်ပေါ်နေသည်. အမာရွတ်များမှ လွတ်ခြင်းရဖို. ခြေတော်ရင်း၌ ပြားဝပ်လျှက် ချီးမွမ်းခြင်းဇစ်ပလ္လင်တည်ပါ။ ခွင်.မလွတ်နိုင်ခြင်းနှင်. မန်မာနကြောင်. ယနေ. အရှေ.အလယ်ပိုင်းက အဖြစ်ပျက်သည် လူသားတခုလုံး ကို နောက်ဆုံးသောကာလသို. မီးမောင်းထိုးပြနေပြီ။ များစွာသောခရစ်ယန်များ လည်ပင်းအဖြတ်ခံပြီး မာသုရ အသေခံနေချိန်မှာ ထိုသူတို.ရဲ. ယုံကြည်ခြင်း၊ ဘုရားသခင်ရဲ. ချစ်ခြင်းမေတ္တာအပေါ် သစ္စာရှိခြင်းကို ကြည်.ပြီး မိမိယုံကြည်ခြင်းအား စစ်ဆေးဖို.အချိန်တန်ပြီ။ သင်ဘာပဲ လုပ်လုပ် ဘုရားသခင် သင်.ကိုချစ်တယ်….သို.သော် အပြစ်ကိုတော. ဘုရားသခင် သိပ်မုန်ပြီး သိပ်ရွံတယ်။ နောက်တခါ မမှားဖို.ပြောပါတယ်။ Go and sin no more (john 8:11)။ သင်သည် ဘုရားသခင်က ငါသည် ဒီလောကထိ အပြစ်သားဖြစ်နေလျှက်နဲ. ချစ်သည်… ခွင်.လွတ်သည်ကို သင် ကကနဏ သဘော ပေါက် နားလည်မည်ဆိုလျှင် သင် ခွင်.မလွတ် နိုင်သောသူ လောကတွင် ရှိတော.မည် မဟုတ်ပါ။ ရန်သူဟု ထင်ခဲ.ဘူးသူပင်လျှင် ပို ချစ်လာလိမ်. မည်။ ယခင်က မိမိကို တခါပြောရင် ၂ခါပြန်ချေပချင်သော်လည်း မိမိအတင်း အဖျင်း ပြောမှန်းတောင်မသိပဲ ရောယောင်ပြီး ရီ တတ်လာလိမ်.မယ်။ ထိုအရာသည် အထဲမှလာသော စစ်မှန်သော ခွင်.လွတ်ခြင်းနဲ. ချစ်ခြင်း ကြောင်.သာဖြစ်သည်။ ထိုအခါ သင်သည် ယေရှု ကြောင်. ခပ်သိမ်းသောအရာ ငါ တတ်စွမ်းနိုင်၏(ဖိ ၄း၁၃) ။ 
ထိုစိတ်သဘောဖြင်. လုပ်ဆောင်သမျှ အရာအားလုံးသည် အာဗေလ ပူဇော်သော ယစ်ကဲ.သို. ဘုရားအတိမှတ်ပြုကာ ဒီလောက၌ သာမ ကပဲ ကောင်းကင်ဘုံ၌လည်း ထပ်၍ရိတ်သိမ်းရမည်ဖြစ်ကြောင်း
 ဝေမျှရင်း အယောက်တိုင်းအတွက် ကောင်းကြီးရှိပါစေ။ (အာမင်း)

"ခဏလောက် စောင်.လိုက်ပါ"

