ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

March 21, 2020

( Corona Virus Vs 666 )

 လောကမျက်စိနဲ့ကြည့်ရင် Corona ကူးဆက်ရောဂါဟာ တောမီးလိုကူးဆက်နေပြီး လူထောင်နဲ့ချီသေဆုံးနေရကာ အထူးကုသခံလူနာ သိန်းနဲ့ချီရှိနေပါတယ်။

စီးပွားရေး လက်ဦးရဘို့ တနိုင်ငံနဲ့တနိုင်ငံ အားပြိုင်လု ယှက်နေကြပေမဲ့ တလှေထဲစီးနေကြတာ သဘောပေါက်ပြီး ဒီရောဂါရဲ့ ကာကွယ်ဆေးကို အတူလက်တွဲပြီး အပတ်တကုပ်ထုတ်လုပ် နေရပါတယ်။

ရောဂါမပြန့်ပွားသွားအောင်လဲ
ပညာပေးအမျိုးမျိုးထွက်ပေါ်လာတယ်။
တကမ္ဘာလုံး တူညီစွာလုပ်ဆောင်လာကြမဲ့အရာကို
ကျမ်းစာအားဖြင့် ဖော်ပြလိုပါတယ်။

ဝိညာဉ်မျက်စိနဲ့ကြည့်ရင်
ဗျာဒိတ်ကျမ်း ၁၃:၁၆-၁၈/ ၁၄:၉-၁၀ ထဲမှာ 666 ကုဒ်နဲ့ ရောင်းဝယ်ရမဲ့ခေတ်ရောက်လာမယ်လို့ဘုရားက ဟောကိန်းထုတ်ထားတဲ့အချက် Corona Virus က စီးပွားရေးသမားတို့ကို ရောဂါကာကွယ်ရန် ငွေသားနဲ့
ဘဏ်ကဒ် မသုံးသင့် ကြောင်း သိမြင်လာစေပြီး 666 ကုဒ်အသုံး ပြုနိုင်အောင် Up Date ပြုလုပ်လာစေမှာ သေချာနေပါပြီ။

 ဒါဆိုရင်ဘာဆက်ဖြစ်လာအုံးမလဲ?
 Corona Virusကာကွယ်ဆေးထုတ်လုပ်ရာမှာ
တလှေထဲစီးကြတဲ့ နိုင်ငံ့ခေါင်းဆောင် တွေ နောက်ထပ်ဖြစ်လာမဲ့ပြဿနာအတွက် အတူ
လက်တွဲလာကြပြီး တကမ္ဘာလုံးဆိုင်ရာ One Government,
One Linguist, One Nation ရှိလာမယ်ဆိုတဲ့
ဘုရားစကား ပြည့်စုံ ဘို့ဟာ တလှေထဲစီးအခြေအနေက
တွန်းပို့ လာမဲ့အကြောင်း သိသာထင်ရှားလာပါပြီ။

End Time ရဲ့အစပျိုးနေပါပြီ။
ယုံရုံ-မယုံရုံ ဘုရားစကားကျမ်းစာတခုပြီးတခု
ပြည့်စုံလာ ပါလိမ့်မယ်။

ဒါဆိုရင်....  ဘယ်လိုပြင်ဆင်ကြမလဲ ?
 ပြင်ဆင်ဘို့ နှစ်မျိုးဖော်ပြလိုပါတယ်။
 (၁) ယုံကြည်သူများဟာ ဘုရားတန်ခိုးတော်နဲ့
မျက်စိတမိတ်ထဲမှာ ကောင်းကင်ဘုံသို့ချီ ဆောင်ခြင်း
ခံရမယ်လို့ ၁ ကော ၁၅:၅၁-၅၄ ထဲမှာ
ပြောထားတာတွေ တကယ်ဖြစ်ပျက်လာမှာပါ။ ဆုတောင်းလျက်စောင့်နေကြပါစို့။

(၂) မယုံကြည်သူများနဲ့ ခရစ်ယာန်အတုများဟာ
ကျန်ရစ်ခဲ့ပြီး ချီဆောင်ခြင်းနေ့ကစ (၇) နှစ် ဘေးဒဏ်ကြီး
ကာလကို ဖြတ်တန်းရမယ် လို့
ကျမ်းစာကဆိုထားပါတယ်။

