ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

August 11, 2014

NOAH'S ARK (နောဧလှေ)


           တောင်တန်းများပေါ်တွင် ရှာဖွေတွေ့ ခဲ့သည်.
             သမ္မကျမ်းထဲမှ နိုအား (Noah)ရဲ့ လှေကြီး 
ပုံပြင်ဆန်လှသည့် နိုအားရဲ့  လွတ်မြောက်ခြင်းလှေကြီး ဇတ်လမ်းကို ရုပ်ရှင်အဖြစ်ရိုက်ကူး တာကြည့်ရပါတယ် ၊ ကမ္ဘာကြီးရေလွှမ်းမည့် ကပ်ဘေးကို ကြိုသိခဲ့သူ နိုအားနဲ့  သူ့ ကိုယုံကြည်သူ တွေဟာ ကြီးမား တဲ့ လှေကြီး တစင်းတည်ဆောက်ပြီး လွတ်မြောက်သွားခဲ့တာပါ။ ရာဇ၀င်ထဲကလှေကြီးကို ခုတော့ ဂြိုလ်တုကနေ တဆင့် တူရကီနိုင်ငံ ရဲ့ တောင်တန်းတွေမှာ ပညာရှင်တွေကရှာဖွေတွေ့ ရှိခဲ့ပါပြီဖြစ်ပါတယ်။
 ခေတ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရလို့  လှေကြီးရဲ့  အပေါ်ရံပိုင်းပျက်စီး ခဲ့ပေမယ့်  အတွင်းမှာတူး ဖေါ် တွေ့ ရှိတဲ့ အထောက်အထား ပစ္စည်းအသုံးဆောင် တော်တော်များများတွေ့ ရှိခဲ့တယ်။ လှေကြီးအကျယ်ဝန်းကဘောလုံးတကွင်းစာလောက် ကျယ်ပြန့်ပြီးသုံးထပ်တိုက်တလုံးလောက်မြင့်ပါတယ်။ သမိုင်းသုတေသီတွေ သုံးသက်တာကတော့" နိုအား" ရဲ့ လှေကြီး ဟာ ရေခဲခေတ်တခုကို ရောက်ပြီး ရေခဲများအကြားညပ်နေခဲ့ရာက ခုလိုတောင်ထိပ် တနေရာမှာ ရောက်သွားတာဖြစ် တယ်လို့ ခန့် မှန်း ပါတယ်။ ခရစ်ယာန်တစ်ယောက် မဟုတ်တဲ့အတွက် " နိုအား" (Noah) (နောဧ - Noe လို့လည်း ခေါ်ကြပါ တယ်) ဆိုတဲ့လူအကြောင်းကို သူတို့လောက်တော့ မသိပါဘူး။ ကိုယ်တော်သည် မတရားသော အမှုကို နှစ်သက်သောဘုရားမဟုတ်။ ဆိုးသောသူကို လက်ခံတော်မမူ။ ” - ဆာလံကျမ်း ၅း၎ ခရစ်ယာန်သမ္မာကျမ်းစာ အရတော့ အဲဒီခေတ်တုန်းက ဘုရားသခင်က လူတွေရဲ့ စဉ်းလဲမှု၊ မသမာမှု၊ မလိုက်နာမှုတွေကြောင့် ဒီအပြစ်သားတွေကို ဒဏ်ခတ်တဲ့အနေနဲ့ ကမ္ဘာမြေကြီုးပေါ်မှာ ရေလွှမ်းမိုးမှုကြီး (The Great Deluge) တစ်ခုကို ဖန်ဆင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီ" နိုအား" လို့အမည်ရတဲ့ လူကတော့ မှန်ကန်ဖြောင့်မတ်သူ တစ်ယောက် ဆိုတာကို ဘုရားသခင်က သိမြင်တော်မူတဲ့ အတွက် ရေလွှမ်းမှု မကြုံခင် သူ့ကို လှေကြီးတစ်စီး ဆောက်ခိုင်း ပါတယ်။ ဒီလှေကြီးဟာလည်း ယနေ့ထိကျမ်းစာထဲမှာ Noah's Ark ဆိုပြီး အမည်တွင်ပါတယ်။ " နိုအား" အပါအ၀င် သူ့မိသားစုနဲ့တကွ အခြား တိရိစ္ဆာန်အမျိုးအစား တိုင်းရဲ့ အထီးအမ တစ်စုံစီကိုဒီလှေကြီးပေါ်
 ဆောင်ယူပြီး ကယ်တင်စေခဲ့ပါတယ်။ အဲဒီ့နောက် ခရစ်ယာန် သမိုင်းမှာ ကြောက်ဖွယ် အကောင်းဆုံး ရေလွှမ်းမိုးမှုကြီးကို ဘုရားသခင်က ရက်ပေါင်း တစ်ရာ့ငါးဆယ်တိုင် တိုင် ကမ္ဘာကြီး ကို ရေလွှမ်းမိုးစေပြီး အပြစ်ပေးခဲ့တယ်လို့ အဆိုရှိခဲ့ပါတယ်။