အချိန် စောင့်လိုက်ပါ 
တခါတုန်းက ပညာရှိ အဖိုးအိုတဦးနဲ့ သူ့တပည့်တွေဟာ ခရီးတခုကို အတူထွက်လာခဲ့ကြ တယ်။ လမ်းခရီးတခုမှာ တောနက်ထဲ ရောက်တဲ့အခါ သူတို့အားလုံး ခဏနားကြတယ်။သောက်စရာ ရေလည်း ကုန်နေပြီဖြစ်တဲ့အတွက် မလှမ်းမကမ်းမှာရှိတဲ့ အိုင်ထဲကနေ ရေသွားခပ်ဖို့ အဖိုးအို က စေညွှန်လိုက်တယ်။ ဒီတော့ တပည့်တွေလည်း ရေကန်ရှိရာကို သွားကြတယ်။ အဲဒီအခါမှာ ရေကန်မှာ မကြာသေးခင်ကမှ သမင် ဒရယ်တွေ ရေသောက်ဆင်းလာကြတဲ့ အတွက် ရေတွေနောက်ပြီး အနည်တွေ ထနေတာ တွေ့လိုက်ရတယ်။ ဒီတော့ တပည့်တွေ လည်း စိတ်ပျက်လက်ပျက်နဲ့ အဖိုးအိုဆီ ပြန်လာခဲ့ကြတယ်။ အဖိုးအိုကလည်း ဘာမှမပြောပဲ ဒီအတိုင်းပဲတိတ်တိတ်ဆိတ်ဆိတ်နေတယ်။
 နောက်တနာရီလောက် ကြာတဲ့အခါ တပည့်တွေ ကို ရေသွား ခပ်ခိုင်းပြန်တယ်။ ဒီတခါတော့ ရေကန်ဟာ အနည်တွေထိုင်ပြီး အပေါ်ကရေတွေ ကြည်လင်နေတာကို တွေ့လိုက်ရတယ်။
 ဒီတော့ ဝမ်းသာအားရနဲ့တပည့်တွေအားလုံး ရေခပ်ပြီး
 ပြန်လာကြတယ်။ ဒီတော့ အဖိုးအိုက မေးတယ်။ 
'' ရေတွေ အားလုံး ကြည်လင် သွားအောင် ဘာ လုပ်လိုက်ကြသလဲ'' ဘာမှ မလုပ်ပါဘူး'' တပည့်တွေ အားလုံး ဝိုင်းဖြေကြတယ်။ အဲဒီထဲကမှ တပည့်တယောက်က ဖြေတယ်။ '' အချိန်စောင့်လိုက်ရပါတယ်'' အဖိုးအိုက ပြုံးပြီး ပြောတယ်။ '' ဟုတ်တယ် ရေကန်ထဲက ရေတွေအားလုံး ကြည်လင်ဖို့ 
ဘာမှမလုပ်ပဲ အချိန်တခုကို စောင့်ရပါတယ် အဲဒီလိုပဲ တစုံတခုက သင်တို့ကို ဒေါသထွက်အောင် နာကျင်အောင် ပြုလုပ်လို့ သင်တို့ စိတ်တွေ နောက်ကျိနေပြီဆိုရင်... ဘာမှမလုပ်ပဲ ဒီအတိုင်းပဲ ထားလိုက်ပါ။ အချိန်ကာလတခု လွန်မြောက်ပြီးတဲ့အခါ ဒေါသတွေ အမုန်းတရားတွေ မရှိတော့ပဲ စိတ်ဟာ ပြန်လည် ကြည်လင် လာပါလိမ့်မယ်'' သင့်စိတ်ကို တစုံတaယာက်က နာကျင်အောင် ထိခိုက်အောင် ဒေါသထွက်အောင် ပြုလုပ်လို့သင့်စိတ်
 နောက်ကျိနေပြီဆိုရင်တော့... ... ထားလိုက်ပါ။ ဘာမှမလုပ်ပဲ ဒီအတိုင်းပဲထားလိုက်ပါ။ အချိန်ပေးလိုက်ပါ။ အချိန်ကာလတခု ကျော်လွန်ပြီးတဲ့အခါ အရာရာ ဟာ ပြန်လည်ကြည်လင် သွားပါလိမ့်မယ်။
ကြို တင်၍ ယုံ ကြည် ခြင်း
 ငါသည် အလျင်အမြန်လာမည်၊ မှန်ပေ၏။ ဗျာ ၂၂း၂၀ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမန် အကျဉ်းစခန်း၌ အမေရိကန် အကျဉ်းသား အချို့က အစောင့်တပ်သားများ မသိအောင် အိမ်လုပ် ရေဒီယို အကြမ်းထည်တစ်လုံးကို လျှို့ဝှက်စွာ တပ်ဆင်ခဲ့ကြသည်။ တစ်နေ့တွင် ဂျာမန် အဆင့်မြင့်တပ်မကြီး လက်နက်ချ၍ စစ်ပွဲ အဆုံးသတ်သွားပြီ ဟူသောသတင်းကိုသူတို့ ကြားသိလိုက်ရသည်။ ဆက်သွယ်မှု ပြတ်တောက် နေ၍ ဂျာမန်အစောင့်များက ထိုသတင်းကို မသိကြသေးပါ။ ထိုသတင်းက အကျဉ်းသား များကြားပျံ့သွားစဉ် အားလုံးက အော်ဟစ်ပျော် သွားကြသည်။ သုံးရက်တာမျှ သူတို့သည် သီချင်းဆိုလျက်၊ အစောင့်များကို ဝှေ့ယမ်း နှုတ်ဆက်လျက်၊ ထမင်းပွဲ၌ ရယ်မောလျက် ပျော်ရွှင်ခဲ့ကြသည်။ လေးရက်မြောက်နေ့၌ သူတို့နိုးလာချိန်တွင် ဂျာမန်များကို မတွေ့ရတော့ဘဲ အားလုံးထွက်ပြေးသွားကြောင်း သိလိုက်ရသည်။ ၎င်းတို့ စောင့်ဆိုင်းရမှု အဆုံးသတ်လေပြီ။ သမ္မာကျမ်းစာမှ ပုံဥပမာများစွာတွင် အဓိကအားဖြင့် စောင့်ဆိုင်းခြင်း အကြောင်းကို အခြေခံသည်။ အာဗြံဟံသည် သားရရန်အတွက် စောင့်ဆိုင်းခဲ့ရသည်။ (က ၁၂-၂၁)။ ဣသရေလလူတို့သည် အီဂျစ်ပြည်မှ လွတ်မြောက်ရန် စောင့်ဆိုင်းခဲ့ကြရသည်။ ပရောဖက်များသည်လည်း ၎င်းတို့၏ ပရောဖက်ပြုချက်များ ပြည့်စုံရေးကို စောင့်ဆိုင်းခဲ့ ရသည်။ တပည့်တော်များကလည်းသခင်ယေရှု မေရှိယကဲ့သို့
 ပြုမူလှုပ်ရှားမည့်အချိန်ကို စောင့်ဆိုင်းကြသည်။ ဗျာဒိတ်ကျမ်း၌ ခရစ်တော်၏နောက်ဆုံးစကားမှာ `ငါသည် အလျင် အမြန်လာမည်´ ဟုမိန့်တော်မူသည်။ `အာမင် .. သခင်ယေရှုကြွလာတော်မူပါ။´ဟု စိတ်အားကြီးသော ဆုတောင်းချက်နှင့် ဗျာဒိတ်ကျမ်းက အဆုံးသတ်သည်(ဗျာ ၂၂း၂၁)။ ထိုအချိန်ကို ကျွန်ုပ်တို့စောင့်နေ ဆဲဖြစ်သည်။ ကျွန်ုပ်တို့ စောင့်ဆိုင်းနေစဉ် မကြာခဏ အဘယ်ကြောင့် ကြောက်ရွံ့လျက် စိုးရိမ်သောကရောက် ရသနည်း ဟုမိမိကိုယ်ကို မေးမိပါသည်။ ပျော်ရွှင်နေကြသော မဟာမိတ်အကျဉ်းသားများ ကဲ့သို့ မိမိယုံကြောင်း ဝန်ခံလက်ခံထားသည့် သတင်းကောင်း အတိုင်း ကျွန်ုပ်တို့လည်း ကြိုတင်ဆောင်ရွက်နိုင်သည်။ ဘုရားကို ယုံကြည်ခြင်းကား အဘယ်နည်း။ နောက်ကြောင်းပြန်လှည့်ကြည့်မှ အဓိပ္ပာယ်ရှိသောယုံကြည်ခြင်းပင် မဟုတ်ပါလား။
(Philip Yancey) ယုံကြည်ခြင်းသည် စိုးရိမ်ခြင်း၊ သံသယနှင့် ကြောက်စိတ်များကို ကျော်ပြီး အနီးတွင် အစဉ်ရှိလျက်၊ စောင့်ဆိုင်းနေသော ကယ်တင်ရှင်ကို တွေ့မြင်၏။  French စောင့်ဆိုင်းခြင်းက ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို စစ်ကြောသည်။ ထို့ကြောင့် မျှော်လင့်ခြင်းဖြင့် စောင့်ဆိုင်းရာ၏။

