ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

July 17, 2019

ထာဝရ အပယ်ငရဲ (၁၀)မျိုး

 Ten Foundational Verses for Eternal Punishment in Hell (1)Undying Worm and Unquenchable Fire (OT)
 ပိုးမသေ- မီး မငြိမ်းနိုင်ရာ 
Isaiah 66:22-24 (ငါဖန်ဆင်းသော ကောင်းကင်သစ်နှင့်
 မြေကြီးသစ်သည် ငါ့ရှေ့၌ တည်သကဲ့သို့၊ သင်တို့၏
အမျိုးအနွှယ် နှင့် သင်တို့၏ နာမသည်လည်း 
တည်ရလိမ့်မည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏၊၊
  လူသတ္တဝါ အပေါင်းတို့သည် ငါ့ရှေ့မှာ ကိုးကွယ်ခြင်းငှါ 
လဆန်းနေ့ နှင့် ဥပုသ်နေ့ အစဉ်အတိုင်း 
လာကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏၊၊ 
 ထိုသူတို့ သည်၊ ငါ့ကို ပြစ်မှားသောသူတို့၏ အသေကောင်များကို
 ထွက်၍ ကြည့်ရှုကြလိမ့်မည်၊၊ သူတို့၏ ပိုးသည် မသေနိုင်ရာ။ 
သူတို့၏ မီးသည်လည်း မငြိမ်းနိုင်ရာ၊၊ လူသတ္တဝါအပေါင်းတို့၌ ရွံ့ရှာဘွယ်ဖြစ်ရာကြလိမ့်မည်ဟု မိန့်တော်မူ၏၊၊ 

(2)Everlasting Life/Everlasting Contempt 
(ထာဝရ အသက်ရှင်ခြင်းနှုင်. ထာဝရ အသေရေပျက်ခြင်း) 
ထိုကာလ၌ သင့်အမျိုးသားချင်းတို့၏ အမှုကိုစောင့်သော အရှင်ကြီး မိက္ခေလသည် ပေါ်လာလိမ့်မည်။ လူမျိုးတစုံတမျိုးမျှ ဖြစ်သည်ကာလမှစ၍ ထိုကာလတိုင်အောင်၊ မဖြစ်စဖူးသော ဆင်းရဲဒုက္ခကပ်ကာလသည် ရောက်လိမ့်မည်။ ထိုကာလအခါ စာစောင်၌စာရင်းဝင်
သမျှသော သင်၏ အမျိုးသားချင်းတို့သည် ကယ်လွှတ်ခြင်းသို့
 ရောက်ကြလိမ့်မည်။ ထိုကာလအခါ မြေမှုန့်၌ အိပ်ပျော်သော သူများတို့သည် နိုးကြလိမ့်မည်။ အချို့တို့ကား၊ ထာဝရ အသက်ရှင်ခြင်းနှင့်၎င်း၊ အချို့တို့ကား၊ ရှက် ကြောက်ခြင်း၊ 
ထာဝရ အသရေပျက်ခြင်းနှင့်၎င်း၊ နိုးကြလိမ့်မည်။ (ဒံ-၁၂း၁-၂) 

(3) Eternal Fire/The Fire of Hell (ထာဝရမီးငရဲအိုင်)
 ငါ့ကိုယုံ ကြည်သော ဤသူငယ်တစုံတယောက်ကို အကြင်သူသည် မှားယွင်းစေ၏၊ ထိုသူသည်လည်ပင်း၌ ကြိတ်ဆုံကျောက်ကို 
ဆွဲ၍ နက်နဲသောပင်လယ်၌ နှစ်မြှုပ်ခြင်း ကို ခံရလျှင်
အနေသာ၍ကောင်း၏။ မှားယွင်းစရာ အကြောင်းများ 
ရှိသောကြောင့် လောကီသားတို့သည် အမင်္ဂလာရှိကြ၏။ 
မှားယွင်းစရာ အကြောင်း ရှိရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကို ဖြစ်စေသော 
သူသည် အမင်္ဂလာရှိ၏။ 

သင်၏လက်ခြေ သည်သင့်ကို မှားယွင်းစေလျှင် 
လက်ခြေကို ဖြတ်ပစ်လော့။ လက်ခြေအစုံနှင့် ထာဝရမီးထဲသို့ ချခြင်းကိုခံရသည်ထက် အင်္ဂါချို့တဲ့၍ အသက် ရှင်ခြင်း 
သို့ဝင်စားသော်သာ၍ ကောင်း၏။ သင်၏မျက်စိ သည်လည်း 
သင့်ကို မှားယွင်းစေလျှင်၊ မျက်စိကို ထုတ်ပစ်လော့။ မျက်စိနှစ်
ဘက်စုံနှင့် ငရဲမီးထဲသို့ ချခြင်းကို ခံရသည်ထက် မျက်စိတဘက်နှင့် အသက်ရှင်ခြင်း သို့ဝင်စား သော် သာ၍ ကောင်း၏။ မာသဲ- ၁၈း ၆-၉ 

(4)Eternal Punishment/Eternal Life 
( ထာဝရအပြစ်ဒဏ်ကို ခံရာ/ ထာဝရအသက်ရှင်ရာ) 
ငါအမှန်ဆိုသည်ကား၊ သင်တို့တွင် ဤသူတို့တွင် အငယ်ဆုံးသောသူ တယောက်အား မပြုသမျှ တို့ကို ငါ့အား မပြုကြပြီဟု ပြန်၍ 
မိန့်တော်မူလတံ့။ ထိုသူတို့သည် ထာဝရ အပြစ်ဒဏ်ကို 
ခံရာသို့၎င်း၊ ဖြောင့်မတ်သောသူ တို့မူကား၊ ထာဝရ 
အသက်ရှင်ရာ သို့၎င်း သွားရကြလတံ့ဟုမိန့်တော်မူ၏။ 
( မာသဲ ၂၅း ၃၁-၄၆)

5. Undying Worm and Unquenchable Fire (NT) 
 ( ပိုးမသေ၊ မီးမငြိမ်းရာ ငရဲမီး ) 
ငါ့ကိုယုံကြည်သောဤသူငယ် တစုံတယောက်ကို အကြင်သူသည်မှားယွင်းစေ၏၊ ထိုသူသည် လည်ပင်း၌ ကြိတ်ဆုံကျောက်ကိုစွဲ၍ ပင်လယ်၌ချခြင်းကိုခံရလျှင်
 အနေသာ၍ကောင်း၏။ …..
သင်၏မျက်စိသည်လည်း သင့်ကိုမှားယွင်းစေလျှင် 
မျက်စေ့ကိုထုတ်လော့။ ပိုးမသေ၊ မီးမငြိမ်းရာ ငရဲမီးထဲသို့ 
မျက်စိနှစ်ဖက်စုံနှင့် ချခြင်းကိုခံရသည်ထက်၊ 
မျက်စိတဘက်နှင့် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်စားသော် သာ၍ကောင်း၏။Mark 9:42-48 

6. Everlasting Destruction (ထာဝရပျက်စီးခြင်း ) 
၂သက် ၁း၅-၁၀ ။ ထိုသခင်သည် မိမိသန့်ရှင်းသူတို့အားဖြင့် ဂုဏ်အသရေတော် ထင်ရှားခြင်းကို၎င်း၊ ငါတို့သက်သေကို 
သင်တို့သည် ယုံကြည်သည်ဖြစ်၍၊ ယုံကြည်သောသူအပေါင်းတို့
အားဖြင့် အံ့သြချီးမွမ်းခြင်းကို၎င်း၊ ခံအံ့သောငှါ ကြွလာတော်မူ
 သောနေ့ရက်၌၊ ထိုသူတို့သည် သခင်ဘုရား၏ 
မျက်နှာတော်နှင့်၎င်း၊ တန်ခိုးရှိသောဘုန်းတော်နှင့်၎င်း ကွာ၍၊ ထာဝရပျက်စီးခြင်းတည်းဟူသော 
အပြစ်ဒဏ်ကို ခံရကြလတံ့။ 

 (၇) The Punishment of Eternal Fire 
(ထာဝရ မီးနှင့် ကျွမ်းလောင်ခြင်းဒဏ်)
 သောဒုံမြို့နှင့် ဂေါမောရမြို့မှစ၍ ပတ်ဝန်းကျင်၌ရှိသော
 မြို့တို့သည်၊ အထက်က ဆိုခဲ့ပြီးသော လူဆိုးကဲ့သို့ မတရားသော
 မေထုန်ကို အလွန်ပြု၍၊ ကိုယ်ခင်ပွန်း မဟုတ်သောသူတို့နှင့် မှားယွင်းခြင်းအမှု၌ ကျင်လည်သောကြောင့် 
ထာဝရ မီးနှင့် ကျွမ်းလောင်ခြင်းဒဏ်ကို ခံရ၍ပုံသက်သေ ထင်ရှားလျက်ရှိကြ၏။ရှင်ယုဒ ၇ 

(8) Blackest Darkness Reserved Forever 
(ထာဝရမှောင်မိုက် ) 
မိမိရှက်ခြင်းအကြောင်းကို ပွက်စေတတ်သော လှိုင်းတံပိုးရိုင်းကဲ့သို့၎င်း၊ ကြယ်ပျံ ကဲ့သို့၎င်း ဖြစ်ကြ၏။ ထိုကြယ်ပျံတို့ အဘို့
တခဲနက်သော ထာဝရမှောင်မိုက်ကို 
သိုထားလျက်ရှိ၏Jude 13 

(9) The Smoke of Their Torment Rises for Ever and Ever (ကန့်နှင့်ရောသော မီးထဲမှာ ပြင်းစွာသော ညှဉ်းဆဲခြင်း) တတိယကောင်းကင်တမန်က၊ အကြင်သူသည် သားရဲနှင့် 
သူ၏ရုပ်တုကို ကိုးကွယ်၍၊ သူ၏တံဆိပ် လက်မှတ်ကို 
နဖူး၌ခံသည်ဖြစ်စေ၊ လက်၌ခံသည်ဖြစ်စေ၊ ထိုသူသည် 
ဘုရားသခင်၏ ဒေါသဖလား၌ လောင်းသော အမျက်တော် 
စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ 
သန့်ရှင်းသော ကောင်းကင်တမန်တို့ရှေ့၊ သိုးသငယ်ရှေ့တွင် ကန့်နှင့်ရောသောမီးထဲမှာ ပြင်းစွာသော ညှဉ်းဆဲခြင်းကို 
ခံရလိမ့်မည်။ ထိုညှဉ်းဆဲခြင်း၏ မီးခိုး သည် ကမ္ဘာအဆက်ဆက် 
တက်လျက် ရှိ၏။ သားရဲနှင် သူ၏ရုပ်တုကို ကိုးကွယ်၍၊ 
သူ၏နာမတံဆိပ်လက်မှတ်ကို ခံသောသူ တို့သည်
 နေ့ညဥ့်မပြတ် သက်သာမရကြဟု လိုက်၍ကြီးသော 
အသံနှင့် ပြောဆို၏။ ( ဗျာဒိတ် ၁၄း၉-၁၁ ) 

 (10). The Lake of Fire (ကန်.ရောနှောသော မီးအိုင်) 
သူတို့ကို လှည့်ဖြားသောမာရ်နတ်ကိုလည်း သားရဲနှင့် 
မိစ္ဆာပရောဖက်ရှိရာ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့
ချပစ်လျှင်၊ သူတို့သည် နေ့ညဥ့်မပြတ် ကမ္ဘာအဆက်ဆက်
 ပြင်းစွာသော ဝေဒနာကိုခံရကြလတံ့။ ဗျာ-၂၀း၁၀၊

ကျမ်းစာကပြောသည်. ငရဲ နှုင်. ပါတ်သက်၍

 HELL စကားလုံးကို ကျမ်းစာ၌ Gehena, Hades , Dark Place,
 lake of Fire, Shoel , Grave/Sepulchre စသဖြင်. 
အကြိမ်ပေါင်းများစွာ ခေါ်ပြထားသည်။( Hades=11 (NKJV)
 Grave= 67 (KJV) Gehena= 12, Soel= 63 , Dark =54)

  ကျမ်းစာပြောသည်. Hell နှုင်.ပတ်သက်သည်. ၁၀ချက် 
(၁) ငရဲသည် မငြိမ်းနိုင်သောမီး ရှိရာအရပ်။ 
မာသဲ ( ၃း၁၂ ) လက်တော်တွင် စံကောပါလျက်၊ မိမိကောက်နယ် တလင်းကို ရှင်းလင်းစေသဖြင့်၊ မိမိဂျုံစပါးကို ကျီ၌ စုသိမ်းသွင်းထား၍၊ 
အဖျင်းကိုကား မငြိမ်းနိုင်သော မီးနှင့်ရှို့တော်မူ 
လတံ့ဟု ယောဟန်ဟောပြော၏။ 

(၂) ပြင်းစွာသော ဝေဒနာခံစားရာအရပ် (ရှင်လုကာ- ၁၆း၁၉-၃၁) မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကို ခံရလျက်
 မျှော်ကြည့်၍၊ အာဗြဟံကိုင်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကိုင်း အဝေးကမြင်လျှင်၊- သူတို့သည် မောရှေ၏ စကား၊ 
ပရောဖက်တို့၏စကားကို နားမထောင်လျှင်၊ 
တယောက်သော သူသည် သေခြင်းမှ 
ထမြောက်သော်လည်း မယုံကြည်နိုင်ကြဟု 
အာဗြဟံဆိုသည်ဟု မိန့်တော်မူ၏။

(၃) ရေငတ်၍ ဆာလောင်ရာအရပ် - လု ၁၆း ၂၄၊ 
အိုအဘ အာဗြဟံ၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ။ 
အကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာခံရသောကြောင့်၊ လာဇရုသည် မိမိလက်ဖျားကို ရေ၌နှစ်၍ အကျွန်ုပ်လျှာကို အေးစေခြင်းငှါ သူ့ကို အကျွန်ုပ်ရှိရာသို့ စေလွှတ်တော်မူပါဟု ဟစ်ကြော်လေ၏။

(၄)ထာဝရ အပြစ်ဒဏ်ခံရာ။--။ 
အိုအဘ အာဗြဟံ၊ အကျွန်ုပ်ကို ကယ်မ သနား တော်မူပါ။ 
အကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာခံရသောကြောင့်၊ 
လာဇရုသည် မိမိ လက်ဖျားကို ရေ၌နှစ်၍ အကျွန်ုပ်လျှာကို
 အေးစေခြင်းငှါ သူ့ကိုအကျွန်ုပ်ရှိရာသို့ စေလွှတ်တော်မူပါဟု ဟစ်ကြော်လေ၏။ (Re- 14:11) (Mat 25:46).