August 8, 2014

"4 BLOOD MOON" ဘယ်တော.လဲ.....??

! အိသရေလလူမျိုးများနှစ်စဉ်ပွဲတော် (ရ)မျိုး !
(ဝတ်ပြုရာကျမ်း ၂၃)
 ပသခါပွဲ(Passover)သည်(အိသရေလလူမျိုးအဲက္ကုတုပြည်မှထွက်ခါနီး ဖါရောဘုရင်ကို ဘုရားသခင်က စိတ်ခိုင်မာစေပြီး နိမိတ်လဏ္ခာ ၁၀မျိုး ပြခဲ.သည်။နောက်ဆုံး(၁၁)မျိုးမြောက်သိုးသူငယ်အသွေးအား တံခါးတွင်သုတ်စေခြင်းဖြင်. သေမင်းတည်းဟူသော ဖါရောဘူ၇င် လက်မှ လွတ်မြောက်ခဲ.သည်။သိုးသူငယ်အသွေးအားဖြင်. သေမင်းမှ
လွတ်ခြင်းကိုအစွဲပြု၍ ပြုလုပ် သောပွဲ(ပသခါ)ဖြစ်သည်။ 
အဲက္ကုတု=လောက၊  
ဖါရောဘုရင်=(စာတန်)၊ 
နိမိတ်လဏ္ခာ ၁၀မျိုး=ပညာတ်တော်၁၀ပါး။ ပညာတ်တော်အားဖြင်.ကယ်တင်ခြင်းမရပဲ ခရစ်တော်၏အသွေးတော် အားဖြင်.ကယ်တင်ခြင်းရမည်.အကြောင်း၊ဖြစ်လာသည်။(၁ကော ၅းရ) အိသရေလလူမျိုးများသည် အဲက္ကုတုပြည်မှထွက်ရန် လူထု အစည်းဝေး လုပ်၊ လက်နက်စုဆောင်း၊ နိုင်ငံရေးဟောပြောခြင်း မလုပ်ပါ၊ ဘုရားခိုင်းသည်. သိုးသူငယ်၏အသွေးအားဖြင်.လွတ်လာခဲ.သည်။
ထိုပသခါကျင်းပသည်. ရက်၊လတွင် ခရစ်တော်ကား တိုင်တင်ခြင်း ခံရသည်။(ယော ၁၉း၁၃)
ထိုနည်းတူ အခြားပွဲတော်ဖြစ်သော အာယုမပွဲ။ အဦးသီးသော အသီးချီလွဲပွဲ။ မုန်.နှစ်လုံးပေါင်းပွဲ နှင်.တဲတော်အောက်မေ.ပွဲ (Sukkoth)၄ခုသည် ပြည်စုံပြီဖြစ်သော်လည်း ကျန် တံပိုးမှုတ်၊ တကေနီ နှင်.သီးနှံရိတ်သိမ်းပွဲ သည်ချီဆောင်ခြင်းအပြီး၊ အနှစ်၁၀၀၀မှပြည်. စုံမည်.ပွဲဖြစ်သည်။ ဘုရားသခင်၏ပြက္ခဒိန်သည် အိသရေလ (အစ္စရေးလူမျိုးဖြစ်သည်ဟု ပြောနိုင်ပါသည်။ လက်ရှိ ရုရှားနိုင်ငံသည် အိသရေလတိုင်းပြည်ကို အမှုန်.ချေပြီး ကမ္ဘာ.မြေပုံမှဖယ်ရှားချင်သည်၊ သူ.လက်အောက်ခံနိုင်ငံဖြစ်စေချင်သည်၊အစ္စရေး၏ရန်သူဟူသမျှ လက်နက်ထောင်ပံ.နေသည်။
ယနေ.ဘုရားသခင်က အိရေလလူမျိုးအတွက်အပြောင်းအလဲ တခုခုလုပ်တော.မည်ဆိုလျှင် နေ၊လ၊ကြယ်ကိုအသုံးပြုပြီးနိမိတ် လဏ္ခာပြ လေ.ရှိသည်ကိုတွေ.ရသည်။ ကယ်တင်ရှင်ဖွါးမြင်မည်. အကြောင်းကိုလည်း ကြယ်ဖြင်.ပြခဲ.သလို အိသရေလူမျိုးအတွက် လိုအပ်ပါကနေ၊ လကိုပင်လျှင်ရပ်စေပါသည်၊(Js10:13) 
 နေနှင်.စကြာဝဠာ အားလုံးကို ဘုရားထိန်းချုပ် ထားသည်ကို နားလည်ရပါသည်။
 ထိုအရာကို သိပံ္ပပညာ၇ှင်တွေကလည်း လက်ခံသည်။ 
(The world’s greatest scientists at NASA confirm that the four blood Moons have happened 3 times in 500 year.And it’s getting ready to happen again starting in april 2014) မှတ်တမ်းအတည်ပြုချက်အရ အနှစ်၅၀၀ခြား လျှက်လကြတ်ခြင်း သုံးကြိမ်ဖြစ် လေ.ရှိသည်။
လကြတ်တယ်ဆိုတာ နေ၊ကမ္ဘာ၊လ တတန်းတည်းကျသည်.အခါ လသည် တခြမ်း(သို.)တခုလုံး အသွေးကဲ.သို. နီမြန်းသော အရောင် အဖြစ်မြင်ရသည်။
ထိုကဲ.သို.လကြတ်ပါက ထူးဆန်းသောပြောင်းလဲမှုဖြစ်လေ.ရှိသည်ကို 
အောက်ပါ NASA မှတ်တမ်းအရသိရှိနိုင်ပြီး ကျမ်းစာကပြောသော အိသရေလလူမျိုးများအပေါ် ဘုရားအလုပ်လုပ်ပုံကိုသိရှိနိုင်ပါသည်။  