August 11, 2014

NOAH'S ARK (နောဧလှေ)


           တောင်တန်းများပေါ်တွင် ရှာဖွေတွေ့ ခဲ့သည်.
             သမ္မကျမ်းထဲမှ နိုအား (Noah)ရဲ့ လှေကြီး 
ပုံပြင်ဆန်လှသည့် နိုအားရဲ့  လွတ်မြောက်ခြင်းလှေကြီး ဇတ်လမ်းကို ရုပ်ရှင်အဖြစ်ရိုက်ကူး တာကြည့်ရပါတယ် ၊ ကမ္ဘာကြီးရေလွှမ်းမည့် ကပ်ဘေးကို ကြိုသိခဲ့သူ နိုအားနဲ့  သူ့ ကိုယုံကြည်သူ တွေဟာ ကြီးမား တဲ့ လှေကြီး တစင်းတည်ဆောက်ပြီး လွတ်မြောက်သွားခဲ့တာပါ။ ရာဇ၀င်ထဲကလှေကြီးကို ခုတော့ ဂြိုလ်တုကနေ တဆင့် တူရကီနိုင်ငံ ရဲ့ တောင်တန်းတွေမှာ ပညာရှင်တွေကရှာဖွေတွေ့ ရှိခဲ့ပါပြီဖြစ်ပါတယ်။
 ခေတ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရလို့  လှေကြီးရဲ့  အပေါ်ရံပိုင်းပျက်စီး ခဲ့ပေမယ့်  အတွင်းမှာတူး ဖေါ် တွေ့ ရှိတဲ့ အထောက်အထား ပစ္စည်းအသုံးဆောင် တော်တော်များများတွေ့ ရှိခဲ့တယ်။ လှေကြီးအကျယ်ဝန်းကဘောလုံးတကွင်းစာလောက် ကျယ်ပြန့်ပြီးသုံးထပ်တိုက်တလုံးလောက်မြင့်ပါတယ်။ သမိုင်းသုတေသီတွေ သုံးသက်တာကတော့" နိုအား" ရဲ့ လှေကြီး ဟာ ရေခဲခေတ်တခုကို ရောက်ပြီး ရေခဲများအကြားညပ်နေခဲ့ရာက ခုလိုတောင်ထိပ် တနေရာမှာ ရောက်သွားတာဖြစ် တယ်လို့ ခန့် မှန်း ပါတယ်။ ခရစ်ယာန်တစ်ယောက် မဟုတ်တဲ့အတွက် " နိုအား" (Noah) (နောဧ - Noe လို့လည်း ခေါ်ကြပါ တယ်) ဆိုတဲ့လူအကြောင်းကို သူတို့လောက်တော့ မသိပါဘူး။ ကိုယ်တော်သည် မတရားသော အမှုကို နှစ်သက်သောဘုရားမဟုတ်။ ဆိုးသောသူကို လက်ခံတော်မမူ။ ” - ဆာလံကျမ်း ၅း၎ ခရစ်ယာန်သမ္မာကျမ်းစာ အရတော့ အဲဒီခေတ်တုန်းက ဘုရားသခင်က လူတွေရဲ့ စဉ်းလဲမှု၊ မသမာမှု၊ မလိုက်နာမှုတွေကြောင့် ဒီအပြစ်သားတွေကို ဒဏ်ခတ်တဲ့အနေနဲ့ ကမ္ဘာမြေကြီုးပေါ်မှာ ရေလွှမ်းမိုးမှုကြီး (The Great Deluge) တစ်ခုကို ဖန်ဆင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီ" နိုအား" လို့အမည်ရတဲ့ လူကတော့ မှန်ကန်ဖြောင့်မတ်သူ တစ်ယောက် ဆိုတာကို ဘုရားသခင်က သိမြင်တော်မူတဲ့ အတွက် ရေလွှမ်းမှု မကြုံခင် သူ့ကို လှေကြီးတစ်စီး ဆောက်ခိုင်း ပါတယ်။ ဒီလှေကြီးဟာလည်း ယနေ့ထိကျမ်းစာထဲမှာ Noah's Ark ဆိုပြီး အမည်တွင်ပါတယ်။ " နိုအား" အပါအ၀င် သူ့မိသားစုနဲ့တကွ အခြား တိရိစ္ဆာန်အမျိုးအစား တိုင်းရဲ့ အထီးအမ တစ်စုံစီကိုဒီလှေကြီးပေါ်
 ဆောင်ယူပြီး ကယ်တင်စေခဲ့ပါတယ်။ အဲဒီ့နောက် ခရစ်ယာန် သမိုင်းမှာ ကြောက်ဖွယ် အကောင်းဆုံး ရေလွှမ်းမိုးမှုကြီးကို ဘုရားသခင်က ရက်ပေါင်း တစ်ရာ့ငါးဆယ်တိုင် တိုင် ကမ္ဘာကြီး ကို ရေလွှမ်းမိုးစေပြီး အပြစ်ပေးခဲ့တယ်လို့ အဆိုရှိခဲ့ပါတယ်။