 (၅)အံသွားခဲကြိတ်ရာအရပ် 
လူသားသည် မိမိကောင်းကင် တမန်တို့ကို စေလွှတ်ပြီး လျှင်၊ 
မှားယွင်းစေသော သူတို့နှင့် မတရားသော အမှုကိုပြုသော 
သူရှိသမျှတို့ ကို နိုင်ငံတော်ထဲက ရွေးနှုတ်၍၊ 
၄၂ ငိုကြွေးခြင်း၊ အံသွားခဲကြိတ်ခြင်းရှိရာ မီးဖို၌ 
ချကြလတံ့။ (Mat 13:42). (Mat- 24:51).

(၆) ခွဲခြားထားသော နေရာဖြစ်၏။ 
ပဌမထမြောက် ခြင်းကို ဝင်စားသောသူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူဖြစ်၏။ ထိုသို့သောသူသည် ဒုတိယသေခြင်း၏ လက်နှင့်ကင်းလွတ်လျက်၊ ဘုရားသခင်၏ ယဇ်ပုရောဟိတ်၊ 
ခရစ်တော်၏ ယဇ် ပုရောဟိတ်ဖြစ်၍၊ အနှစ်တထောင် 
ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ လိမ့်မည်။ 
(Rev- 2:11; 20:6,14; 21:8), 

(၇) အမျက်ဒေါသ ထွက်ရာအရပ် ။ 
အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်၏ 
ဗျာဒိတ်တော်သံကို ကြား၍ကြောက်ရွံ့ပါပြီ။ အိုထာဝရဘုရား၊ ယခုနှစ်များအတွင်းတွင် အမှုတော်ကို ပြုပြင်တော်မူပါ။ 
ယခုနှစ်များတွင် အမှုတော်ကိုပြုပြင်စေတော်မူပါ။ အမျက်ထွက်တော်မူသော်လည်း ကရုဏာတရားကို
 အောက်မေ့တော်မူပါ။ (Habak- 3:2). (Rev- 14:10). 

(၈)စာတန်နှုင်. အပေါင်းအပါများအတွက် မူလစီစဉ်သော နေရာ။ 
ထိုအခါ လက်ဝဲတော်ဘက်၌ ရှိသောသူတို့အားမင်းကြီးက၊ 
ကျိန်ခြင်းကို ခံရသော သူတို့၊ မာရ်နတ်နှင့်သူ၏ တမန်တို့အဘို 
့ပြင်ဆင်သော ထာဝရမီးထဲသို့ ငါ့ထံမှခွါ သွားကြလော့။ 
ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်းအများရှိ၏။ 
သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား 
ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို
 ပြင်ဆင်ခြင်းငှါ ငါသွားရ၏။ 

(၉) ထာဝရအတွက် ဖန်ဆင်းသော နေရာဖြစ်သည်။ 
ထိုကာလအခါ မြေမှုန့်၌ အိပ်ပျော်သောသူများတို့သည်
 နိုးကြလိမ့်မည်။ အချို့တို့ကား၊ ထာဝရအသက်ရှင်ခြင်းနှင့်င်း၊ 
အချို့တို့ကား၊ ရှက်ကြောက်ခြင်း၊ ထာဝရ အသရေ ပျက်ခြင်းနှင့်၎င်း၊ နိုးကြလိမ့်မည်။ ထိုသူတို့သည် ထာဝရ အပြစ်ဒဏ်ကို ခံရာသို့၎င်း၊ ဖြောင့်မတ်သော သူတို့မူကား၊ ထာဝရ အသက်ရှင်ရာသို့၎င်း သွားရကြလတံ့ဟုမိန့်တော်မူ၏။ (Dan- 12:2 ) (Mat- 25:46).

(၁၀) ညှင်းပန်းနှိက်စက်ခြင်း ခံစားရာ အရပ်။ 
 သေသောလူစုထဲက တယောက်သောသူသည် ထမြောက်၍ 
သူတို့ ရှိရာသို့သွား လျှင်၊ သူတို့သည် နောင်တရကြပါလိမ့်မည်ဟု 
ဆိုသော်၊ ၃၁ အာဗြဟံက၊ သူတို့သည် မောရှေ၏ စကား၊ ပရောဖက်တို့၏စကားကို နားမထောင်လျှင်၊ တယောက်သော 
သူသည် သေခြင်းမှထမြောက်သော်လည်း မယုံကြည်နိုင်ကြဟု အာဗြဟံဆိုသည်ဟု မိန့်တော်မူ၏ (လုကာ ၁၆း၁၉-၃၁) ဘုရားသခင်စီရင်တော်မူသော အမှုကို အစမှအဆုံး 
တိုင်အောင် လူသည် စစ်၍ မကုန်နိုင်၊၊ ဒေသနာ - ၃း၁၁-

H E L L Fire (ကန်.ငရဲ -မီးအိုင်)

 (၁) စာတန် Satan - 
သူတို့ကို လှည့်ဖြားသောမာရ်နတ်ကိုလည်း သားရဲနှင့် 
မိစ္ဆာ ပရောဖက်ရှိရာ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့
ချပစ်လျှင်၊ သူတို့သည် နေ့ညဥ့်မပြတ် ကမ္ဘာအဆက်ဆက်
 ပြင်းစွာသော ဝေဒနာကိုခံရကြလတံ့။ ဗျာဒိတ်၊၂၀း၁၀

(၂) အိန္တခရစ် The Antichrist - 
ပယ်ရှင်းခြင်း သို့ ရောက်သော အခါ ထိုအဓမ္မလူသည် 
ထင်ရှား လိမ့်မည်။ ထိုအဓမ္မလူကို သခင်ယေရှုသည်
 နှုတ်ထွက် ဝိညာဉ်တော်အားဖြင့် ဖျက်ဆီး၍၊
 ကြွလာတော်မူခြင်း၏ ရောင်ခြည်အားဖြင့် 
ပယ်ရှားတော်မူလိမ့်မည်။ ၂ သက် ၂း၈

(၃) မှားယွင်းသော ပရောဖက် The False Prophet ။ 
ဗျာဒိတ် ၁၉း၂၀ - သားရဲကို ဘမ်းမိကြ၏။ သားရဲ၏ တံဆိပ် 
လက်မှတ်ကိုခံ၍၊ သူ၏ ရုပ်တုကို ကိုးကွယ်သောသူတို့ကို လှည့်ဖြား၍ သားရဲရှေ့၌ နိမိတ်များကိုပြတတ်သော မိစ္ဆာပရောဖက်ကိုလည်း ဘမ်းမိကြ၏။ အသက်ရှင် လျက်ရှိသော ထိုသူနှစ်ဦးကို 
ကန့်နှင့်လောင်သော မီးအိုင်ထဲသို့ ချပစ်ကြ၏။ 

(၄) နတ်ဆိုး- Demons ၂ပေ ၂း၎ 
- အကြောင်းမူကား၊ ပြစ်မှားသော ကောင်းကင်တမန်တို့ကို ဘုရားသခင်သည် နှမြောတော်မမူ၊ ငရဲထဲသို့ချလိုက်ပြီးမှ 
စစ်ကြော စီရင်ခြင်း အလိုငှါချုပ်ထား၍၊
 မှောင်မိုက်သံကြိုးနှင့် ချည်နှောင်တော်မူ၏။

(၅) ယုဒရှာကရုတ်။ (Judas Iscariot ) 
ထိုသူကိုအကြောင်းပြုလျက် ဒါဝိဒ်မင်းက၊ ငါသည် 
ထာဝရ ဘုရားကို အစဉ်အပြတ်မျက်မှောက်ပြု၏။ 
အကြောင်းမူကား ငါ့လက်ျာဘက်၌ တည်ရှိတော်မူသည် ဖြစ်၍ ငါသည်လှုပ်ရှားခြင်းမရှိရ ။ တမန် ၁း၂၅

 (၆)ဗီဇအပြစ်သားများ Base Sinners ။ ဗျာ ၂၁း၈ - ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ 
စက်ဆုပ် ရွံရှာဘွယ်သောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကိုကိုးကွယ်သောသူ၊ သစ္စာပျက်သောသူ 
အပေါင်းတို့မူကား၊ ဒုတိယသေခြင်း တည်းဟူ သောကန့်နှင့်
 လောင်သော မီးအိုင်ထဲ၌ မိမိတို့အဘို.ကို 
ရကြလိမ့်မည် ဟူ၍၎င်း ငါ့အားမိန့်တော်မူ၏။ 

(၇) အပြစ်လွတ်ခြင်း မခံထိုက်သောသူ Unforgiveness Sinners အသက်စာစောင်၌ စာရင်းမဝင်သောသူ 
ရှိသမျှတို့ကိုလည်း မီးအိုင် ထဲသို့ ချပစ်လေ၏။ 
ဗျာဒိတ်-၂၀း၁၅

July 4, 2019

"ဘုရား သား" ဆိုတာ

လူ က မှည့်ခေါ်တဲ့ ဘုရားသားများ ရှိသည်။ 
ဗုဒ္ဓဘာသာ က ကိုရင် ၀တ်ရင် ဘုရားသား လို့ ခေါ်သည်။ 
ခရစ်ယာန် က ရေနှစ်ခြင်း ခံရင် ဘုရားသား လို့ ခေါ်သည်။ ကောင်းကင်တမန်များ ကိုလည်း ဘုရား သား လို့ ခေါ်သည်။ 
ဂျူး လူမျိုးများ ကိုလည်း ဘုရား သား လို့ ခေါ်သည်။ 
ခရစ်တော်သည် ကမ္ဘာမတည်မရှိမှီ ကတည်းက ဘုရားသား ဖြစ်သည်။
 ယေရှုသည် လူ့ဇာတိခံပြီးဘုရားသား ဖြစ်သည်။ 
ဘုရားသတ်မှတ်သည့် ဘုရားသားများ ရှိသလို 
ဘုရားမသတ်မှတ်သည့် ဘုရားသား များလည်း ရှိသည်။ 
မိမိကိုယ်ကို ဘုရားသားလို့ ပြောတိုင်း မိမိကိုယ်ကို 
ဘုရားသားလို့ ခံယူတိုင်း ငရဲ က မလွတ်ပါ။ 
ငရဲ က လွတ် တဲ့ ဘုရားသားတိုင်း လည်းအမွေ မရပါ။ 
အဖ ရဲ့ အရည်အချင်း နှင့် ပြည့်စုံသော အမွေ ခံဘုရားသားကို 
အဖေ ဖြစ်သူ ဘုရားကအလို ရှိနေသည်။ (အာမင်း) 