အဲ့ဒီအချိန် (၇) အတွင်းမှာ ကောင်းကင်ဘုံမှာ
ဖြစ်ပျက်မဲ့အရာကို ၂ ကော ၅:၁၀ နဲ့ မြေကြီးပေါ်မှာ ဖြစ်ပျက်မဲ့အရာတွေကို ဗျာဒိတ်ကျမ်းမှာ ပထမ ၃ နှစ်ခွဲကို ဗျာဒိတ်ကျမ်း ၈/၁၁ ထဲမှာ ဖော်ပြထားပြီး နောက် ၃ နှစ်ခွဲကို
ဗျာဒိတ် ၁၆/၁၈ ထဲမှာရေးထားပါတယ် ။

 အကောင်းဆုံးအကြံပြုခြင်တာက လူဆိုတာ
ဝိညာဉ်ဖြစ်ပြီး ခန္ဓာထဲမှာရှင်နေတာပါ။
ခန္ဓာကြွေသွားရင် ဘဝကူးတာဘဲရှိတယ်။ ဝိညာဉ်ကမချုပ်ငြိမ်းသွားပါဘူး။

ယခုလူ့ဘဝမှာ ယုံကြည်ရာက အဆုံးအဖြတ်ပေး ပြီး အပြစ်ရှိရင်ငရဲလားရမယ်။ အပြစ်မရှိရင် ကောင်းကင်ဘုံသို့ဝင်စားရမှာပါ။
သိသာထင် ရှားနေတာကတော့
လူတိုင်းအပြစ်နဲ့မကင်းကြပါဘူး။

ပိုဆိုးနေတာက ဘုရားချမှတ်ထားတဲ့ ပညတ်က အပြစ်ရှိရင်သေရမယ်ဆိုတဲ့အချက် ပါ။ အဲ့ဒါကြောင့် ဘာသာတရားမလုပ်ပေးနိုင် တဲ့အရာနဲ့ လူကမလုပ်နိုင်တဲ့ နောင်ဘဝရဲ့အ ဖြေကို ဘုရားကဘဲ လူ့ဇာတိခံယူလာပြီး အပြစ်ကြောင့်သေရမဲ့ လူသားအားလုံးအ တွက် ကားတိုင်ပေါ်မှာအသေခံပြီးကယ်တင် ခဲ့တာပါ။
လူ့ဘက်က ယေရှုကိုကယ်တင်ရှင်အဖြစ်
ယုံကြည်ဘို့ဘဲ လိုပါတယ်။

 -ယေရှုကိုယုံကြည်ရုံးနဲ့ ငရဲကလွတ်နိုင် မလား?
(‌ေယာ ၅:၂၄) မှာ..... " ငါအမွန္အကန္ဆိုသည္ကား
ငါ့စကားကို နား ထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို
ယုံ ကြည်သောသူသည် ထာဝရအသက်ကိုရသည် ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ် ၏။ လို့ နောင်ဘဝအတွက်
စိတ်ချမှုအဖြေကို ယေရှုခရစ်တော်ဘုရားကဘဲ
ပေးထား ကြောင်း ဝေငှပါတယ်။
Crd: Ps. Khai Tom

March 16, 2020

COVID-19 ဖြစ်ဖို. ဘုရားသခင် ခွင်.ပြုပါသလား?

Why does God allow the Coronavirus?
 ကိုရိုနာဗိုင်းရပ်စ် အားဖြင့် ဖျားနာ ကြသည်။ 
သေကြေ ကြရသည်။ စီးပွားရေး လုပ်ငန်း၊ 
ခရီးသွားလာရေး လုပ်ငန်းများ နှင့် လူမျိုးရေး၊ 
ဘာသာရေး ဆိုင်ရာ 
ပွဲလန်းသဘင်များသာ မက 
အအိပ်ပျက် အစားပျက် 
ခံကာ အားပေးတတ်သည့် အားကစားပွဲများလည်း 
ရက်ရွေ့ဆိုင်းကာ ပိတ်သိမ်းပစ်ရသည့် အထိ ဖြစ်ရသည့် အပြင် . . 
လူမှု ဆက်ဆံရေး ထိတွေ့ ဆက်ဆံမှုများပါ 
ဖျက်သိမ်းရတော့သည်။