August 8, 2014

"4 BLOOD MOON" ဘယ်တော.လဲ.....??

! အိသရေလလူမျိုးများနှစ်စဉ်ပွဲတော် (ရ)မျိုး !
(ဝတ်ပြုရာကျမ်း ၂၃)
 ပသခါပွဲ(Passover)သည်(အိသရေလလူမျိုးအဲက္ကုတုပြည်မှထွက်ခါနီး ဖါရောဘုရင်ကို ဘုရားသခင်က စိတ်ခိုင်မာစေပြီး နိမိတ်လဏ္ခာ ၁၀မျိုး ပြခဲ.သည်။နောက်ဆုံး(၁၁)မျိုးမြောက်သိုးသူငယ်အသွေးအား တံခါးတွင်သုတ်စေခြင်းဖြင်. သေမင်းတည်းဟူသော ဖါရောဘူ၇င် လက်မှ လွတ်မြောက်ခဲ.သည်။သိုးသူငယ်အသွေးအားဖြင်. သေမင်းမှ
လွတ်ခြင်းကိုအစွဲပြု၍ ပြုလုပ် သောပွဲ(ပသခါ)ဖြစ်သည်။ 
အဲက္ကုတု=လောက၊  
ဖါရောဘုရင်=(စာတန်)၊ 
နိမိတ်လဏ္ခာ ၁၀မျိုး=ပညာတ်တော်၁၀ပါး။ ပညာတ်တော်အားဖြင်.ကယ်တင်ခြင်းမရပဲ ခရစ်တော်၏အသွေးတော် အားဖြင်.ကယ်တင်ခြင်းရမည်.အကြောင်း၊ဖြစ်လာသည်။(၁ကော ၅းရ) အိသရေလလူမျိုးများသည် အဲက္ကုတုပြည်မှထွက်ရန် လူထု အစည်းဝေး လုပ်၊ လက်နက်စုဆောင်း၊ နိုင်ငံရေးဟောပြောခြင်း မလုပ်ပါ၊ ဘုရားခိုင်းသည်. သိုးသူငယ်၏အသွေးအားဖြင်.လွတ်လာခဲ.သည်။
ထိုပသခါကျင်းပသည်. ရက်၊လတွင် ခရစ်တော်ကား တိုင်တင်ခြင်း ခံရသည်။(ယော ၁၉း၁၃)
ထိုနည်းတူ အခြားပွဲတော်ဖြစ်သော အာယုမပွဲ။ အဦးသီးသော အသီးချီလွဲပွဲ။ မုန်.နှစ်လုံးပေါင်းပွဲ နှင်.တဲတော်အောက်မေ.ပွဲ (Sukkoth)၄ခုသည် ပြည်စုံပြီဖြစ်သော်လည်း ကျန် တံပိုးမှုတ်၊ တကေနီ နှင်.သီးနှံရိတ်သိမ်းပွဲ သည်ချီဆောင်ခြင်းအပြီး၊ အနှစ်၁၀၀၀မှပြည်. စုံမည်.ပွဲဖြစ်သည်။ ဘုရားသခင်၏ပြက္ခဒိန်သည် အိသရေလ (အစ္စရေးလူမျိုးဖြစ်သည်ဟု ပြောနိုင်ပါသည်။ လက်ရှိ ရုရှားနိုင်ငံသည် အိသရေလတိုင်းပြည်ကို အမှုန်.ချေပြီး ကမ္ဘာ.မြေပုံမှဖယ်ရှားချင်သည်၊ သူ.လက်အောက်ခံနိုင်ငံဖြစ်စေချင်သည်၊အစ္စရေး၏ရန်သူဟူသမျှ လက်နက်ထောင်ပံ.နေသည်။
ယနေ.ဘုရားသခင်က အိရေလလူမျိုးအတွက်အပြောင်းအလဲ တခုခုလုပ်တော.မည်ဆိုလျှင် နေ၊လ၊ကြယ်ကိုအသုံးပြုပြီးနိမိတ် လဏ္ခာပြ လေ.ရှိသည်ကိုတွေ.ရသည်။ ကယ်တင်ရှင်ဖွါးမြင်မည်. အကြောင်းကိုလည်း ကြယ်ဖြင်.ပြခဲ.သလို အိသရေလူမျိုးအတွက် လိုအပ်ပါကနေ၊ လကိုပင်လျှင်ရပ်စေပါသည်၊(Js10:13) 
 နေနှင်.စကြာဝဠာ အားလုံးကို ဘုရားထိန်းချုပ် ထားသည်ကို နားလည်ရပါသည်။
 ထိုအရာကို သိပံ္ပပညာ၇ှင်တွေကလည်း လက်ခံသည်။ 
(The world’s greatest scientists at NASA confirm that the four blood Moons have happened 3 times in 500 year.And it’s getting ready to happen again starting in april 2014) မှတ်တမ်းအတည်ပြုချက်အရ အနှစ်၅၀၀ခြား လျှက်လကြတ်ခြင်း သုံးကြိမ်ဖြစ် လေ.ရှိသည်။
လကြတ်တယ်ဆိုတာ နေ၊ကမ္ဘာ၊လ တတန်းတည်းကျသည်.အခါ လသည် တခြမ်း(သို.)တခုလုံး အသွေးကဲ.သို. နီမြန်းသော အရောင် အဖြစ်မြင်ရသည်။
ထိုကဲ.သို.လကြတ်ပါက ထူးဆန်းသောပြောင်းလဲမှုဖြစ်လေ.ရှိသည်ကို 
အောက်ပါ NASA မှတ်တမ်းအရသိရှိနိုင်ပြီး ကျမ်းစာကပြောသော အိသရေလလူမျိုးများအပေါ် ဘုရားအလုပ်လုပ်ပုံကိုသိရှိနိုင်ပါသည်။  