CROSS ၌ အသွေးတော် ၇ ကြိမ် ၇ နေရာ

Levi 6:4 ၀တ်ပြုရာကျမ်း-မိမိလက်ညိုးကို အသွေး၌ နှစ်၍ သန့်ရှင်းရာဌာနတော် ကုလားကာရှေ့၊ ထာဝရဘုရား
 ရှေ့တော်၌ ခုနစ်ကြိမ်ဖြန်းရမည်။ 
Levi 16:14 - နွားအသွေးအချို့ကိုလည်း ယူ၍၊
 အရှေ့ မျက်နှာဘက်သေတ္တာဖုံး အပေါ်၌ လက်ညှိုးနှင့်ဖြန်းရမည်။ သေတ္တာဖုံးရှေ့၌လည်း ခုနစ်ကြိမ်တိုင်အောင်လက်ညှိုးနှင့်ဖြန်းရမည်။ 
 Jesus Shed His Blood Seven Ways 
 (1). Gesthemane: Lk- 22:44 Sweat drops of blood ပြင်းစွာသော ဝေဒနာကိုခံလျက်အထူးသဖြင့် ကြိုးစား၍ ဆုတောင်းတော်မူ၏။ ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ ကျသောသွေးစက်ခဲကဲ့သို့ဖြစ်သတည်း- 
This signifies that Jesus Won Back Our Willpower to 
resist temptation because He overcame the greatest 
temptation that was so intense, it caused Him to sweat blood. 
 (2) နားပန်ဆံ 
Is- 50:5 (Hair of His beard pulled out) အရှင်ထာဝရ 
ဘုရားသည် ငါ့နားကို ဖွင့်တော်မူ၍၊ ငါလည်း မငြင်းမဆန်၊ နောက်သို့ 
မဆုတ်၊ ၆ ရိုက်သောသူ တို့အား ငါ့ကျောကိုင်း၊ နားပန်ဆံကို နှု
တ်သော သူတို့အား ငါ့ပါးကို၎င်း၊ ငါအပ်၏၊၊ အရှက်ခွဲခြင်းနှင့် တံတွေးထွေးခြင်းမှ ငါသည် ကိုယ်မျက်နှာကို မလွှဲ။ 
 (3) သူ.နောက်ကျော 
Mt. 27:26—Scourged on His back ပိလတ်မင်းသည်လည်း
ဗာရဗ္ဗကို လူများတို့အား လွှတ်လေ၏။ ယေရှုကိုကား ရိုက်ပြီးလျှင် 
လက်ဝါး ကပ်တိုင်မှာ သတ်စေခြင်းငှါ အပ်လိုက်လေ၏။ 
Is. 53:5= ထိုသူသည် ငါတို့လွန်ကျူးသောအပြစ်များကြောင့်၊ နာကျင်ထိုးခြင်း၊ နှိပ်စက်ခြင်းကိုခံရလေ၏၊၊ သူခံရသော 
 ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏၊၊ 
This signifies that Jesus has won back our Health. 
His body was broken so ours could be made whole. 
ဆာလံ- ၁၂၉: ၁ ငယ်သောအရွယ်မှစ၍၊ ကြိမ်ဖန်များစွာ 
ငါ့ကို သူတပါးတို့သည်ညှဉ်းဆဲကြပြီ 
(4) သူ.ဦးခေါင်း 
The crown of thorns pressed into His scalp ဆူးပင်နှင့် ရက်သောဦးရစ်ကိုတင်ကြ၏။ကိုယ်တော်ကိုတံ ထွေးနှင့် ထွေးကြ၏။ကျူလုံးကိုယူ၍ ခေါင်းတော်ကိုရိုက်ကြ၏။
Mat. 27:29 John 19:2 And the soldiers twisted a crown of 
thorns and put it on His head, and they put on Him 
a purple robe. This signifies that Jesus has won back 
our Peace of mind and that we are free of torment. 
The enemy can no longer torment our minds. 
Jesus' crown of thorns was placed on Jesus' brow, 
to break the curse of poverty and release me 
into God's abundance. Gen- 3:17, 18 - ယောက်ျားကိုလည်း၊ ထိုအပင်၏အသီးကို မစားရဟု ငါပညတ် သော်လည်း၊ 
သင်သည် မယား၏ စကားကိုနားထောင်၍ စားမိသောကြောင့်၊
 မြေသည် သင်၏ အတွက် ကျိန်ခြင်းကိုခံလျက်ရှိ၏။
 မြေ၏ အသီးကို တသက်ပတ်လုံး ပင်ပန်းစွာစားရမည်။
 (5) လက် 
Matt.27:35 Crucified: nails in His hands Gen- 1:26-28 , Deut. 28:12-13 ( Jesus' hands were pierced by the nails, 
to restore total dominion to the works of my hands ) 
This signifies that Jesus won back our prosperity 
so that everything we put our hands to, 
shall prosper. Matt 27:35 
ကိုယ်တော်ကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထား ပြီးလျှင် 
အဝတ်တော်တို့ကို စာရေးတံချ၍ ဝေဖန်ကြ၏ 
(6) ခြေ 
 ( to restore total dominion in my walk.) 
This signifies that Jesus won back our dominion & authority
 Gen 1:26 says “Then God said, “Let Us make man 
in Our image, according to Our likeness; let them have 
dominion over the fish of the sea, over the birds of the air,
and over the cattle, over all the earth and over every 
creeping thing that creeps on the earth.” 
Joshua 1:3 - မောရှေအား ငါကတိရှိသည်အတိုင်း သင်တို.
 Deut 11:24နင်းသမျှသော မြေကို သင်တို.အား ငါပေးမည်၊ 
သင်တို့သည် ခြေနှင့်နင်းသမျှသော အရပ်ကိုပိုင်သဖြင့်၊ တောမှစ၍ လေဗနုန်တောင် တိုင်အောင်၎င်း၊ ဥဖရတ်မြစ်ကြီးမှစ၍ 
ပင်လယ်ကမ်းနား တိုင်အောင်၎င်း၊ မြေတရှောက်လုံးသည် 
သင်တို့၏ နိုင်ငံအဝင်ဖြစ်လိမ့်မည်။, 
Luke 10:19 says “Behold, I give to you authority” 
သင်တို့သည်မြွေ၊ ကင်းမြီးကောက် တို့ကို နိုင်ရသောအခွင့်နှင့် 
ရန်သူများကို နိုင်ရသောအခွင့်တန်ခိုးကိုငါပေးမည်။ 
သင်တို့ကို အဘယ်ဘေးမျှမညှင်းဆဲရ။ 
(7) နံဖေးတော် 
John 19:34 ( Luke 4:18 , Psalm 147:3 ) စစ်သူရဲတယောက်သည် နံဖေးတော်ကို လှံနှင့် ထိုးဖောက်၍ သွေးနှင့်ရေသည် ချက်ခြင်း ထွက်လာ၏။ showing that he died from a broken heart, to heal my broken heart. This also illustrates his giving birth to His bride from His side as did the first Adam with Eve.
 John 19:34 “But one of the soldiers…..” 
The fact that blood & water flowed from his side 
 symbolises that Jesus died from a broken heart, 
the intensity and anguish of the weight and burden 
of all of our sins that He took on Himself and our 
continual betrayal against Him was to much to bear & 
ultimately caused His Heart to stop beating. 
This signifies that Jesus won back our Joy and 
healed us of our broken Heart. 
Juses din’t say “I am Finished” “It is Finished” 
အ ယောက်တိုင်းကို 
ဘုရားသခင် ကောင်းကြီးပေးပါစေ။
 

July 2, 2019

(1) နောက်ဆုံးသောကာလ

ခေတ်ကာလ၏ နောက်ဆုံးသောအချိန် -
 နောက်ဆုံးသောကာလနှင့် ပတ်သက်သော အခြေခံပုံသေယုံကြည်ချက်။ ဤသင်ခန်းစာတွင် အောက်ပါအချိန်များ ပါဝင်ပါသည်။ 
သခင်ဘုရား၏နေ့၊ အန္တိခရစ်၊ ဘေးဒဏ်ကြီး ကာလ၊ ဒံယေလ၏ ခုနှစ်မြောက်ရက် သတ္တပတ်နှင့် အာမဂေဒုန်စစ်ပွဲကြီး 
၁။ သခင်ဘုရား၏ နေ့ (The day of the Lord) 
က။ ခရစ်တော်၏နေ့ရက်(the Day of Christ)နှင့် သခင်ဘုရား၏နေ့တို့သည် များစွာ ကွဲပြား ခြားနား ကြောင်း ကို သမ္မာကျမ်းစာ လေ့လာသူ အနေဖြင့် သတိပြုရပါမည်။ 
(၁) ခရစ်တော်၏ နေ့ရက်သည် အသင်းတော်အား ချီဆောင်ခြင်း ခရစ်တော်၏ တရားပလ္လင် နှင့် သက်ဆိုင်ပါသည်။. ဖိ ၁း၆-၁၀၊ ၂း၁၆။ ၁ ကော ၁း၇-၈။ ၃း၁၃။ ၂ ကော ၁း၁၄။ ၄း၈ တို့ကိုဖတ်ပါ။ 
(၂) သခင်ဘုရား၏နေ့သည် ချီဆောင်ခြင်းမှ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ထူထောင် ခြင်း တို့အကြား 
ကာလဖြစ်သည်။၂ သက် ၂း၂။ ၂ ပေ ၃း၁၀။ ယောလ ၁း၁၅။ 
ဇာခရိ ၁၄း၁-၄။ ဤကျမ်းချက်များ၏ ဖော်ပြချက်တို့တွင် 
ခရစ်တော်၏ ဒုတိယအကြိမ် ကြွတော်မူခြင်းနှင့် အနှစ်တစ်ထောင် ကာလကြီးကိုပါ သက်ဆိုင် နေပါသည်။ ဗျာ ၂၁း၁။ 
 ခ။ (၁)သက်သာလောနိသြ၀ါဒစာ ဒုတိယစောင်ကို ရေးသားရာတွင် ထိုခေတ်ယုံကြည် သူတို့အား “ချီဆောင်ခြင်း” သည် ရောက်လာခြင်းမရှိသေးကြောင်း ကြောက်မက် ဘွယ်ဖြစ်သော “သခင်ဘုရား၏နေ့” သို့ ရောက်ရှိခြင်းမရှိသေးကြောင်း စိတ်ချနိုင်ရန် အာမခံရေးသားခြင်း ဖြစ်ပါသည်။ ၂ သက် ၂း၁-၈။ 
 (၂) သခင်ဘုရား၏ နေ့ရက်မရောက်မီ အရာ (၂) ခုသည် ဖြစ်ပွား လိမ့်မည် ဖြစ်ကြောင်းကို ဤအချက်တွင် အငယ် ၃ ၌ ဖော်ပြထားပါသည်။ 
 (က) ဖောက်ပြန်သင်းခွဲခြင်း၊ အသင်းတော်အားချီဆောင်၍ စစ်မှန်သော ယုံကြည်သူ နှင့် မယုံကြည်သူတို့ကို အသင်း တော်ထဲ၌ ခွဲခြားခြင်း။ 
(ခ) ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏ သား၊ 
အန္တိခရစ်သည် ပေါ်လာမည်။ 
ဂ။ ဤစကားလုံးသည် ဓမ္မဟောင်းကျမ်းစာတွင် 
အသုံးပြုထားသော ဝေါဟာရဖြစ်ပါ သည်။ 
(၁) ဓမ္မဟောင်းကျမ်းစာတွင် ၇၅ ကြိမ်ထက်မနည်း တွေ့ရှိရပါသည်။ 
 (၂) ဓမ္မဟောင်းကျမ်းပါ ပရောဖက်ကြီးများသည် အသင်းတော် ချီဆောင်ခြင်းကို မမြင်ခဲ့ပါ။ ခရစ်တော်သည် တန်ခိုးတော်နှင့် ကြွလာတော်မူခြင်းကို မြင်ခဲ့ကြပါသည်။ အန္တိခရစ်၊ ဘေးဒဏ်ကြီးကာလ၊ အနှစ်တစ်ထောင်စိုးစံခြင်းတိုကို မြင်ခဲ့ကြပါသည်။ 
(၃) ယောလ ၁း၁၅ တွင် သခင်ဘုရား၏ နေ့ကို “ထာဝရဘုရား၏
 နေ့ရက်၊ အနန္တတန်ခိုးနှင့် ဖျက်ဆီးခြင်းဘေး”ဟု ရေးထားပါသည်။ 
ဃ။ လူသားများနှင့် နိုင်ငံများတို့၏ အရေးတို့တွင် ထာဝရ
ဘုရားသခင်သည် ကိုယ်တိုင် စတင်ဝင် ရောက်စွက်ဖက်
ပါဝင်ခြင်း ဖြစ်ပါသည်။ 
 (၁) နယ်နိမိတ်မှတ်တိုင်းများမှာ ခရစ်တော်၏ နေ့တည်း
ဟူသော ချီဆောင်ခြင်း ၁ ကော ၁း၈၊ ဖိ ၁း၆ နှင့်ဘုရားသခင်၏
 နေ့ ၂ ပေ ၃း၁၂ ဖြစ်ပါသည်။ ပလ္လင်ဖြူကြီး တရား စီရင်ခြင်း (အပြစ်သားများအတွက်သာ)နှင့် ကောင်းကင်သစ်နှင့်
 မြေကြီးသစ် ပေါ်လာခြင်း။