PASSOVER ECLIPSE= ပသခါပွဲရက် လကြတ်ခြင်း 
SUKKOT ECLIPSE = တဲတော်ပွဲ၌လကြတ်ခြင်း။ 

AD 32    ~   (PASSOVER ECLIPSE/SUKKOT ECLIPSE) 
AD 33    ~   (CRUCIFIXION) ကားတိုင်တင်ခြင်း 
                   (CRUCIFIXION DARKNESS) 
AD 70    ~    (PASSOVER ECLIPSE) 
AD 70    ~    (SUKKOT ECLIPSE) 
AD 162/163~(PASSOVER / SUKKOT ECLIPSE)

* AD 795/796 (PASSOVER / SUKKOT ECLIPSE)
* AD 842/843 (PASSOVER / SUKKOT ECLIPSE) 
* AD 860/861 (PASSOVER / SUKKOT ECLIPSE) 

> 1493/1494 Jew expelled(စပိန်မှဂျူးးလူမျိုးကို နှင်ထုတ်ခြင်း) 
> 1949/1950 Isreal declared a nation.
> 1967/1968 Six day War.(၆ရက်စစ်ပွဲ)

2014/2015  (ဗိမ္မာန်တော်ပြန်လည်တည်ထောင်ခြင်း)
 Rev 11:1ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများကို
 ယေရှုခရစ်သည် မိမိအစေခံ ကျွန်တို့ အားပြစေခြင်းငှါ၊ ဘုရားသခင်အပ်ပေးတော်မူသော ထိုသခင်၏ဗျာဒိတ်တော်ကို ဆိုပေအံ့၊ ထိုသခင်သည် မိမိကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိအစေခံကျွန်ယောဟန်အား ဗျာဒိတ်တော် အရိပ်ကို ပြတော်မူ၏။ 2ယောဟန်သည်လည်း ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ်၏ သက်သေခံတော်မူချက်ကို၊ မြင်သမျှအတိုင်းသက်သေခံ၏)  