PASSOVER ECLIPSE= ပသခါပွဲရက် လကြတ်ခြင်း 
SUKKOT ECLIPSE = တဲတော်ပွဲ၌လကြတ်ခြင်း။ 

AD 32    ~   (PASSOVER ECLIPSE/SUKKOT ECLIPSE) 
AD 33    ~   (CRUCIFIXION) ကားတိုင်တင်ခြင်း 
                   (CRUCIFIXION DARKNESS) 
AD 70    ~    (PASSOVER ECLIPSE) 
AD 70    ~    (SUKKOT ECLIPSE) 
AD 162/163~(PASSOVER / SUKKOT ECLIPSE)

* AD 795/796 (PASSOVER / SUKKOT ECLIPSE)
* AD 842/843 (PASSOVER / SUKKOT ECLIPSE) 
* AD 860/861 (PASSOVER / SUKKOT ECLIPSE) 

> 1493/1494 Jew expelled(စပိန်မှဂျူးးလူမျိုးကို နှင်ထုတ်ခြင်း) 
> 1949/1950 Isreal declared a nation.
> 1967/1968 Six day War.(၆ရက်စစ်ပွဲ)

2014/2015  (ဗိမ္မာန်တော်ပြန်လည်တည်ထောင်ခြင်း)
 Rev 11:1ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများကို
 ယေရှုခရစ်သည် မိမိအစေခံ ကျွန်တို့ အားပြစေခြင်းငှါ၊ ဘုရားသခင်အပ်ပေးတော်မူသော ထိုသခင်၏ဗျာဒိတ်တော်ကို ဆိုပေအံ့၊ ထိုသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော် အရိပ်ကို ပြတော်မူ၏။ 2ယောဟန်သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ်၏ သက်သေခံတော်မူချက်ကို၊ မြင်သမျှအတိုင်းသက်သေခံ၏)  