၂။ အန္တီခရစ်။

“ဒုစရိုက်လူ” “ပျက်စီးခြင်း၏သား” သည် အသင်းတော်အား 
ချီဆောင်ခြင်း မပြုမီကာလတွင် ထင်ရှား ပေါ်ထွက်လာခြင်း 
မရှိသေးသည်ကို သတိပြုရပါမည်။ ၂ သက် ၂း၁-၃၊ 
“ဆီတားသောသူ” သို့မဟုတ် “တားဆီးသော သူ” 
(သန့်ရှင်း သောဝိ ညာဉ်တော်)သည် လောကမှ ရုပ်သိမ်းပြီးသောအခါ ပေါ်လာ မည်ဖြစ်သည်။ ၂ သက် ၂း၆-၈။ 
ကမ္ဘာတွင် ယခုမြင်ရသော ခေါင်းဆောင်ကြီးများအား 
အန္တိခရစ်ဖြစ်သည်ဟု သတ်မှတ်ခြင်း အားလုံး သည် မိုက်မဲမှုသာ ဖြစ်ပါသည်။ ခရစ်ယာန်များသည် ခရစ်တော်ပေါ်လာခြင်းကို စောင့်မျှော်ရမည်ဖြစ်ပါသည်။ အန္တိခရစ် ပေါ်လာခြင်းကို
 စောင့်မျှော်ရမည် မဟုတ်ပါ။ 
က။ ငွေကြေးစနစ်အရသော်၎င်း၊ ကိန်းဂဏန်အရ၄င်း၊ 
လူမှုရေးအရ၄င်း၊ ဘာသာစကား အရ၄င်း၊ နိုင်ငံရေးအရ၄င်း 
ကမ္ဘာကြီးသည် ကမ္ဘာ့အစိုးရပေါ်ပေါက်လာရေးအတွက် 
လျင်မြန်စွာ ဦးတည်လျက်ရှိ ပါသည်။ ထိုအစိုးရကို အာဏာရှင်
တစ်ဦးက အာဏာ သိမ်းခြင်းကို သမ္မာကျမ်းစာတွင် “သားရဲ” သို့မဟုတ် အန္တိခရစ် ဟု ခေါ်ထားပါသည်။ 

 ခ။ ထိုသူ အမှန်ရှိကြောင်း အထောက်အထား။ 
ထိုသူသည် အမှန်ပင် ရှိကြောင်းကို သမ္မာကျမ်းစာထဲ၌ ဓမ္မဟောင်းကျမ်း၊ ဓမ္မသစ် ကျမ်းတို့ တွင် အထပ်ထပ် အမည် အမျိုးမျိုးဖြင့် ခေါ်လျက် အတည်ပြုထားပါသည်။ ၁။ ဓမ္မဟောင်းကျမ်းတွင် 
က။ နောက်မှလာသောသခင်။ ဒံယေလ ၉း၂၆။ 
ခ။ ရွံ့ရှာဘွယ်သောအရာ။ ဒံယေလ ၉း၂၇။ 
ဂ။ ချိုငယ်။ ဒံယေလ ၇း၂၈။ ဃ။ ရဲရင့်သောမင်းကြီး ဒံ ၈း၂၄။ 
င။ အောင်မြင်သော အရှင်ဘုရင်။ ဒံ ၁၁း၃၆။ 
စ။ အရှုရိလူ။ ဟေရှား ၁၀း၅-၁၂။ 
ဆ။ ဗာဗုလုန်ရှင်ဘုရာင်။ ဟေရှာ၊ ၁၄း၎။ 
ဇ။ မိုက်သောသိုးထိန်း။ ဇာခရိ ၁၁း၁၅။ 
၂။ ဓမ္မသစ်ကျမ်းတွင်- 
(က) ဒုစရိုက်လူ - ၂ သက် ၂း၃။ (ခ) ပျက်စီးခြင်း၏ သား ၂သက် ၂း၃။ 
 (ဂ) အဓမ္မလူ ၂ သက်၂း၈။ (ဃ) ဖျက်စီးတတ်သော ရွံရှာဘွယ်အရာ။ မ ၂၄း၁၅။ (င) အန္တိခရစ်။ ၁ ယော ၂း၁၈-၂၂။ (စ) သားရဲ။ ဗျာ ၁၃း၈-၁၀။ 
 ဂ။ မည်သည့်အချိန်တွင် ပေါ်လာမည်နည်း။ 
(၁) အဆုံးစွန်သောကာလ (ဣသရေလလူ့သမိုင်း) ဒံ ၈း၂၃။ 
(၂) ရောမအင်ပါယာဟောင်းကို ပြန်လည်
ထူထောင်ပြီးနောက်။ ဒံ ၇း၇-၈။ ဗျာ ၁၃း၁-၂။ 
(၃) ဒံယေလ၏ ခုနှစ်ဆယ်မြောက်သီတင်းကိုလည်း 
သူသည် ခေါ်ဆောင် လာမည်ဖြစ်သည်။ ထိုစဉ် သူသည် 
ဣသရေလလူ တို့၏ မိတ်ဆွေအဖြစ် ဟန်ဆောင် မည်ဖြစ်သည်။ ဒံ ၉း၂၇။ (၄) အသင်းတော်ချီဆောင်ပြီးနောက်မှ 
ထွက်ပေါ်လာမည်ဖြစ်ပါသည်။ ၂ သက် ၂း၁-၃။ 
ဆီးတားသော သူ အား ဖယ်ရှား ပြီးမှသာ ပေါ်လာနိုင်မည်ဖြစ်
ပါသည်။ ၂ သက် ၂း၆-၇။ 

 ဃ။ မည်သည့်အရပ်ကလာပါသနည်း။ 
(၁) ရောမအင်ပါယာဟောင်းကို ပြန်လည်ထူထောင်ထားသော နိုင်ငံတစ်နိုင်ငံမှ လာမည်ဖြစ်ပါသည်။ ဒံ ၇း၈။ မ၊၂၄း၂၅။ ထိုသူသည်တစ်ပါးအမျိုးသားထဲမှ ဖြစ်မည် ဟု အချို့က ယုံကြည်ထားပါသည်။ ဒံ ၁၁း၃၈။ ဒံ ၇း၈ သည် ဆီးရီးယားနိုင်ငံ ကို အုပ်ချုပ်ခဲ့သော Antiochous Epiphanes (၁၇၅-၁၆၃ ဘီစီ) ကဲ့သို့ဖြစ်နိုင်ပါသည်။ သူသည် ယုဒလူတို့ကို မုန်းသူ ဖြစ်ပြီး 
သူတို့၏ ဗိမာန်တော်ကို ဖျက်ဆီခဲ့ ပါသည် 
င။ သူ၏ အရည်အချင်းနှင့်စရိုက်များနှင့်ပတ်သက်၍ 
 (၁) သူသည် လူတို့၏ စိတ်ကူ ယဉ်သက်သက်ဖြစ်မည်။ 
(၂) အလွန်ဘ၀င်မြင့်သောသူဖြစ်မည်။ ဒံ ၁၁း၃၇။ 
သူတကာတို့ထက် ကိုယ်ကို ချီးမြှောက် လိမ့်မည်။ 
(၃) ဘုရားတရားမရှိသူ၊ ဘုရားရိုသေမှုကင်းမဲ့သူ ဖြစ်မည်။ 
မိမိကို မိမိဘုရားအရာ၌ တင်မည်။ ၂ သက် ၂း၎။ ဒံ ၁၁း၃၆-၃၉။ 
ဘုရားတို့၏ ဘုရားတို့ကို ဆန့်ကျင်ဘက်ပြု၍ တစ်ပါးသော 
ဘုရားများကို ပမာဏမပြု။ 
(၄) အံ့ဘွယ်သောစကားကို ပြောလိမ့်မည်။ (ဒံ ၈း၂၅) 
စကားပြော အလွန် ကောင်းလိမ့်မည်။ အလွန်သွေး ဆောင် 
တတ်လိမ့်မည်။ ဒံ ၇း၈။ သူသည် လိမ္မာစွာပြု သဖြင့် 
အလွန် သွေးဆောင် တတ်လိမ့်မည်။ ဒံ ၇း၈။ သူသည် လိမ္မာစွာ ပြုသဖြင့်။ မုသားလည်း အောင်မြင်လိမ့်မည်။ မိတ်သဟာယဖွဲ့သောအားဖြင့် ဖျက်ဆီး၍။ ၂ သက် ၂း၉ ကို လည်းဖတ်ပါ။ 
(၅) သူသည် မုသာကို ပြောသူ လှည့်စားသူ ဖြစ်လိမ့်မည်။ ၂သက် ၂း၉-၁၀။ မုသာနှင့် စပ်ဆိုင်သော ထူးဆန်း သောတန်ခိုး ၊နိမိတ်လက္ခာဏာ၊ အံ့ဘွယ်သော အမှုအမျိုးမျိုးနှင့် ၎င်း၊ မတရားသောလှည့်ဖျားခြင်း အမျိုးမျိုးနှင့် ၄င်း လာလိမ့်မည်။ မှတ်ချက်။ ယနေ့တွင်ပင် 
အယောင်ဆောင် ဘာသာရေးခေါင်းဆောင်များ၏ လူ့အကြံ
အဖန် လှည့်စားမှုဖြစ်သော ခေတ်သစ် လှုပ်ရှားမှုများဖြင့် သန်းပေါင်း 
များစွာ ကို အလွယ်တကူ လှည့်စားသည်ကို ပိုသတိပြုပါ။ 
(၆) သူသည် စာတန်၏ ပညာ၊ အုပ်ချုပ်မှုနှင့်တန်ခိုးအာဏာဖြင့် လှုပ်ရှားလိမ့်မည်။ ၂ သက် ၂း၉။ “စာတန်ပြုပြင်သော အားဖြင့်။ ဗျာ ၁၃း၎ သားရဲ၌ အာဏာစက်ကို ပေးသော နဂါး (စာတန်) ကို ကိုးကွယ်ကြ၏။ ထိုသူသည် စိတ်ဆန္ဒအတွေးအခေါ် အလွန်လိမ္မာ၍ လူတို့က သူ့အား နား မလည် နိုင်ခြင်း၊ လှည့်ဖျားခြင်း၊ ထက်မြက် သွက်လက်ခြင်း၊ စာတန်ကိုယ်တိုင်၌ ရှိသော အရည်အချင်းများနှင့် ပြည့်စုံလိမ့်မည်။

စ။ သူ၏ အာဏာအကျယ်အ၀န်း 
(၁) သူသည် ဥပဒေနှင့်ဓလေ့ထုံးစံကို ပြောင်းလဲစေနိုင်သော 
တန်ခိုးအာဏာ ရှိလိမ့်မည်။ ဒံ ၂၅ 
(၂) ကမ္ဘာစီးပွားရေးကို လုံးဝအုပ်စိုးလိမ့်မည်။ ဗျာ ၁၃း၁၆-၁၇။ 
(၃) ဘာသာရေးအပေါ်တွင် လုံးဝ ချုပ်ကိုင်လိမ့်မည်။ ဗျာ ၁း၃။ ထာဝရတရားကို ဂရုမပြု၊ နာမတော်ကို ရှုတ်ချ၍ မိမိကိုယ်ကို ချီးမြှောက်လျက်၊ ရုပ်တုကို ပြုလုပ်ပြီး ကိုးကွယ်စေသည်။
 ၂ သက် ၂း၎ နှင့် ဒံ ၁၁း၃၆ ကိုဖတ်ပါ။ 
(၄) ပြည့်တန်ဆာအမည်ရှိသော အတုအယောင် ဘာသာရေးစနစ်၏ 
အကူ အညီဖြင့် သူသည်အာဏာကို ရယူ သည်။ ထိုစံနစ်သည် 
သူ့အား စိုးမိုးရန် ကြိုးစား သည်။ ထိုအခါသူသည် စနစ်ကို ဖျက်ဆီးသည်။ 
ဗျာ ၁၇း၃။ ၁၆း၁၇။ ၅) သူ၏ တန်ခိုသည် မေရှိယနှင့် ယုဒလူ
တို့ကိုသာ ရည်ညွန်းနေလိမ့်မည်။ 
ဆ။ သူ၏ ကျဆုံးခြင်း၊ ပျက်စီးခြင်းနှင့် နောက်ဆုံးခရီး။ 
(၁) ထိုသူသည် ကြောက်မက်ဘွယ် ကြမ်းတမ်းစွာအုပ်ချုပ်သော ကာလသည် ဘေးဒဏ်ကြီးကလာတွင် သုံးနှစ်ခွဲကြာ လိမ့်မည်။ ဗျာ ၁၃း၅ (၂) ဘေးဒဏ်ကြီးကာလ၏ အဆုံးတွင် စုစည်းထားသော 
တပ်ကြီးများ သိမ်းပိုက် ၀ိုင်းရံချီ တက်ကြလိမ့်မည်။ ဇာခရိ ၁၄း၂။ 
(၃) အာမဂေဒုန်စစ်ပွဲကြီးကို စတင်တိုက်ခိုက်သည်။ ဗျာ ၁၆း၁၃-၁၆။ 
ထိုစဉ် ခရစ်တော်သည် ကောင်းကင် တပ်ကြီး ကို ခေါ်ဆောင်လျက် သားရဲနှင့် သားရဲ၏ လူတို့အား စစ်တိုက်မည်။ 
သားရဲ၏တန်ခိုးကို ချိုးဖဲ့မည်။ ဗျာ ၁၉း၁၅-၁၉။ ၂ သက် ၂း၈။ 
(၄) သားရဲကိုဖမ်း၍ မီးအိုင်ထဲသို့ ချပစ်လေ၏။ ဗျာ၊ ၁၉း၂၀။