 လောကမှာ အသက် ရှင်စဉ် ပြသနာ အခက်အခဲများ 
ကြုံတွေ့ရမည်က ဓမ္မတာ ဖြစ်သည်။ 
နောက်ဆုံးသော ကာလဆိုတာ 
နတ်ဆိုးနှင့် အပေါင်းအပါများ ထကြွ 
သောင်းကြမ်းတဲ့ အခါသမယ ဖြစ်သလို . . 
 ထပ်ဆင့်ပြီး ပြုနေတဲ့ ဘုရားရဲ့ ကျေးဇူးတရားကို 
ခံရဖို့ အချိန်လည်း ဖြစ်သည်။ 

 နောက်ဆုံးသော ကာလမှာ ပြသနာများက 
များသထက် များလာသလို ကြီးသထက်လည်း 
ကြီးလာမည် ဖြစ်သည်။ 

 (ကြုံတွေ့ရသည့် ပြသနာ အခက်အခဲများသည် 
ခရစ်တော်ကြောင့် မဟုတ်လျှင်လည်း မိမိ 
အသွေးအသား အားဖြင့် ကြုံတွေ့ ခံစားရဖို့ ရှိလေသည်။) 

မည်သို့ပင် ဖြစ်စေ . . 
ဘုရား၏ အလိုတော်ကြောင့် မဟုတ်ဘဲ 
(ဘုရား၏ အခွင့်တော်ကြောင့်) 
ကြုံတွေ့ရလျှင်လည်း ဆင်ခြင် ပိုင်းခြား နားလည်ကာ 
 (ဘုရား၏ အလိုတော်ထဲသို့ ) 
ရောက်လာဖို့ ဖြစ်သည်။) 

 ((အလိုတော် ထဲမှာ ရှိနေသူ အဖို့ အခွင့်တော် ထဲမှာ 
ရှိသူများ အားဖြင့် ဘုရား၏ အရည်အချင်း 
သာ၍တိုးပွားစရာ ရှိသည်)) 
ကျွန်ုပ်တို့ ဖြစ်ချင်သည့် အတိုင်း မဖြစ်လျှင် 
မဖြစ်ချင်သည့် အရာလည်း ဖြစ်လာလျှင် 
ကြေကွဲ ခံစားရသော်လည်း ထို ၂ခုစလုံး ပ်က္ဆီးသြားမွ 
'ငါ ဖြစ်သည့် အတိုင်း . . ငါ ဖြစ်သည်" 
ဟူသော ဘုရား၏ သဘောသည် 
ထင်ရှားလာမည်။ အာမင် 

တွေ့ကြုံယှဉ်ဆိုင်ရသည့် ပြသနာများ ကြားမှာ 
ဘုရား၏ ထင်ရှားခြင်းကသာ အသက်၏ 
သက်သေ ဖြစ်စေပါ။ 
အာမင်

အချင်းချင်း မေတ္တာ ခေါင်းပါးလာလိမ်.မည်

ဒီနေ.ကြားရတဲ. သတင်းကတော. 
ကောင်းတဲသတင်းတော့ မဟုတ်ပါ။
ဗြိတိန်နိုင်ငံထုတ်သတင်းစာမှာ Coronavirus may force 
UK doctors to decide who they’ll save 
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယူကေဒေါက်တာတွေဟာ 
ဘယ်လူနာကိုသာ အသက်ကယ်မလဲဆိုတာ 
ဆုံးဖြတ်ကောင်း ဆုံးဖြတ်ကြရလိမ့်မယ်တဲ့။ 

The Guardian သတင်းစာမှာ ရေးထားတယ်။ 
A lack of resources could mean that younger, 
healthier patients are prioritised, while others are 
left to die Italians over 80 will be left to die 
as country overhalmed by coronavirus.

အီတလီမှာ ကိုရိုနာဗိုင်းရပ်စ် လွန်လွန်း အားကြီးနေ 
အရင်းမြစ်တွေ မလုံလောက်မှုမရှိလို့ အသက် ၈၀ ကျော်
တွေကိုတော့ သေချင်သေပါစေသဘောထားရနိုင်တဲ့။ 
The Telegraph သတင်းစာမှာ ရေးထားတာ။

ဥရောပမှာတော့ အဲလိုအထိ ဆိုးနေတယ်။ 
 ဆရာဝန်နည်းတာ မဟုတ်ပါ။ ထောက်ကူပစ္စည်းတွေ 
နေရာထိုင်ခင်းတွေ မလုံလောက်ဘူး ဖြစ်နေတယ်။ 

အကယ်၍ အစစရာရာ လိုအပ်ချို.တဲ.နေသော 
မြန်မာပြည်ကို ကောင်းကင်အဖ 
ဆက်လက်၍ မစတော်ပါ။