* 2014.04.15 PASSOVER ECLIPSE 
* 2014.10.8 SUKKOT ECLIPSE 
* 2015.3.20 A NEW YEAR FOR KINGS
* 2015.04.04 PASSOVER ECLIPSE
* 2015.09.08 SUKKOT ECLIPSE 
* 2015.10.13 FEAST OF TRUMPETS. 
(မာကု ၁၃း၂၃ သင်တို့သည်သတိပြုကြလော့၊ထိုအကြောင်းအရာ
ရှိသမျှကို ငါပြောနှင့်ပြီ။ 
၂၄ ထိုကာလ၏ ဒုက္ခဆင်းရဲခြင်း နောက်မှနေသည် မိုက်လိမ့်မည်။ လသည်အရောင်မပေး။၂၅ ကောင်းကင် ကြယ်တို့သည် ကျကြလိမ့်မည်။ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။) 
 လုကာ ၂၁း၂၅   ထိုအခါ၊ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ်ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်းလူအမျိုးမျိုး 
မငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း၊သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊ ၂၆ မြေကြီးပေါ်မှာဖြစ်လတံ့သော ဘေးများကိုမြော်၍
 ကြောက်လန့်သဖြင့်၊ လူများတို့၏အသက်ဆုံးခြင်းအမှုအရာ တို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်
တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ 
၂၇ ထိုအခါလူသားသည် ကြီးစွာသောဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ်ကိုစီး လျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။
 ၂၈ ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊သင်တို့ကို
 ရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့်
 မြော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။ 
၃၆ ထိုကြောင့် သင်တို့သည် ဖြစ်လတံ့သောအမှုအရာတို့နှင့်
 ကင်းလွတ်၍လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊အစဉ်ဆုတောင်းလျက်
 စောင့်နေကြလော့ ဟု မိန့်တော်မူ၏။ 
၁သက် ၅း ၉ အမျက်တော်ကို ခံစေခြင်းငှါ
ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည်မဟုတ်။
 ငါတို့သခင်ယေရှုခရစ် အားဖြင့် ကယ်တင်ခြင်းကို ခံရစေခြင်းငှါ ခန့်ထားတော်မူ၏။
ဘုရားသခင် အယောက်တိုင်းကို ကောင်းကြီးပေးပါစေ။ ( နေ.ရက်အချိန်ကို ရွေးနုတ်ပြီး၊ဝိညဉ်အကင်းပါးသူများ ဖြစ်ကြပါစေ)
 p

July 30, 2014

ဆာလံ ၉၁

(ဘုရားဂတိတော်များ)


(ကျမ်းစာကို မလေ.လာမီ ကြိုတင် သိသင်.၊သိထိုက်သောအရာများ)