၃။ဘေးဒဏ်ကြီးကာလနှင့် ဒံယေလ၏ ခုနှစ် မြောက်သီတင်း

ခရစ်တော်သည် ယော ၁၆း၃၃ တွင် ကပ်ကာလအဆုံး၌ ဘေးဒဏ်ကြီး ကာလကို ကတိပြုထားသည့် အတိုင်း၎င်း အသင်းတော်သည် 
စပိန်ပြည်တွင် နှိပ်ကွပ်စဉ်က၎င်း၊ အမှောင်ခေတ်တွင်၎င်း၊
 ကြီးစွာသော ညှင်းဆဲခြင်း ကိုခံရပြီးဖြစ်၍ မြောက်မြားစွာသော 
လူတို့သည် အသင်းတော်၌ မကြုံဘူသော ဘေးကြီး ကျရောက်လိမ့်မည့် အရေးကို ငြင်းပယ်လိုကြပါသည်။ 
သို့ရာတွင် လွန်ခဲ့သော အချိန်၌ ကျရောက်ခဲ့သော
 ဘေးဒဏ်များနှင့် မနှိုင်းယှဉ်သာသော၊
 နှုတ်ဖြင့် စာဖြင့် ပြောပြ၍ မရလောက်အောင် ခက်ခဲသော မကြုံစဘူး 
အခက်အခဲသည် ဤကမ္ဘာပေါ်သို့ ကျရောက်ဦးမည် ဖြစ်ပါသည်။ 
ဒံ ၁၂း၁။ ယော ၃၀း၇။ မ ၂၄း၁၅-၂ ၁။ ၂၉ နှင့် ဗျာ ၇း၁၄ ကိုဖတ်ပါ။ 
က။ မည်သည့်အချိန်တွင်အစပြုသနည်း။ 
(၁) အသင်းတော်ကို ချီဆောင်ပြီး ဆီးတားထားသော 
ဝိညာဉ်ဖြစ်သည့် သန့်ရှင်းသော ၀ိညာဉ်တော်ကို 
ရုပ်သိမ်း ပြီး နောက် ၂ သက် ၂း၁-၈။ 
(၂) သခင်ဘုရားသည် ဘုန်းတန်ခိုးအာနုဘော်ဖြင့်
 ကြွလာ တော်မမူမီ။ မ ၂၄း၂၉။ 
(၃) ဒံယေလ၏ ခုနှစ်ဆယ်ခုမြောက်သီတင်း
အစပြုသော အချိန် ဒံ ၉း၂၇။ (ဒံ ၉း၂၀-၂၇ ဖတ်) 
(က) သီတင်းပတ် တစ်ပတ်ကို တစ်နှစ်နှင့်
ဆက်၍ပြောသည်မှာ အစဉ်အလာ ဖြစ်သည်။ 
က၊ ၂၉း၂၇။ ဒံ၊ ၉း၂၈-၃၀။ 
(ခ) သီတင်း(၆၉) ပတ် ကြာသောအခါ မေရှိယသည် သတ်ဖြတ်ခြင်း 
ခံရမည်။ ယေရုရှလင်မြို့ ဖျက်ဆီးခြင်း ခံရမည်။(အေဒီ ၇၀)။ 
တနည်းအားဖြင့် ဒံယေလ မြင်သော သီတင်း ၆၉ နှင့် ၇၀ 
အကြာတွင် ကြား ကာလ ရှိလိမ့်မည်။ 
(ဂ) သီတင်းပတ်သည် ဣသရေလလူတို့နှင့် အန္တိခရစ် 
ချုပ်ဆိုသော စာချုပ် အားဖြင့် အစပြု မည်။ သုံးနှစ်ခွဲ ကြာ သောအခါ ထိုစာချုပ်ပျက်မည်။ ကျန် သုံး နှစ်ခွဲနှစ်သည် 
“ဘေးဒဏ်ကြီးကာလ” ဖြစ် သည်။ မ ၂၄း၁၅ တွင် ဖော်ပြထားလျက် ပြည့်စုံခြင်းမရှိသေးပါ။ ခရစ်တော်သည်ည်း
 နောင်တွင်ဖြစ်မည့် အရာ ဟု ဖော်ပြထား ပါ သည်။ 

 ခ။ ဘေးဒဏ်ကြီးကာလ၏ အဓိကလက္ခဏာများ။ 
(၁) အမျက်တော်ဖလားကို သွန်းလောင်းရာကာလဖြစ်သည်။ 
 (က) ဣသရေလအပေါ် စာတန်၏အမျက်။ ဗျာ ၁၂း၉၊ ၁၂၊ ၁၃၊ ဗျာ၁၃း၇။ (ခ) ခရစ်တော်၏ အမျက်တော်။ ဗျာ ၆း၁၆၊ ၁၇ သိုးသငယ်၏ အမျက်တော်။ (ဂ) ဘုရားမဲ့သော သူတို့အပေါ်ခမည်းတော်၏ အမျက်။ ခရစ်တော်ကို ငြင်းပယ်၍ သားရဲ၏ အမှတ်တံဆိပ်ကို ခံသောသူတို့အပေါ် ထွက်သောအမျက်။ ဗျာ ၁၄း၉-၁၁။ ၁၅း၇။ ၁၆း၁-၁၂။ လု ၂၁း ၂၄။ 
(၂) လူမျိုးနိုင်ငံများနှင့် ဣသရေလလူမျိုးအပေါ် တရားစီရင်သော အချိန်ဖြစ် ပါသည်။ ယေဇ ၂၀း၃၇၊ ၃၈။ ဗျာ ၃း၁၀။ ၁၄း၇။ ၁၆း၁။ မ ၂၅း၃၁၊ ၄၆။ 
(၃) သားရဲနှင့် မိစ္ဆာပရေဖက်တို့သည် ကြောက်မက်ဘွယ်ရာ
 ကြမ်းတမ်းစွာ အုပ်ချုပ်သော ကာလ ဖြစ်သည်။
 ဗျာ ၁၃း၁-၁၀။ (၅း၅း၇) ဗျာ၊ ၁၃း၁၁-၁၈ (၁၄-၁၆-၁၇) 
၎) နတ်ဆိုး၏ လှုပ်ရှားမှု ပြန့်ပွားနေသောကာလဖြစ်သည်။ ဗျာ ၁၆း၁၃-၁၄။ (၅) လူုတို့ခံစားနေရသော ဝေဒနာ၊ ဆင်းရဲခြင်း၊ ပျက်စီခြင်းတို့သည်
 ရေတွက် တိုင်းတာ၊ ပြောဆို၍ မရသော ကာလ ဖြစ်လိမ့်မည်။ 
(က) လူသားသည် နေ၏ လောင်မြိုက်ခြင်းကြောင့် အပူလောင်ခြင်း၊
 အံသွား ခဲတြိတ်ခြင်း၊ ညည်းတွားခြင်း၊ သေရန် 
ဆုတောင်းခြင်းများ ပြုကြလိမ့်မည်။ ဗျာ ၆း၁၂။ 
(ဃ) သစ်ပင်မြက်ပင်တို့၏ သုံးစုတစ်ခုသည်
 လောင်ကျွမ်းလိမ့်မည်။ ဗျာ ၈း၇။ ပင်လယ်ရေ သုံးစုတစ်စုသည် 
လူသေ၏ သွေးကဲ့သို့ဖြစ်လိမ့်မည်။ ဗျာ ၈း၈။ ၁၆း၃။ ဂ။ 

 ဤဘေးဒဏ်ကြီးများ၏ အဓိကရည်ရွယ်ချက်များ။ 
(၁) ဣသရေလလူတို့အား ဆုံးမ၍ မေရှိယအတွက် ပြင်ဆင်ရန်ဖြစ်ပေါ်သည်။ ယေဇ ၂၀း၃၇၊ ၃၈။ ယေ ၃၀း၇ တွင် ဤကာလသည် ယာကုပ်အမျိုး၌ အမှု ရောက် သောနေ့ ဟုဖော်ပြထားပါသည်။ 
(၂) ခရစ်တော်ကို ငြင်းပယ်လျက် သားရဲ၏ အမှတ်တံဆိပ်ကို 
ခံယူသော တစ်ပါး အမျိုးသား တို့ အား ဒဏ်ပေးသော ကာလဖြစ်သည်။ 
ဗျာ ၁၆း၂။ ယောလ ၁၄း၃။ မိက္ခာ ၅း၁၅။ 
(၃) တစ်ပါးအမျိုးသားတို့၏ ကာလကို အဆုံးသတ်ရန် ဖြစ်ပါ သည်။ 
လု ၂၁း၂၄။ တ ၁၅း၁၄-၁၆။ 

ဃ။ မည်မျှကြာပါမည်နည်း။ 
(၁) ဒံယေလ၏ သီတင်း (၇၀)။ ဒံ ၉း၂၀-၂၇။ ၇ နှစ်တစ်ပတ်ဖြင့်ေ
ရတွက် ခြင်းဖြစ်ပါသည်။ “မင်း” သည် ဣသရေလ လူတို့နှင့် ပဋိညာဉ်ချုပ်ဆိုခြင်းဖြင့် အစပြုခဲ့သည်။ ထိုကာလကို သီတင်းတစ်ပတ်ဖြင့် အတည် ပြုပါသည်။ ထို့ကြောင့် နှစ်ဖြင့် ရေတွက်သော သီတင်းဖြစ်ပါသည်။ (၂) ဘေးဒဏ်ကြီးကာလသည် ဒံယေလ၏ သီတင်း ၇၀ ၏ အဆုံးပိုင်း တစ်ဝက် တွင် ဤလောကသို့ ၀င်ရောက် လာမည် ဖြစ်ပါသည်။ 
(က) ထို ၇ နှစ်အလယ်တွင် “မင်း” သည် ဣသရေလ
လူတို့နှင့်ပြုထားသော ပဋိ ညာဉ်ကို ဖျက်၍ ဗိမာန်တော်ကို 
ညစ်ညမ်းစေပြီး။ ယေရုရျှလင်မြို့တွင် မိမိ ကိုယ်မိမိ
ဘုရားအဖြစ် တည်ထောင်သည်။ 
ဒံ ၉း၂၇။ ၁၁း၃၇။ မ ၂၄း၁၅-၂၂။ ၂ သက် ၂း၉။ 
 (ခ) ထို သုံးနှစ်ခွဲနှစ်ကာလကို သုံးမျိုးခေါ်ဝေါ်ထားပါသည်။ 
 ၁။ တစ်ကာလ၊ နှစ်ကာလ၊ ကာလတစ်ဝက်- ဒံ ၁၂း၇၊ ဗျာ ၁၂း၁၄။ 
၂။ လလေးဆယ်နှစ်ပတ်လုံး ဗျာ ၁၁း၂။ ၁၃း၅။ ၃။ ရက်ပေါင်းတစ်ထောင်နှစ်ရာခြောက်ဆယ်။ ဗျာ ၁၂း၆၅။ 
(ဂ) အာမဂေဒုံစစ်ပွဲကြီးဖြင့် အမြင့်ဆုံးအဆင့်သို့ ရောက်မည်။ ခရစ်တော်သည် ဘုန်းတန်ခိုး တော်ဖြင့် ကြွာလခြင်း နှင့် ဆက်ပါမည်။