* 2014.04.15 PASSOVER ECLIPSE 
* 2014.10.8 SUKKOT ECLIPSE 
* 2015.3.20 A NEW YEAR FOR KINGS
* 2015.04.04 PASSOVER ECLIPSE
* 2015.09.08 SUKKOT ECLIPSE 
* 2015.10.13 FEAST OF TRUMPETS. 
(မာကု ၁၃း၂၃ သင်တို့သည်သတိပြုကြလော့၊ထိုအကြောင်းအရာ
ရှိသမျှကို ငါပြောနှင့်ပြီ။ 
၂၄ ထိုကာလ၏ ဒုက္ခဆင်းရဲခြင်း နောက်မှနေသည် မိုက်လိမ့်မည်။ လသည်အရောင်မပေး။၂၅ ကောင်းကင် ကြယ်တို့သည် ကျကြလိမ့်မည်။ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။) 
 လုကာ ၂၁း၂၅   ထိုအခါ၊ နေ၊ လ၊ ကြယ်နက္ခတ်တို့၌ ပုပ္ပနိမိတ်ထင်ရှားလိမ့်မည်။ မြေကြီးပေါ်မှာလည်းလူအမျိုးမျိုး 
မငြိမ်မသက် စိုးရိမ်ကြောင့်ကြခြင်း၊သမုဒ္ဒရာလှိုင်းတံပိုးကြီးခြင်း၊ ၂၆ မြေကြီးပေါ်မှာဖြစ်လတံ့သော ဘေးများကိုမြော်၍
 ကြောက်လန့်သဖြင့်၊ လူများတို့၏အသက်ဆုံးခြင်းအမှုအရာ တို့သည် ဖြစ်ကြလိမ့်မည်။ အကြောင်းမူကား၊ ကောင်းကင်
တန်ခိုးတို့သည် တုန်လှုပ်ကြလိမ့်မည်။ 
၂၇ ထိုအခါလူသားသည် ကြီးစွာသောဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုဃ်းတိမ်ကိုစီး လျက် ကြွလာသည်ကို မြင်ရကြလိမ့်မည်။
 ၂၈ ထိုအမှုအရာတို့သည် ဖြစ်စရှိသောအခါ၊သင်တို့ကို
 ရွေးနှုတ်သောအချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့်
 မြော်ကြည့်၍ ခေါင်းကိုကြွကြလော့ဟု မိန့်တော်မူ၏။ 
၃၆ ထိုကြောင့် သင်တို့သည် ဖြစ်လတံ့သောအမှုအရာတို့နှင့်
 ကင်းလွတ်၍လူသားထံသို့ ရောက်ခြင်းကို ခံထိုက်သောသူဖြစ်သည်ဟု မှတ်တော်မူမည်အကြောင်း၊အစဉ်ဆုတောင်းလျက်
 စောင့်နေကြလော့ ဟု မိန့်တော်မူ၏။ 
၁သက် ၅း ၉ အမျက်တော်ကို ခံစေခြင်းငှါ
ဘုရားသခင်သည် ငါတို့ကို ခန့်ထားတော်မူသည်မဟုတ်။
 ငါတို့သခင်ယေရှုခရစ် အားဖြင့် ကယ်တင်ခြင်းကို ခံရစေခြင်းငှါ ခန့်ထားတော်မူ၏။
ဘုရားသခင် အယောက်တိုင်းကို ကောင်းကြီးပေးပါစေ။ ( နေ.ရက်အချိန်ကို ရွေးနုတ်ပြီး၊ဝိညဉ်အကင်းပါးသူများ ဖြစ်ကြပါစေ)
 p

July 30, 2014

ဆာလံ ၉၁

(ဘုရားဂတိတော်များ)


(ကျမ်းစာကို မလေ.လာမီ ကြိုတင် သိသင်.၊သိထိုက်သောအရာများ)