            ကျမ်းစာကိုမည်သို.လေ.လာမည်နည်း။
(၁)ကျမ်းစာတွင် သမ္မာတရားရွှေရတနာသိုက်များစွာရှိပါသည်။ (၂)လူတိုင်းသည် Technology Students ဖြစ်မလာနိုင်သော်လည်း သမ္မာကျမ်းကို နက်နက်နဲနဲ လေ.လာသောကျောင်းသား 
(Serious Bible Students)ဖြစ်နိုင်သည်။ 
(၃)ဝိညာဉ်လူ(Spiritual Man) ကသာလျှင် သမ္မာတရား၏ အနက်နဲဆုံး တန်ဖိုးကို နားလည်နိုင်သည်။(၁ ကော ၂း၁၄) သမ္မာကျမ်းစာကို အကျိုးရှိရှိလေ.လာလိုသူအတွက် သိ၊ရှိရမည်. အဓိကအချက်များ။(Conditions For Profitable Bible Study) ကျမ်းစာကိုမည်သို. လေ.လာရမည်ဆိုသည်.အချက်မပြောမီ ကျမ်းစာလေ.လာမည်ဆိုပါက ကြိုတင်မရှိမဖြစ်၊ မသိမဖြစ် အရေးကြီးသောအရာများကို သဘောပေါက်ရန်လိုပါမည်။
(Prior to study it is more important to meet the fundamental condition than merely following the best procedures)။
(၁) Optaining Spiritual Understanding : ဝိညာဉ်အားဖြင်. ဒုတိယမွေးခြင်း ခံသောသူ ဖြစ်ရပါမည်။ ကျမ်းစာလေ.လာသူသည် ဂရိတ်၊ဟေဗြဲ၊အာရေမိ ဘာသာ စကားတတ်ကျွမ်းခြင်းထက် သန်.ရှင်းသောဝိညာဉ်တော်၏ အလေ.အလာ၊သန်.ရှင်းသော
ဝိညာဉ်၏သဘောသဘာဝကို နားလည်ရန်ပို၍ အရေးကြီးပါသည်။ (ရှင်ယောဟန် ၃း၃-၈) 
(၂)Gaining Spiritual Appetite :သမ္မာကျမ်းစာကို အလွန်ကြိုက် နှစ်သက်သော စိတ်ဆန္ဒရှိရပါမည်။ အသက်မရှင်တော.သော အသေကောင်၊အလောင်းသည် အစာ မစားတတ်ပါ၊ အသက် ရှင်သောသူသာလျှင် အစာစားလေ.ရှိသကဲ.သို.၊ ဝိညာဉ်သက် ရှိသောသူသည် ထာဝရအသက်(abundant life) အတွက် နုတ်ကပတ်တော် အစာ အလွန်ဆာလောင်မှု၏ နှိုးဆွပေးသော အသက်တာရှိရပါမည်။(ယောဘ၂၃း၁၂၊ ယေရမိ ၁၅း၂၆)။ (၃)Digging For Treasures : ရတနာသိုက်တူးသူကဲ.သို. ကြိုးစားလိုစိတ်ရှိရမည်။ကျမ်းစာတခုလုံးတွင် ဘုရားအသုံးပြုသော သူမှန်သမျှ ပျင်းရိပြီး လုံ.လမရှိ၊ဝါယမစိုက်ထုတ်ခြင်းမရှိသူကို ဘုရားလုံးဝအသုံးမပြုပါ။ဝှိုက်ထားသော ရတနာသိုက်ရရှိရေးအတွက် ဆန္ဒ(Desire)ရှိရုံလေးနဲ. Destiny ပန်းတိုင် မရောက်နိုင်ပါ၊ ခိုင်မာသော ဆုံးဖြတ်ချက် dertermination ချပြီး၊ အဖိုးအခပေးပြီး ကြိုးစားမှု ရှိရပါမည်။ Gratis/discount ဖြတ်လမ်းဖြင်. ရတာနာ သိုက်ကို မရနိုင်ပါ။(Ps 1:1-2/ Joshua 1:8/Pv 2:1-5). 
(4)Finding The Treasures Keys : မိမိနဂိုခံယူချက်/မိမိအလိုဆန္ဒ အားလုံး ကိုယ်တော်.ထံ Surrender အပ်နှင်းရပါမည်။ မိမိကြိုတင်သိနှင်.ပြီးသား၊ဟိုဆရာ ဒီဆရာ youtube ထဲက ကြားဘူးသောစကား အားလုံးကို delete လုပ်ပစ်လိုက်ပါ၊ “သခင်ယေရှုက ငါသည် ကိုယ်အလိုအလျှောက် ပြောသလော.၊ အထက် ကောင်းကင်ဘုံအဖဘုရားသခင်၏ ဒေသနာတော်ဖြစ်
သလော.” Jn 7:17 ပြော သည်.အတိုင်း ဘုရားရ.စကား၊ ဘုရားဖြစ်စေချင်၊သိစေချင်သည်. အတိုင်းလက်ခံနိုင်ရပါမည်။ သမ္မာတရားကို သမ္မာတရားအတိုင်းလက်ခံပြီး လက်တွေ.ကျ၏၊
မကျ၏ ကျွန်တော်.အမြင်၊ခံယူချက်နဲ.ကိုက်တယ်၊ မကိုက်ဘူးဟု ချိန်ထိုးဖို.မဟုတ်ပါ။ကိုယ်တော်.အလိုတော်အတိုင်း ပုံသွင်းပါဟုသာ ဝန်ခံ ဆုတောင်းပါက သင်.သည် ရတနာသိုက်၏ သော.Key လက်ဝယ်ရရှိပိုင်ဆိုင်သူသဖွယ်ဖြစ်ပြီး ကျမ်းစာအုပ်သည် သင်တခါမှ မဖတ်ရဘူးသေးသော သင်စွဲလန်းနေသော စာအုပ်အသစ်စက်စက် ရထားသလို သင်.ကို အငမ်းမရဖတ်ချင်သောစိတ် နှိးဆွဆွဲဆောင် လာပါတော.မည်။ 