၎။ အာမဂေဒုန်စစ်ပွဲကြီး

ခရစ်တော်သည်လည်းကောင်း၊ ဒံယေလသည် လည်းကောင်း၊ 
ကမ္ဘာတွင် စစ်ရိပ်ငွေ့ အမြဲသန်း နေမည်ဖြစ်ကြောင်း ကြိုတင်ဟောပြောထားပါသည်။ ဒံ ၉း၂၆။ မ ၂၄း၆-၈။ 
ထို့အပြင် ယခုခေတ်ကာလသည် အာမဂေဒုတ်စစ်ပွဲကြီးဖြင့် ဘေးဒဏ်ကြီးကာလဖြင့် အဆုံးသတ်လျက်ဖြစ် ကြောင်း 
သမ္မာကျမ်းစာက သွန်သင်ထားပါသည်။ 
က။ အာမဂေဒုန်ဆိုသ့ည်မှာ အဘယ်နည်း။ 
(၁) နတ်ဆိုး၏ ၀ိညာဉ်သည် စာတန်၏ ညစ်ညူးသော ၀ိညာဉ်သုံးပါးဖြစ်သော နဂါး၊ သားရဲ၊ မိစ္ဆာပရောဖက်တို့ စုပေါင်း၍ မြေကြီးသာအပေါင်းတို့အား စစ်တိုက်ခြင်းငှာ စုရုံးသော 
အချိန် ဖြစ်ပါ သည်။ ဗျာ ၁၆း၁၃-၁၆။
 (၂) တစ်ကမ္ဘာလုံးပါဝင်သည်။ ဗျာ ၁၆း၁၄။ 
 (၃) အနန္တတန်ခိုးရှင်၏ နေ့ရက်ဟုခေါ်ပါသည်။ 
(၄) အငယ် “၁၄” တွင် “စစ်တိုက်ခြင်းငှာ စုရုံးသည်”ဟူသော 
စကားသည် စစ်ပွဲတစ်ခါတိုက်ခြင်း မဟုတ်ပဲ နယ်မြေ အပိုင်
ရယူရေးအပြီး တိုက်ခိုက် ရေးဖြစ် ပါသည်။ 
 (၅) ထိုနေ့သည် လူမျိုးများအပေါ်သခင်ဘုရား၏ 
အမျက်တော် နေ့ဖြစ်ပါမည်။ 
(က) ဣသရေလလူမျိုးအပေါ် ဆက်ဆံမှုအတွက်
 ယောလ ၃း၂။ ၁၂။ မ ၂၅း၃၂။ 
 (ခ) သူတို့၏ အပြစ်များအတွက်။ ဟေရှာ ၂၆း၂၁။ ၃၄း၂-၃၊ ၈။ ခ။ အာမေဂေဒုန် အဘယ်မှာ ရှိသနည်း။ 
(၁) ထိုစကားလုံးသည် အမှန်မှာ အာမေဂေဒုန်တောင် Mountain of Megiddo ဖြစ်ပါသည်။ ပါလက် စတိုင်းဒေသ၊ မြောက်အလယ်အရပ်၊ ယောဒန်မြစ် အနောက်ဘက်၊ နာဇရက်မြို့၏ အနောက်ဘယ်ဆယ်မိုင်။ မြေထဲပင်လယ်ကမ်းခြေမှ ၁၅ မိုင်အကွာနေရာဖြစ်သည်။ 
Jezreel လွင်ပြင်၏ မြောက်ပိုင်းတွင် တည်ရှိသည်။ 
 (၂) ဤအရပ်ဒေသသည် စစ်ပွဲကြီးများစွာ တိုက်ခဲ့သော ဒေသဖြစ်ပါသည်။ (က) ဒေဗောရနှင့်ဗက်ရက်တို့ ကာနန်လူတို့ကို 
အပြတ်တိုက်ခဲ့ သောနေရာ။ တရား ၄-၅။ 
 (ခ) ဂိဒေါင်သည် မိဒျန်လူတို့ကို အနိုင်တိုက်ခဲ့သော နေရာ။ တရား ၇။ 
 (ဂ) ဖိလိတ္တိလူတို့သည် ရေုာလုအား သတ်သောနေရာ။ ၁ ရာ ၃၁း၈။ 
(ဃ) အဟိယကို ယေဟု သတ်သောနေရာ။ 
(င) ယောရှိမင်းကြီးအား အီဂျစ်လူတို့ သတ်သောနေရာ။ ၄ ရာ ၂၃း၂၉။ (၃)ပါလက်စတိုင်းဒေသ နေရာအားလုံးတို့သည် ဤစစ်ပွဲတွင် ပါဝင်ကြမည်ဖြစ် ကြောင်း ကျမ်းစာက ဖော်ပြထားပါ သည်။ 
(က)ဇာခရိ ၁၂း၂-၁၁ အရ ယေရုရှလင်မြို့သည် ၀ိုင်းထားမည်။ 
တိုက်ပွဲ၏ ဗဟို ချက်သည် အာမေဂေဒုန်၏ တောင်ဘက်တွင်ဖြစ်နိုင်ပါသည်။ 
(ခ)ဗျာ ၁၄း၁၄-၂၀။ အသွေးသည် တစ်ဆယ်ခြောက် 
ယူဇနာခရီး တစ်လျှောက် ၁၈၂ မိုင်ကျော်၌ မြင်းဇက်ကြိုး ကို မှီသည့်တိုင်အောင်ရှိသဖြင့် ဣသရေလပြည်တစ် ပြည်စာ ဖြစ်ပါသည်။ 
 (ဂ) စစ်ပွဲကြီးထဲတွင် ပါဝင်သောအချက်များ။ 
(၁)သားရဲ သို့မဟုတ် အန္တိခရစ်သည် ဣသလေလူတို့နှင့် 
စာချုပ်ချုပ်ဆိုလျက် အတုအယောင် လုံခြုံမှုကို ရရှိ စေသည်။ 
ဒံ ၉း၂၇။ ယေဇ ၃၈း၈၊ ၁၁၊ ၁၄။ 
(၂) ရုရှားက သားရဲဘက် ပါဝင်ပတ်သက်မည်ဟု ယုံကြည်လျက်။ 
ပါလက် စတိုင်တစ်ဖက်တွင် ရပ်တည်သည်။ ယေဇ ၃၈း၁-၆။ 
လုယူရန် (အငယ် ၈၂) ပင်လယ်သေ၏ ချမ်းသာကို လုယူရန် ဖြစ်နိုင်သည်။ (၃) ဘုရားသခင်သည် ကောင်းကင်မှ မီးမိုးကို 
ရုရှားတပ်ကြီးအပေါ်သို့ ကျစေသည်။ (အငယ် ၂၂)၊ 
ရုရှား၏ မေးတွင် သံချိတ်နှင့် ချိတ်သည်။ (အငယ် ၄)၊ 
ရုရှားကို ဣသရေလ တောင်များ ပေါ်တွင် ရှိက်ချသည်။ (၃၉း၂) 
တပ်ကြီး၏ ခြောက်စု တစ်စုချန်ခဲ့၍ ပြန်လည်ထွက်ခဲ့သည်။ 
ဤအချိန်တွင် ဘုရားသခင်၏ အောင်မြင်မှုကို မြင်ရသောကြောင့် ရွေးကောက် တော်မူသော ယုဒလူ တစ်သိန်း လေးသောင်း လေးထောင်တို့၏ သာသနာကြောင့် သန်းပေါင်းများစွာတို့သည် 
ဘုရားသခင် ဘက် သို့ ပြောင်း လဲလာကြသည်။  
ဗျာ ၇း၃-၄၊ ၁၄။ ယေဇ ၃၈း၂၃။ ၃၉း၂၂။ 
(၄) ရုရှား၏ ဆုံးရှုံးမှုကြောင့် အားယူကာ နိုင်ငံတကာတပ်များသည် အန္တိခရစ်၏ အုပ်ချုပ်မှုအောက်သို့ ပါလက် စတိုင်း တွင် 
စုဝေးလာကြသည်။ မြောက်အရပ်၊ အရှေ့အရပ်နှင့် တောင်ရှင်ဘုရင်တို့ပါဝင်ကြသည်။ ဒံ ၁၁း၄၀-၄၅။ 
 (က) စစ်ပွဲ့ဖြစ်ပွားရန် နတ်ဆိုး၏ ၀ိညာဉ်က သွေးဆောင်သည်။ ဗျာ ၁၆း၁၄။ 
 (ခ) ဣသရေလနိုင်ငံကို ရယူရန် ကမ္ဘာ့နိုင်ငံများပါဝင်
တိုက်ခိုက်ကြသည်။ ဇာခရိ ၁၂း၂-၃။ ၁၄း၃။ 
(၅) အရှေ့ဘက်မှ ၂ သန်းပါဝင်သော တပ်ကြီး ချီတက်လာသည်။ (တရုတ်ဖြစ် မည်လော) ဥဖရတ်မြစ်သည် 
ခန်းခြောက်လျက် တပ်သားတို့သည် စစ်ပွဲထဲသို့ ၀င်ကြ၏။ 
ဗျာ ၉း၁၄-၁၆။ ၁၆း၁၂။ 
မှတ်ချက်။ အန္တိခရစ်သည် ပါလက်စတိုင်သို့ ၀င်သောအခါ ဣသရေလ နှင့်ပြုထားသော ပဋိညာဉ်ကို ဖျက်သည်။ ဒံ ၉း၂၇။ “ရွ့ရှာဘွယ်သော ဖျက်ဆီးခြင်းကို ခရစ်တော်
မိန့်ကြားခဲ့သကဲ့သို့ ပြုသည်။ မ ၂၄း၁၅။ 
ဤ အချိန်သည် “ဘေးဒဏ် ကြီးကာလ”ဟု ခေါ်ဆိုသော
ကာလဖြစ်ပါသည်။ လေ့လာပြီးဖြစ်ပါသည်။ မ ၂၄း၂၁။ 
(၆) ကြောက်မက်ဘွယ်စစ်ပွဲကြီးအဆုံးတွင် ကောင်းကင်၌ လူသား၏ 
အမှတ် လက္ခဏာ ပေါ် လာသည်။ မ ၂၄း၂၉-၃၀။ 
ဤလက္ခဏာများသည် မည်သို့ဖြစ် ကြောင်း ဖော်ပြ မထားပါ။ 
(၇) သို့ရာတွင် သားရဲအနေဖြင့် ထိုလက္ခဏာသည် ဘုန်းတန်ခိုးအား
 နုဘော် တော်ဖြင့် ခရစ် တော် ကြွလာ တော်မူခြင်းဖြစ်ကြောင်း သိရှိသည်။ 
ထို့ကြောင့် သူ့အင်အား ရှိသမျှကို ခရစ်တော် ဘက် သို့ လှည့်၍တိုက်ခိုက် သည်။ ခရစ်တော် သည် ထိုစစ်တပ်ကို ချေဖျက်၍ အန္တိခရစ်နှင့်သူ၏ မိစ္ဆာပရောဖက်တို့အား မီးအိုင်ထဲသို့ ပစ်ချသည်။ ထို့နောက်ယေရုရှလင်မြို့ တွင် ရာဇပလ္လင် ထူထောင်သည်။ ဗျာ ၁၉း ၁၁-၂၁

July 1, 2019

!! ❤️ 💚 အမြဲ မှတ်သားသင်.သော အရာ 💙💜!!