            ကျမ်းစာကိုမည်သို.လေ.လာမည်နည်း။
(၁)ကျမ်းစာတွင် သမ္မာတရားရွှေရတနာသိုက်များစွာရှိပါသည်။ (၂)လူတိုင်းသည် Technology Students ဖြစ်မလာနိုင်သော်လည်း သမ္မာကျမ်းကို နက်နက်နဲနဲ လေ.လာသောကျောင်းသား 
(Serious Bible Students)ဖြစ်နိုင်သည်။ 
(၃)ဝိညာဉ်လူ(Spiritual Man) ကသာလျှင် သမ္မာတရား၏ အနက်နဲဆုံး တန်ဖိုးကို နားလည်နိုင်သည်။(၁ ကော ၂း၁၄) သမ္မာကျမ်းစာကို အကျိုးရှိရှိလေ.လာလိုသူအတွက် သိ၊ရှိရမည်. အဓိကအချက်များ။(Conditions For Profitable Bible Study) ကျမ်းစာကိုမည်သို. လေ.လာရမည်ဆိုသည်.အချက်မပြောမီ ကျမ်းစာလေ.လာမည်ဆိုပါက ကြိုတင်မရှိမဖြစ်၊ မသိမဖြစ် အရေးကြီးသောအရာများကို သဘောပေါက်ရန်လိုပါမည်။
(Prior to study it is more important to meet the fundamental condition than merely following the best procedures)။
(၁) Optaining Spiritual Understanding : ဝိညာဉ်အားဖြင်. ဒုတိယမွေးခြင်း ခံသောသူ ဖြစ်ရပါမည်။ ကျမ်းစာလေ.လာသူသည် ဂရိတ်၊ဟေဗြဲ၊အာရေမိ ဘာသာ စကားတတ်ကျွမ်းခြင်းထက် သန်.ရှင်းသောဝိညာဉ်တော်၏ အလေ.အလာ၊သန်.ရှင်းသော
ဝိညာဉ်၏သဘောသဘာဝကို နားလည်ရန်ပို၍ အရေးကြီးပါသည်။ (ရှင်ယောဟန် ၃း၃-၈) 
(၂)Gaining Spiritual Appetite :သမ္မာကျမ်းစာကို အလွန်ကြိုက် နှစ်သက်သော စိတ်ဆန္ဒရှိရပါမည်။ အသက်မရှင်တော.သော အသေကောင်၊အလောင်းသည် အစာ မစားတတ်ပါ၊ အသက် ရှင်သောသူသာလျှင် အစာစားလေ.ရှိသကဲ.သို.၊ ဝိညာဉ်သက် ရှိသောသူသည် ထာဝရအသက်(abundant life) အတွက် နုတ်ကပတ်တော် အစာ အလွန်ဆာလောင်မှု၏ နှိုးဆွပေးသော အသက်တာရှိရပါမည်။(ယောဘ၂၃း၁၂၊ ယေရမိ ၁၅း၂၆)။ (၃)Digging For Treasures : ရတနာသိုက်တူးသူကဲ.သို. ကြိုးစားလိုစိတ်ရှိရမည်။ကျမ်းစာတခုလုံးတွင် ဘုရားအသုံးပြုသော သူမှန်သမျှ ပျင်းရိပြီး လုံ.လမရှိ၊ဝါယမစိုက်ထုတ်ခြင်းမရှိသူကို ဘုရားလုံးဝအသုံးမပြုပါ။ဝှိုက်ထားသော ရတနာသိုက်ရရှိရေးအတွက် ဆန္ဒ(Desire)ရှိရုံလေးနဲ. Destiny ပန်းတိုင် မရောက်နိုင်ပါ၊ ခိုင်မာသော ဆုံးဖြတ်ချက် dertermination ချပြီး၊ အဖိုးအခပေးပြီး ကြိုးစားမှု ရှိရပါမည်။ Gratis/discount ဖြတ်လမ်းဖြင်. ရတာနာ သိုက်ကို မရနိုင်ပါ။(Ps 1:1-2/ Joshua 1:8/Pv 2:1-5). 