(၅)USE IT OR LOSE IT : သိသိချင်း ချက်ချင်းလိုက်နာရပါမည်။ ကမ္ဘာကျော် ဆရာကြီးတပါးပြောပြချက်အရ နှစ်ပေါင်း ၅၀ မက အမှုတော်ဆောင် သက်တမ်းရှိသူဖြစ်ပြီး ကျမ်းစာကို အကြိမ်ပေါင်း များစွာဖတ်ပြီးခဲ.သော်လည်း ၁၀%ပင်လျှင် ကျမ်းစာသိမည်မဟုတ်ဟု ဝန်ခံသကဲ.သို. များများသိတာထက်၊သိတာလေးတခုကို  apply လုပ်ဆောင်ပါက နောက်တခုထပ်ဖွင်.ပြခြင်းခံရမည်။(ယာဂုတ် ၁း၂၂ နုတ်ကပတ်တော်ကို နာရုံမျှသာမဟုတ်၊ကျင်.သောသူဖြစ်ကြလော.၊ But de ye doers and not hearers only.) မလိုက်နာသောသူသည် သိပြီးသောအရာ အားလုံး ပင်လျှင် အဖျက်ဆီးခံပြီး ဆုံးရှုံးသွား တတ်သည်ပါသည်၊ (မာသဲ၂၅း၂၉)။ 
(၆)Come As A Child …ကလေးသူငယ်ကဲ.သို.ချဉ်းကပ်ရမည်။ မသိသေး သော ကလေးငယ်၏စိတ်နှလုံးအသစ်ကဲ.သို. အကျွှနုပ်ကို သွန်သင်တော်မူပါဟု သခင်ဘုရားကို အားကိုး သောအလေ.အကျင်. ပျိုးထောင်ကာ ဆုတောင်းရပါမည်။(မာသဲ ၁၁း၂၅)။
(၇)Believing God’s Word ။ ဘုရားက သင်.ကိုပြောနေသည်ဟု ခံယူရပါမည်။ ဘုရားက မောရှေကို ပြောသကဲ.သို.၊ ဒံယေလ၊ ၊ယောသပ်၊ ဒါဝိတ်ကို ပြောသည်. နည်းတူ ငါ.ကိုလည်း ဘုရားသခင် ကပြောနေသည်ဟု အကြွင်းမဲ.ယုံကြည်မှု ရှိရပါမည်။ဒါကတော.ဖြင်. ဟို ဆရာက ဟိုလိုပြောတယ်၊ ဟိုစာအုပ် ဟိုForumမှာ ဒီလိုရေးလို. ငါကတော. သဘော မတူနိုင်ဘူး၊ ဘယ်လိုဖြစ်နိုင်မလဲ၊ အရင် ကတည်းက ဒီလိုခံယူလာခဲ.တာ နှစ်ပေါင်းအင်္သချေရှိပြီဟု 
စောဒကတက်စရာအကြောင်းမရှိပါ၊ ဘုရားစကားကို ဘယ်သူမှ 
 ငြင်းပိုင်ခွင်.လုံးဝမရှိပါ။ (ရောမ ၉း၂၀)။ ၁၀၀% ဂတိတော်အပေါ် ယုံကြည်၊စိတ်ချ လိုက်ပါ၊ နောက်မှ-အားမှ- အစဉ်ပြေမှ- အလုပ်ရမှ- ဝင်ငွေကောင်းမှ ဆိုတဲ. complain များစွာနဲ. နေ.ရွှေ.ညရွှေ.မလုပ်ပဲ ချက်ချင်း လက်ငင်း Prompt Obedience လိုက်နာဆောင်ရွက်ပါ၊ EC နဲ. လူထု အစည်းဝေး တင်ပြ ဆွေးနွေးပြီး ၅၀% ထက်ဝက်ကျော်က  
 ထောက်ခံမှ ဆောင်ရွက်ရန်ဆိုခြင်းသည် သဘာဝကျပါသည်၊ (ဒီမိုကရေစီနည်းလမ်း ကောင်းပါသည်..လူမှုအဖွဲ.စည်း၊ နိုင်ငံ.အရေး၊ လူမှုအရေး ဟူသမျှ ဒီမိုစံနစ်အကောင်းဆုံးပါ) But The Kingdom is not a democracy  ဟောပါဆိုဆို.အတိုင်းဟော၊ ပြောပါဆိုသည် ကို ပြောရပါမည်၊ မည်သူမျှ သင်.ဘက်မှာ မပါရင်နေပါစေ။ ဆင်းရဲသား မုဆိုးမကို ရေတခွက်တိုက်ရန်၊ ကိုယ်နှင်.စပ်ဆိုင်သူ အချင်းချင်းချစ်ရန် အစည်းဝေးဆုံးဖြတ် ချက်၌ မပါသော်လည်း သမ္မာကျမ်းစာက ခိုင်းပါက ကူညီသင်.တာချက်ချင်း ကူညီရပါမည်၊ လူ၏ နုတ်ထွက် ကိုမခံယူ…..(၁သက် ၂း၂၃)။ ဧနောက် ဘုရားနဲ. နှစ်ပေါင်း၃၀၀ သွားလာတတ်သူဖြစ်ဖို. ဘုရား အလိုရှိပါသည်၊ ခေတ္တခဏ တနင်္ဂနွေ တရက်တည်းသွားလာခြင်း မဟုတ်ရပါ၊ နေ.စဉ်၊ နုတ်ကပတ်တော်ကို လည်ပင်းတွင်ဆွဲပြီး ခါး၌ ပတ်ထားရပါမည်။ 
(၈)The Key To Understanding : သမ္မာတရား၏ နက်နဲသောပညာ အား လိုချင် သောသူသည် ဘုရားသခင်ထံသို. တောင်းပါစေ။ လူကိုသွားမေးပါက (He will betray you လိမ်ညာခံလိမ်.မယ်ဟု ဆရာကြီး Benny ကတော.ပြောပါသည်)။ လူ.အတွေ. အကြုံ၊ လူ.အမြင်ပဲ ရပါလိမ်.မည်။ ဝိညာဉ်မျက်စိဖွင်.ပေးရန် ဝိညာဉ်တော် ဘုရားသာလျှင် အကောင်းဆုံး တိုင်ပင်ဖက်ဖြစ်သည်။ သမ္မာကျမ်းကို ဒူးပေါ်မှာ ဖတ်ဖို.(ဇာတိအတွေး၊အမြင်ကို အရှုံးခံ၊ဒူးထောက်) လိုအပ်ပါသည်။ မည်သည်. ကျမ်းစာကျောင်း တက္ကသိုလ် စာသင်ကျောင်းတွင်မှ မရနိုင်သော ဘုရားသခင်၏ glory နဲ. annoiting ကို ဆုတောင်းခြင်းဖြင်. သာလျှင် သင်ရနိုင်မည်ဖြစ်သည်။ (Ps 119:18/Jm 1:5-6)။ 
ဖတ်ရှုလေ.လာသူအယောက်တိုင်း သခင်ဘုရားထံမှ ကြွယ်ဝသော သမ္မာတရား အသိပညာ သာ၍တိုးပွါးစေမည်.အကြောင်း ဆုတောင်း လျှက်  မေတ္တာနှင်. ဝေမျှလိုက်ပါသည်။ God Bless You All...!!

" ကျမ်းစာလေ.လာရန် ပုံစံနမူနာ များစွာထဲမှ .."