၁။ မေတ္တာဆိုတာ အဟောင်းအသစ် အားလုံးကို မြတ်နိုးတာပါပဲ။ 
၂။ အနိုင်အရှုံးဆိုတာ ပွဲအစမှာ ဖြစ်တာမဟုတ်ဘူး 
အဆုံးသတ်ကို ကြည့်တာ။ 
၃။ ရတာကို မလိုချင်ရင် လိုချင်တာကို ရအောင် ကြိုးစားပါ။ 
 ၄။ အလှအပကြောင့် ဘဝပျက်သလို မာနကြောင့်လည်း ဒုက္ခရောက်တတ်တယ်။ 
 ၅။ မိမိအကျိုးအတွက် သူတစ်ပါးအား အသုံးချ၍ ရသော
 အောင်မြင်မူသည် ရေရှည်တည်တံ့မည် မဟုတ်။ 
၆။ သစ်ပင်လို လေတိုက်ရာ ယိမ်းနေပေမဲ့ မှောက်လဲကမသွားပါစေနဲ့။ 
၇။ လက်တွေ့လုပ်ဆောင်ချက်က စကားလုံးတွေထက် 
ပိုပြီးကောင်းမွန်တယ်။ 
 ၈။ အစွန်းရောက်လွန်းရင် ပြုတ်ကျတတ်တယ်။ 
 ၉။ ရွှေဆိုတာ ရှားပါးပစ္စည်းမို့ တန်ဖိုးရှိတာမဟုတ် သူ့ရဲ့ ဂုဏ်သတ္တိတွေကြောင့် တန်ဖိုးရှိတာပါ။ 
၁၀။ စိတ်ကူးယဉ်တယ်ဆိုတာ ငွေမပေးရပေမယ့် အချိန်ပေးရတယ်။ 
၁၁။ ကိုယ်တတ်နိုင်သလောက် လောကကြီးကို ကူညီပါ, ကိုယ်မတတ်နိုင်သေးရင်တော့ မနှောက်ယှက်ပါနှင့်။
 ၁၂။ သူတစ်ပါးအပြစ်ကို များများရှာလေ ကိုယ့်ဘဝ
မတိုးတက်လေပါပဲ ကိုယ့်အပြစ်ကို ရှာပါ။ 
၁၃။ ဘဝတိုးတက်နေဖို့ အမြဲတက်ကြွနေပါ မင်းရဲ့ အောင်မြင်တိုးတက်မူအပေါ် ကြွတက်တော့ မဖြစ်စေနဲ့ပေါ့။ 
 ၁၄။ စကားသည်တကယ်တော့ မြားမဟုတ်ပေ 
သို့သော် မြားထက်ပို၍ စူးပါသည်။ 
၁၅။ အရှုံးထဲကရလာတဲ့ အတွေ့အကြုံဆိုတာ အောင်ပွဲရှိရာ 
လမ်းညွှန်နေတဲ့ လမ်းပြကြယ်လေးပါ။ 
16။ မျက်လုံးကန်းတာထက် အသိကန်းတာက ပိုဆိုးတယ်။ 
၁၇။ ကိုယ့်ရဲ့တစ်ဖက်သတ်အမြင်နဲ့ သူတစ်ပါးကို အပြစ်မတင်လိုက်နဲ့ သူ့မှာလည်း သူ့အကြောင်းနဲ့သူလေ။
 ၁၈။ အတွေ့အကြုံချင်း တူချင်တူမယ် ဒါပေမယ့် ခံယူချက်
အမြင်ချင်းတော့ ကွဲပြားတတ်တယ်။ 
၁၉။ လူတစ်ယောက်ရဲ့အကြောင်းကို သေချာမသိပဲ
 ဝေဖန်ပြောဆိုခြင်းဟာ မိုက်မဲတဲ့လုပ်ရပ်တစ်ခုပါပဲ။ 
၂၀။ ထူးချွန်ပြီး ရိုးသားသူအတွက် နေရာတစ်နေရာ အမြဲရှိနေပါတယ်။
 ၂၁။ ကိုယ်ဖြစ်ချင်တာဖြစ်ခွင့်မရရင်တောင် သူများဖြစ်ချင်တာကို ဖြည့်ဆည်းပေးနိုင်ရင် ကျေနပ်ဖို့ကောင်းပါတယ်။
 ၂၂။ အပြစ်မြင်တတ်တဲ့စိတ်,သံသယရှိနေသရွေ့ 
ဘယ်တော့မှ စိတ်ချမ်းသာမှာမဟုတ်ဘူး။ 
၂၃။ ထက်မြက်သွက်လက်တာနဲ့ 
လျပ်ပေါ်လော်လည်တာ တစ်ခြားစီပါနော်။
 ၂၄။ အမြင်မှားရင်တော့ အမှားမြင်တော့မှာပဲ။ 
၂၅။ သင့်ရဲ့စွမ်းအား အစွမ်းကုန်ထုတ်မသုံးသမျှ 
အကောင်းဆုံးကို သင်မရနိုင်။
 ၂၆။ အခြေအနေကိုစောင့်ကြည့်တတ်ခြင်းဟာလည်း
 အောင်မြင်ဖို့အတွက် နည်းလမ်းတစ်လမ်းပါပဲ။
 ၂၇။ အတိတ်ကို မေ့ချင်မေ့ပါ ဘဝကို မမေ့ပါနဲ့။ 
 ၂၈။ အရှိကို အရှိတိုင်း လက်ခံတတ်ခြင်းဟာလည်း 
လူတစ်ယောက်ရဲ့ အရည်အချင်းပါပဲ။ 
၂၉။ ဘယ်လောက်ပဲ အမှားကိုကျူးလွန်တဲ့သူ ဖြစ်ပါစေ အမှားကို မှားမှန်းသိလို့ ပြန်တောင်းပန်ရင် ထိုသူကို ခွင့်လွှတ်ပေးနိုင်ရပါမယ်။ 
၃၀။ လောဘကို အသောသတ်နိုင်မှ သောကဇာတ်သိမ်းမှာပေါ့။ 
၃၁။ လူတော်မဖြစ်ချင်နေ လူရှော်မဖြစ်စေနဲ့။ 
၃၂။ အသေချာဆုံး ရင်းနှီးမြုပ်နှံမူဟာ ကိုယ့်ကိုယ်ကိုယ် အားကိုးခြင်းပါပဲ။ ၃၃။ ဤအလုပ်ကို သင်လုပ်ရမည်ဟု သိတာနဲ့ တပြိုင်နက် ထလုပ်လိုက်ပါ။ ၃၄။ စာဘူးတောင်းငှက်တွေတောင် ကိုယ်လိုချင်တဲ့ အသိုက်ကို 
ရအောင် ဆောက်နိုင်တယ်ဆိုရင် မိမိကကော ကိုယ်လိုချင်တဲ့ဘဝကို ဘာကြောင့်မတည်ဆောက်နိုင်ရမှာလဲ။ 
၃၅။ ဘယ်အတတ်ပညာမဆို တတ်သယောင်နဲ့ 
ဟန်တွေသုံးနေသမျှ ဥာဏ်တွေတုံးနေရမှာ သေချာတယ်။ 
 ၃၆။ သူများခိုင်းမှလုပ်တာ ကျွန် သခင်ဖြစ်ချင်ရင် ကိုယ့်ကိုယ်ကိုယ် ခိုင်း။ ၃၇။ သည်းခံရခြင်းသည် ခါးသက်၏, သို့သော် ၄င်း၏ 
အသီးအပွင့်များက ချိုမြိန်လှ၏။ 
၃၈။ စိတ်လှရင် ရုပ်လှတာထက် တန်ဖိုးရှိပါတယ်။ 
 #credit, Forward Mail

February 20, 2019

✟ ဘုရားသခင် ဘယ်တော့မှ နောက်မကျပါ ✟

📕 "သေလွန်သောသူတို့ကို အသက်ရှင်စေတော်မူထသော၊ မဖြစ်သေးသောအရာတို့ကို ဖြစ်သောအရာကဲ့သို့
 မှာထားတော်မူ သော ဘုရားသခင်" (ရောမ ၄:၁၇) ❓
သင့်ရတဲ့ကတိတော်ဟာ လာဇရုလို
 သေဆုံးသွားပြီလို့ ခံစား နေပါသလား။ 

 ✅ ယုံကြည်ခြင်းရဲ့အဖ အာဗြဟံကို သတိရလျက် ခွန်အားယူပါ လေ။ ကတိတော်သားကိုရဖို့ ၂၅ စောင့်ပြီး သူ့နဲ့စာရာရဲ့ ကိုယ်ခန္ဓာအသေလို ဖြစ်နေချိန်မှာ ဘုရားသခင်ဟာ သေလွန်သောသူတို့ကို အသက်ရှင်စေတဲ့ဘုရားဖြစ်လို့ သားကိုရမှာဘဲလို့ စွဲမြဲစွာ
 ယုံကြည်ခဲ့တယ်။ ကျားကုတ်ကျားခဲ ယုံကြည်ခြင်းမျိုးဘဲ။ ❓ 

သင်လိုချင်တဲ့အဖြေရရှိဖို့ အရမ်းနောက်ကျသွားပြီ။ ဘုရားကတိပေးထားတဲ့အရာ ဘယ်တော့မှ ဖြစ်လာတော့မှာ
 မဟုတ်ဘူးလို့ ခံစားနေပါသလား။ 
ဒါဟာ သင့်ရဲ့အထင်ဘဲ။ ဘုရားပြောတဲ့စကား မဟုတ်ပါ။ 
ဘုရားသခင် ပြောပြီဆိုရင် ပြောတဲ့အတိုင်း ပြည့်စုံလာမယ်။

 ✅ ဘုရားသခင်ဟာ ဘယ်တော့မှမစောသလို ဘယ်တော့မှ နောက်မကျဘူး။ သင့်ရဲ့အချိန်ဇယားအရ နောက်ကျတယ်ထင်ရပေမဲ့ ဘုရားသခင်ရဲ့ အချိန်ဇယားမှာတော့ နောက်မကျသေးဘူး။ 
အချိန်ကွက်တိ အလုပ်လုပ်တဲ့ ဘုရားသခင် ဖြစ်တယ်။ 
ဒါကြောင့် အာဗြဟံလို မိမိယုံကြည်ခြင်းကို ကျားကုတ်ကျားခဲ 
မလွှတ်တမ်း ဆုပ်ကိုင်ထားပါလေ။

 ✅ လာဇရုကို သေခြင်းမှထမြောက်စေတဲ့ဘုရား သခင်ဟာ
 သင့်ရဲ့ ကတိတော်ကို ထမြောက်စေလိမ့်မယ်။ သေဆုံးသွားပြီ/ဘယ် တော့မှ ဖြစ်လာတော့မှာ မဟုတ်ဘူး လို. ထင်ရတဲ့ သင့်ရဲ့ရူပါရုံကို ဘုရားသခင် ထမြောက်စေတာ မြင်ရလိမ့်မယ်။

ခေါင်းဆောင်ကောင်း ဆိုသည်မှာ...

(ချစ်ခြင်းမေတ္တာ)
သင် တို့ သည် အချင်းချင်း တစ်ယေက်ကို တစ်ယောက် ချစ်ကြလော့၊ ငါသည် သင်တို့ကို ချစ်သည့် နည်းတူ အချင်းချင်း ချစ်ကြလော့ ဟု ပညတ်သစ် ကို ငါပေး၏၊ သင်တို့ သည် အချင်းချင်း ချစ်ကြလျှင် လူအပေါင်း တို့သည် ထိုမေတ္တာကို ထောက်၍ သင်တို့သည် ငါ ၏ တ ပည့် ဖြစ် သည် ဟု သိ ရ ကြ လိမ့် မည် ဟု မိန့်  တော် မူ သည်။ ယော ၁၃း၃၄-၃၅၊ 
ခရစ် တော် သည် အသင်း တော် ကို ချစ် ၍ ဦး ခေါင်း 
အ နေ ဖြင့် အုပ် စိုး ဦး ဆောင် ၍ ကျွေး မွေး ပြု စု သ ကဲ့ သို့ ..

အ တ္တ ကို ချိုး နိုမ် ခြင်း 
ငါ အ မှန် အ ကန် ဆို သည် ကား မြေ ၌ ကျ သော စ ပါး စေ့ သည် မ ပျက် လျှင် တစ် ခု တည်း နေ ၏၊ ပျက် လျှင် ကား များ စွာ သော အ သီး ကို သီး တတ် ၏။ ယော ၁၂း၂၄ ထို အ သင်း တော် အဘို့ အ လို့ ငှါ ကိုယ် တော်သည် ကိုယ့် ကိုကိုယ် စွန့် တော် မူ သကဲ့သို့ ..

သန့် ရှင်း စင် ကြယ် ခြင်း
 ကြီး စွာ သော အိမ် ၌ ရွှေ တန်ဆာ ၊ ငွေ တန်ဆာ သာ ရှိသည် မဟုတ် ၊ သစ်သား တန်ဆာ၊ မြေတန်ဆာ ရှိ၏၊ အသရေ ရှိသော တန်ဆာ၊ အသရေ မရှိသော တန်ဆာရှိ၏၊ သို့ဖြစ်၍ အထက် ဆိုခဲ့ပြီးသော အကျင့် တို့ကို ပယ်၍ မိ မိ ကိုယ် စင် ကြယ် စေ သော သူ မည် သည်ကား အသရေ ရှိသော တန်ဆာ၊ သန့်ရှင်း၍ အိမ်ရှင် သုံးစရာ ကောင်း
 သော တန်ဆာ၊ ကောင်းသော အမှုများ အဘို့ အလို့ငှာ
 ပြင်ဆင် သော တန်ဆာ ဖြစ် လိမ့်မည်။ ၂တိ ၂း၂၀-၂၂၊ 

စိတ်ရှည်သည်းခံခြင်း 
ဘုရား သခင် ၏ ကျွန် သည် ရန် မတွေ့ ရ၊ ခပ် သိမ်း သောသူတို့အား ဖြေးညှင်း စွာ ပြု သော သူ ဆုံးမ သြ၀ါဒ ပေးခြင်း အမှု၌ လိမ်မာ သောသူ၊ သည်းခံ နိုင်သော သူ ဖြစ်ရမည်။ ၂တိ ၂း၂၄ ခပ်သိမ်း သော သူတို့ အား ရှည်သော စိတ် ရှိစေ ကြ လော့၊ သူ့တပါး ၌ အဘယ် သူမျှ ရန် တုံ့ မမူ စေခြင်း ငှာ သတိ ပြု၍ အချင်းချင်း တို့၌ လည်း ကောင်း၊ ခပ်သိမ်း သော သူတို့၌ လည်း ကောင်း၊ ကာလ အစဉ် ကြိုးစား ၍ ကျေးဇူး ပြုကြ လော့၊ ၁သက် ၅း၁၅ နူးညံ့သိမ်မွေ့ခြင်း ဆီးတားငြင်းခုန်သောသူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမရမည်။ 

သမ္မာ တရားကို ၀န်ခံခြင်း 
အလို့ငှာ နောင်တကို ဘုရား သခင် ပေးကောင်း ပေးတော် မူ၍ 
မာရ်နတ် အလို အတိုင်း ဖမ်းမိ သော သူတို့သည် 
သတိရ၍ ဖမ်းမိရာမှ လွှတ်ခြင်းသို့ ရောက်ကောင်း
 ရောက် ကြ လိမ့်မည်။ ၂တိ ၂း၂၅-၂၆