(4)Finding The Treasures Keys : မိမိနဂိုခံယူချက်/မိမိအလိုဆန္ဒ အားလုံး ကိုယ်တော်.ထံ Surrender အပ်နှင်းရပါမည်။ မိမိကြိုတင်သိနှင်.ပြီးသား၊ဟိုဆရာ ဒီဆရာ youtube ထဲက ကြားဘူးသောစကား အားလုံးကို delete လုပ်ပစ်လိုက်ပါ၊ “သခင်ယေရှုက ငါသည် ကိုယ်အလိုအလျှောက် ပြောသလော.၊ အထက် ကောင်းကင်ဘုံအဖဘုရားသခင်၏ ဒေသနာတော်ဖြစ်
သလော.” Jn 7:17 ပြော သည်.အတိုင်း ဘုရားရ.စကား၊ ဘုရားဖြစ်စေချင်၊သိစေချင်သည်. အတိုင်းလက်ခံနိုင်ရပါမည်။ သမ္မာတရားကို သမ္မာတရားအတိုင်းလက်ခံပြီး လက်တွေ.ကျ၏၊
မကျ၏ ကျွန်တော်.အမြင်၊ခံယူချက်နဲ.ကိုက်တယ်၊ မကိုက်ဘူးဟု ချိန်ထိုးဖို.မဟုတ်ပါ။ကိုယ်တော်.အလိုတော်အတိုင်း ပုံသွင်းပါဟုသာ ဝန်ခံ ဆုတောင်းပါက သင်.သည် ရတနာသိုက်၏ သော.Key လက်ဝယ်ရရှိပိုင်ဆိုင်သူသဖွယ်ဖြစ်ပြီး ကျမ်းစာအုပ်သည် သင်တခါမှ မဖတ်ရဘူးသေးသော သင်စွဲလန်းနေသော စာအုပ်အသစ်စက်စက် ရထားသလို သင်.ကို အငမ်းမရဖတ်ချင်သောစိတ် နှိးဆွဆွဲဆောင် လာပါတော.မည်။ 
(၅)USE IT OR LOSE IT : သိသိချင်း ချက်ချင်းလိုက်နာရပါမည်။ ကမ္ဘာကျော် ဆရာကြီးတပါးပြောပြချက်အရ နှစ်ပေါင်း ၅၀ မက အမှုတော်ဆောင် သက်တမ်းရှိသူဖြစ်ပြီး ကျမ်းစာကို အကြိမ်ပေါင်း များစွာဖတ်ပြီးခဲ.သော်လည်း ၁၀%ပင်လျှင် ကျမ်းစာသိမည်မဟုတ်ဟု ဝန်ခံသကဲ.သို. များများသိတာထက်၊သိတာလေးတခုကို  apply လုပ်ဆောင်ပါက နောက်တခုထပ်ဖွင်.ပြခြင်းခံရမည်။(ယာဂုတ် ၁း၂၂ နုတ်ကပတ်တော်ကို နာရုံမျှသာမဟုတ်၊ကျင်.သောသူဖြစ်ကြလော.၊ But de ye doers and not hearers only.) မလိုက်နာသောသူသည် သိပြီးသောအရာ အားလုံး ပင်လျှင် အဖျက်ဆီးခံပြီး ဆုံးရှုံးသွား တတ်သည်ပါသည်၊ (မာသဲ၂၅း၂၉)။ 
(၆)Come As A Child …ကလေးသူငယ်ကဲ.သို.ချဉ်းကပ်ရမည်။ မသိသေး သော ကလေးငယ်၏စိတ်နှလုံးအသစ်ကဲ.သို. အကျွှနုပ်ကို သွန်သင်တော်မူပါဟု သခင်ဘုရားကို အားကိုး သောအလေ.အကျင်. ပျိုးထောင်ကာ ဆုတောင်းရပါမည်။(မာသဲ ၁၁း၂၅)။
(၇)Believing God’s Word ။ ဘုရားက သင်.ကိုပြောနေသည်ဟု ခံယူရပါမည်။ ဘုရားက မောရှေကို ပြောသကဲ.သို.၊ ဒံယေလ၊ ၊ယောသပ်၊ ဒါဝိတ်ကို ပြောသည်. နည်းတူ ငါ.ကိုလည်း ဘုရားသခင် ကပြောနေသည်ဟု အကြွင်းမဲ.ယုံကြည်မှု ရှိရပါမည်။ဒါကတော.ဖြင်. ဟို ဆရာက ဟိုလိုပြောတယ်၊ ဟိုစာအုပ် ဟိုForumမှာ ဒီလိုရေးလို. ငါကတော. သဘော မတူနိုင်ဘူး၊ ဘယ်လိုဖြစ်နိုင်မလဲ၊ အရင် ကတည်းက ဒီလိုခံယူလာခဲ.တာ နှစ်ပေါင်းအင်္သချေရှိပြီဟု 