 သူ့အမူအရာကိုသာရှုမှတ်ခြင်း
ကိုယ့် အ မူ အရာ ကို သာ မ ရှု မ မှတ် ပဲ၊ သူ့ အ မူ အ ရာကို 
အ ချင်း ချင်း ရှု မှတ် ကြ လော့၊ ဖိ ၂း၎ အကြောင်းမှာ 
လူတို့သည် ယေရှုခရစ်၏ အကျိုးကိုမရှာပဲ မိမိအကျိုးကို 
သာရှာ တတ် သော သဘော ရှိသည်။ ဖိ ၂း၂၁ 

 နှိမ့် ချ ခြင်း 
သူတပါးသည် ကိုယ့်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသော 
စိတ်ရှိ၍ တစ်ယောက်ကို တစ်ယောက် ထင်မှတ်ကြလော့။ ဖိ ၂း၃ ယေရှုခရစ်၌ ရှိသော ထိုစိတ်သဘောကို 
သင်တို့၌ ရှိစေ ကြ လော့ ဖိ ၂း၅

July 24, 2018

|✟| ကောင်းကင်ဘုံ (HEAVEN) ဘယ်နှစ်ထပ် ရှိသလဲ? |✟|

ဘာသာတရားတိုင်း၌ ကောင်းကင်ဘုံနှင်. ပါတ်သက်၍ 
ယုံကြည်ခြင်း ကွဲပြား ခြားနားကြပါသည်။
ဥပမာ-မူဆလင် ဂိုရမ်ကျမ်း၌ ကောင်းကင်ဘုံ (၇)ထပ် 
ရှိသည်.နည်းတူ ဗုဒ္ဓကျမ်း အရ (၃၁) ဘုံ ရှိကြောင်း နားလည်ရသည်။ 
✟ သမ္မာကျမ်းကို ယုံကြည်သော ခရစ်ယာန်များအတွက်ကောင်းကင်ဘုံ (၃)ထပ်ရှိကြောင်း အတိကျဖေါ်ပြထားသည်။

ကမ္ဘာဦးကျမ်း ၁း၁ ၌ ကောင်းကင် (Heavens/plural)ဖြင်.
 ဖေါ်ပြခြင်းသည် ကောင်းကင်ဘုံ တခုထက် ပို၍ရှိကြောင်း 
နားလည် ရသည်။(Gen1:1;Jer23:24; Acts17:24, Ps-102:25). 

(၁)ထပ် First heaven- မြင်နိုင်သောမိုးကောင်းကင် လေထု၊ 
(Gen-2:19; 7:3,23; Psa-8:8, ,Lam- 4:19,Deu-11:17 

 (၂)ထပ် Second Heaven –အာကာသ space နေ၊လ၊ကြယ် ပြင်ပ၊ (Deut-17:3; Jer- 8:2; Matt- 24:29,Ps- 19:1 ) 

(၃)Third Heaven ၊ အမြင်.ဆုံး ထာဝရဘုရား ကိန်းဝပ်ရာ- (သို.)
 ယေရှုဆလင် မြို.သစ်။ (Deut-10:14; 1 Kings 8:27; Psalms 115:16; 148:4). (1Kings 8:27) - (Ps-2:4) , 2 Cor.12:2. “2 Corinthians 12:4 ,Luke 23:43; 2 Cor 12:4; Rev 2:7. 
Gen- 2:8-10,15-16; 3:1-3,8, 16,23-24; 13:10; 
Num 24:6; Is 51:3; Eze 28:13; 31:8-9; 
Joel 2:3. Neh 2:8; Ecc- 2:5) 

✟✟ သင်.အတွက် ထာဝရဘုရားအကြံစည်တော်သည် 
✟✟ ပထမ နှင်. ဒုတိယထပ် ကောင်းကင်လောက်မှာ 
✟✟ ကျေနပ်သာယာနေဖို. လုံးဝ အလိုမရှိဘူး။ 
✟✟ သူနှင်.အတူ တတိယ ကောင်းကင် ယေရှုဆလင်မြို.သစ် 
✟✟ နေဝင်မိုးချုပ် သေနာအိုခြင်းမရှိရာ အမြင်.ဆုံးကောင်းကင်၌ 
✟✟ သင်.အတွက်နေရာတစ်ခု ပြင်ဆင်ထားသည်။ 

**  သို.သော်-ထိုနေရာကို ကိုယ်စားရွေးပေး၍ မရပါ။ 
**  သင် မသေခင် သင်ကိုယ်တိုင် ရွေးချယ်ရပါမည်။ 

✟✟ မိမိကြိုးစားလုပ်ဆောင်ခြင်း ကံအကျိုးပေးကောင်း၍ 
✟✟ လုံးဝ(လုံးဝ)မရောက်နိုင်ရာ-ကျေးဇူးတော်ကြောင်.သာ။ 
✟✟ ယုံကြည်ခြင်းဖြင်. အချိန်ရှိတုန်း အရယူလိုက်ပါ။ 
✟✟ Thank you Jesus လို. ကျေးဇူးတင် ဝန်ခံရင်း-- 
✟✟ အာမင်းးးး-ဟာလေလုယား
✟✟ သည်.ထက်ကောင်းသည်. သတင်းကောင်း ဘယ်မှာ ရှိသေးလဲ 
✟ ✟ သင် ကြားစေချင်သည်. သူငယ်ချင်းထံ 
လက်ဆင်.ကမ်းShareပါ

April 20, 2018

လက်ဝါးကားတိုင်တန်ခိုး

(1)လက်ဝါးကားတိုင်သည် ဘုရားသ္ခင် တန်ခိုးကို ပြသခြင်းဖြစ်သည်
|| A. ဘုရားသခင်၏ ထူးကဲသာလွန်သောတန်ခိုးကိုယုံကြည်ပါ။ 
ကားတိုင်သည် ဘုရား၏ တန်ခိုးကို ပြသကြောင်းကို ယုံကြည်ပါ။ 
ဘုရားတန်ခိုးဖြင်.ထမြောက်စေလျှက် ကောင်းကင် ၌ ထိုင်တော်မူ၏။ 

B.ဘုရားသခင်သည် သင်.အား ထိုတန်ခိုးကို 
မျှဝေခံစားစေလိုသည်ကို ယုံကြည်ပါ။ 
ထို ထမြောက်ခြင်း တန်ခိုးအား သင်.အထဲ၌ ပြည်.စုံစေမည်။ 
သင်၏ အဆိုးဆုံး အခြေနေမှ အကောင်းဆုံး အခြေနေသို. ပြောင်းလဲစေနိုင်၏

 (2) ကားတိုင်သည် ဘုရားတန်ခိုး ထုတ်ဖေါ်ပြသခြင်းဖြစ်သည်။ 
A. ယေရှုသည် အမြင်.ဆုံးတရားစီရင် ပိုင်ခွင်. ရှိသည်ကို ယုံကြည်ပါ 
ယေရှုသည် ခပ်သိမ်းသောအထွဋ်အမြတ်၊ အာဏာစက်...
အစိုးရ၏ (ဧဖက် ၁း၁၉-၂၀) 
ယေရှုသည် အထွဋ်အမြတ်၊အာဏာစက် အောင်ပွဲခံ(ကသ၊၂း၁၄) 
✟ ယေရှု၏ အားလုံးအထက်၌ ထိုင်၍နေရာယူခြင်းတွင် 
သင်နှင်.လည်း သက်ဆိုင်သည်။ 

B. ယေရှုသည် အမိန်.အာဏာအား သင်.အား ပေးကြောင်းယုံကြည်ပါ။ 
ထို အမိန်.အာဏာ (Authority ) ပိုင်ဆိုင်ခြင်းသည် 
အသုံးပြုရန်ဖြစ်သည်။ 
သင်သည် ယေရှုနှင်.အတူ ကားတိုင်၌ ထပ်တူပြု(identify)
သည်.အခါ ထမြောက်ခြင်း တန်ခိုး ကောင်းကင်တက်ကြွခြင်း နှင်.အတူ နတ်ဆိုးတန်ခိုး နိုင်ရသော အခွင်. အာဏာလည်း ရရှိသည်။ 

C. ယေရှူအခွင်.အာဏာသည် နတ်ဆိုးအောင်နိုင်သည်ကို ယုံကြည်ပါ။
✟ စာတန်သည် သင်ထက် အဆများစွာ တန်ခိုးရှိသော်လဲ
 ယေရှုတန်ခိုးကို မနိုင်ပါ။ 
✟ စာတန်တန်ခိုးကို ကားတိုင်တော်အားဖြင့်အောင်ပွဲခံတော်မူပြီ။ (ကလ၊၁း၁၅) 
✟ စာတန်၏အဆုံးသတ်စကား မရှိခြင်းသည် ယေရှုအရာရာ၌ စိုးစံခြင်းကြောင်.ဖြစ်၏ 
(3) ကားတိုင်တန်ခိုးသည် Holy Communion 
ပွဲတော် ဆက်ဆံခြင်းဖြင်. ရရှိနိုင်သည်။

 A.ပွဲတော်ဆက်ဆံခြင်းဖြင်. ပြည်.စုံသော ကားတိုင်တန်ခိုး 
သို.၀င်စေသည် ကို ယုံကြည်ပါ။ 
ပွဲတော်သည် အသေခံခြင်း/ထမြောက်ခြင်း
 ကျေးဇူး ခံစားစေ သည်။ 1cor 10:16 
ပွဲတော်ဝင်ခြင်းသည် ငါတို.၌ စာတန်တန်ခိုး ကြာရှည် 
မအုပ် စိုးကြောင်း၊ သတိပေးခြင်းဖြစ်၏။ col 2:13-15 B. ယေရှုအသွေး၊အသားဆက်ဆံခြင်းဖြင်. ယေရှု
 အသေခံခြင်းကို ကြေငြာပါ။  

ခရစ်တော်ခန္ဒာနှင်.ဆက်ဆံခြင်းသည် ယေရှုအသေခံခြင်းကို
 ကြေငြာခြင်း၊ စာတန်သည် ရှုံးနိမ်.သူဖြစ်ကြောင်း
 ဟောနေခြင်းဖြစ်၏(1cor 11:26) 

ပွဲတော်မုန်.၊စပျစ်ရည်သောက်ခြင်းသည် စာတန်ရှုံးပြီ-ဟု တရားဟောနေခြင်းဖြစ်၏၊ 

ပွဲတော်ဝင်ခြင်းသည် နဂိုမူလ ဧဒင်ဥယျဉ်၌ ရရှိသော 
တန်ခိုးအာဏာ ပြန်လည် ရယူခြင်းဖြစ်၏ 

(4) ကားတိုင်သည် ချီးမွမ်းခြင်းအကြောင်းရင်းကို သိရှိနား လည်စေသည်။
 ✟ သူ.တန်ခိုင်း အာဏာတော်အတွက် ချီးမွမ်းခြင်း ဖြစ်သည်။ 
သခင်နှင်.မိတ်သဟာယဖွဲ.ခြင်းသည် သ္ခင်.နဘေး၌ထိုင်၍ 
တန်ခိုးခံမည်. အကြောင်း၊ဧဖ-၂း၆ 

A. ယေရှု၏ စာတန်ခိုး အောင်နိုင်ခြင်းအပေါ် ချီးမွမ်းတတ်ပါ။ 
သိုးသူငယ်အသွေးအားဖြင့်၎င်း.... အောင်မြင်၍(ဗျာဒိတ် ၁၂း၁၀-၁၁) 
စာတန်အခွင်.အာဏာကို လွှမ်းမိုးအနိုင်ယူသော တန်ခိုးကို ၇ရှိစေသည်။

 (5) ကားတိုင်သည် ရန်သူများကို အောင်နိုင်ရသော အခွင်. ပေးသည်။ 
 A.၀ိညဉ်အားဖြင်. သင်သည် ကောင်းကင်အရပ်၌ 
ထိုင်တော်မူသည်ကို ယုံကြည်ပါ။ 
ယေရှုခရစ်အားဖြင့် ထမြောက်စေ၍ ကောင်းကင်အရပ်၌
 နေရာပေးတော် မူပြီ၊ဧဖ-၂း၅-၇။ 
သင်.နေရာ အမှန်ကို နားလည်၍ မည်သည်.တန်ခိုး 
ရထားကြောင်း ယုံကြည်ရမည်။

 B. သင် ရရှိသောဝိညဉ်ရေးအမွေသည် 
လက်ရှိအခြေနေ၌ ပြည်.စုံ ခံစားမည်ကို ယုံကြည်ပါ။ 
ယေရှုတန်ခိုးသည် သင်.ကြောက်ရွံ. စိုးရိမ်ခြင်း 
ဝမ်းနည်းခြင်းများကို ပြောင်းလဲစေမည်။ 
ယေရှုအလင်းတန်ခိုး၌ ကျင်လည်ခြင်းဖြင်. မည်သို.
 ပြောဆို ၊လျောက် လှမ်း၊ ခံယူမည်ကို ပြောင်းလဲစေမည် ။

အဘယ်ကြောင်. ဆိုသော် သူသည် အရာခပ်သိမ်း 
ထိန်းချုပ်သည်ကို သတိရစေမည်။ အာမင်း။။