စောဒကတက်စရာအကြောင်းမရှိပါ၊ ဘုရားစကားကို ဘယ်သူမှ 
 ငြင်းပိုင်ခွင်.လုံးဝမရှိပါ။ (ရောမ ၉း၂၀)။ ၁၀၀% ဂတိတော်အပေါ် ယုံကြည်၊စိတ်ချ လိုက်ပါ၊ နောက်မှ-အားမှ- အစဉ်ပြေမှ- အလုပ်ရမှ- ဝင်ငွေကောင်းမှ ဆိုတဲ. complain များစွာနဲ. နေ.ရွှေ.ညရွှေ.မလုပ်ပဲ ချက်ချင်း လက်ငင်း Prompt Obedience လိုက်နာဆောင်ရွက်ပါ၊ EC နဲ. လူထု အစည်းဝေး တင်ပြ ဆွေးနွေးပြီး ၅၀% ထက်ဝက်ကျော်က  
 ထောက်ခံမှ ဆောင်ရွက်ရန်ဆိုခြင်းသည် သဘာဝကျပါသည်၊ (ဒီမိုကရေစီနည်းလမ်း ကောင်းပါသည်..လူမှုအဖွဲ.စည်း၊ နိုင်ငံ.အရေး၊ လူမှုအရေး ဟူသမျှ ဒီမိုစံနစ်အကောင်းဆုံးပါ) But The Kingdom is not a democracy  ဟောပါဆိုဆို.အတိုင်းဟော၊ ပြောပါဆိုသည် ကို ပြောရပါမည်၊ မည်သူမျှ သင်.ဘက်မှာ မပါရင်နေပါစေ။ ဆင်းရဲသား မုဆိုးမကို ရေတခွက်တိုက်ရန်၊ ကိုယ်နှင်.စပ်ဆိုင်သူ အချင်းချင်းချစ်ရန် အစည်းဝေးဆုံးဖြတ် ချက်၌ မပါသော်လည်း သမ္မာကျမ်းစာက ခိုင်းပါက ကူညီသင်.တာချက်ချင်း ကူညီရပါမည်၊ လူ၏ နုတ်ထွက် ကိုမခံယူ…..(၁သက် ၂း၂၃)။ ဧနောက် ဘုရားနဲ. နှစ်ပေါင်း၃၀၀ သွားလာတတ်သူဖြစ်ဖို. ဘုရား အလိုရှိပါသည်၊ ခေတ္တခဏ တနင်္ဂနွေ တရက်တည်းသွားလာခြင်း မဟုတ်ရပါ၊ နေ.စဉ်၊ နုတ်ကပတ်တော်ကို လည်ပင်းတွင်ဆွဲပြီး ခါး၌ ပတ်ထားရပါမည်။ 
(၈)The Key To Understanding : သမ္မာတရား၏ နက်နဲသောပညာ အား လိုချင် သောသူသည် ဘုရားသခင်ထံသို. တောင်းပါစေ။ လူကိုသွားမေးပါက (He will betray you လိမ်ညာခံလိမ်.မယ်ဟု ဆရာကြီး Benny ကတော.ပြောပါသည်)။ လူ.အတွေ. အကြုံ၊ လူ.အမြင်ပဲ ရပါလိမ်.မည်။ ဝိညာဉ်မျက်စိဖွင်.ပေးရန် ဝိညာဉ်တော် ဘုရားသာလျှင် အကောင်းဆုံး တိုင်ပင်ဖက်ဖြစ်သည်။ သမ္မာကျမ်းကို ဒူးပေါ်မှာ ဖတ်ဖို.(ဇာတိအတွေး၊အမြင်ကို အရှုံးခံ၊ဒူးထောက်) လိုအပ်ပါသည်။ မည်သည်. ကျမ်းစာကျောင်း တက္ကသိုလ် စာသင်ကျောင်းတွင်မှ မရနိုင်သော ဘုရားသခင်၏ glory နဲ. annoiting ကို ဆုတောင်းခြင်းဖြင်. သာလျှင် သင်ရနိုင်မည်ဖြစ်သည်။ (Ps 119:18/Jm 1:5-6)။ 
ဖတ်ရှုလေ.လာသူအယောက်တိုင်း သခင်ဘုရားထံမှ ကြွယ်ဝသော သမ္မာတရား အသိပညာ သာ၍တိုးပွါးစေမည်.အကြောင်း ဆုတောင်း လျှက်  မေတ္တာနှင်. ဝေမျှလိုက်ပါသည်။ God Bless You All...!!

" ကျမ်းစာလေ.လာရန် ပုံစံနမူနာ များစွာထဲမှ .."

July 26, 2014

God Loves Us All Always

" But seek ye first the kingdom
of God, and his righteousness;
and all these things shall be
added unto you."
( Matthew 6:33 KJV )
" And when he had called the
people unto him with his disciples,
he said unto them, Whosoever will
come after me, let him deny
himself, and take up his cross and
follow me."

( Mark 8:34 KJV )
God Loves Us All Always

“A person’s wisdom yields patience......!!

“A person’s wisdom yields patience; it is to one’s glory to  overlook an offense.” (Proverbs 19:11 NIV).
Hurt people hurt people. When someone hurts you, it’s because they’ve been hurt. Unkind people have never felt kindness. Unloving people feel unloved. 
When someone is rude, bitter, unkind, sarcastic, mean spirited, or arrogant, they are shouting with all of their behaviors, “I am in pain! I need massive doses of love! I do not feel secure!” On the other hand, the person who feels deeply loved and deeply secure is generous and gracious to other people. 
If we just want to get even with people, that’s fine. But it means we’re no better than they are. The Bible tells us to overcome evil with good. This means, we respond with love. It means we look past their words to their pain. 
Here’s a myth that everybody’s been sold by modern psychology: When it comes to anger, there’s only a set amount you’ll get throughput your life.
 It’s like you’ve got a bucket for anger, and when the bucket gets full, you need to pour it out — and that will be cathartic. The problem is, you don’t have a bucket of anger in your life. You have a factory! That factory can keep on producing and producing and producing. 
When you get rid of the anger, you’ll just produce more. In fact, the more anger you throw out, the more it produces. Study after study has shown that aggression only creates more aggression. 
Angry outbursts lead to more anger, more often, until it becomes a habitual pattern in your life. The answer is not just to throw it out. The answer is to let it go.
 “A person’s wisdom yields patience; it is to one’s glory to overlook an offense” (Proverbs 19:11 NIV).

July 25, 2014

Now is the Time..!!

Hebrews 3:15 “while it is said: “Today, if you will hear His voice, Do not harden your hearts as in the rebellion.”
Today is the day of Salvation, now is the time to accept the Lord. Do NOT wait, and if you hear His voice, the calling of the Holy Spirit, do not harden your heart but accept Jesus as your Lord and Savior and ask forgiveness of your sins!
Today is the best day to accept Jesus and know that you will spend eternity with Him in Heaven!
Many Blessings
Romans 3:23 "for all have sinned and fall short of the glory of God,"
We all have sinned, made mistakes, failed at something, and fallen down, however, when we get back up we move on in victory because we overcome our error and now can receive all the blessings of the Lord.
Now is the time to forgive ourselves, forget the past, and press on to our great Successful future God has planned for us.
Don’t dwell on the past or that we made a mistake, dwell on the fact that we got back up, dusted ourselves off, let go of the past, and moved on in victory!
Philippians 3:13 "Brethren, I do not count myself to have apprehended; but one thing I do, forgetting those things which are behind and reaching forward to those things which are ahead,"