ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

February 20, 2019

✟ ဘုရားသခင် ဘယ်တော့မှ နောက်မကျပါ ✟

📕 "သေလွန်သောသူတို့ကို အသက်ရှင်စေတော်မူထသော၊ မဖြစ်သေးသောအရာတို့ကို ဖြစ်သောအရာကဲ့သို့
 မှာထားတော်မူ သော ဘုရားသခင်" (ရောမ ၄:၁၇) ❓
သင့်ရတဲ့ကတိတော်ဟာ လာဇရုလို
 သေဆုံးသွားပြီလို့ ခံစား နေပါသလား။ 

 ✅ ယုံကြည်ခြင်းရဲ့အဖ အာဗြဟံကို သတိရလျက် ခွန်အားယူပါ လေ။ ကတိတော်သားကိုရဖို့ ၂၅ စောင့်ပြီး သူ့နဲ့စာရာရဲ့ ကိုယ်ခန္ဓာအသေလို ဖြစ်နေချိန်မှာ ဘုရားသခင်ဟာ သေလွန်သောသူတို့ကို အသက်ရှင်စေတဲ့ဘုရားဖြစ်လို့ သားကိုရမှာဘဲလို့ စွဲမြဲစွာ
 ယုံကြည်ခဲ့တယ်။ ကျားကုတ်ကျားခဲ ယုံကြည်ခြင်းမျိုးဘဲ။ ❓ 

သင်လိုချင်တဲ့အဖြေရရှိဖို့ အရမ်းနောက်ကျသွားပြီ။ ဘုရားကတိပေးထားတဲ့အရာ ဘယ်တော့မှ ဖြစ်လာတော့မှာ
 မဟုတ်ဘူးလို့ ခံစားနေပါသလား။ 
ဒါဟာ သင့်ရဲ့အထင်ဘဲ။ ဘုရားပြောတဲ့စကား မဟုတ်ပါ။ 
ဘုရားသခင် ပြောပြီဆိုရင် ပြောတဲ့အတိုင်း ပြည့်စုံလာမယ်။

 ✅ ဘုရားသခင်ဟာ ဘယ်တော့မှမစောသလို ဘယ်တော့မှ နောက်မကျဘူး။ သင့်ရဲ့အချိန်ဇယားအရ နောက်ကျတယ်ထင်ရပေမဲ့ ဘုရားသခင်ရဲ့ အချိန်ဇယားမှာတော့ နောက်မကျသေးဘူး။ 
အချိန်ကွက်တိ အလုပ်လုပ်တဲ့ ဘုရားသခင် ဖြစ်တယ်။ 
ဒါကြောင့် အာဗြဟံလို မိမိယုံကြည်ခြင်းကို ကျားကုတ်ကျားခဲ 
မလွှတ်တမ်း ဆုပ်ကိုင်ထားပါလေ။

 ✅ လာဇရုကို သေခြင်းမှထမြောက်စေတဲ့ဘုရား သခင်ဟာ
 သင့်ရဲ့ ကတိတော်ကို ထမြောက်စေလိမ့်မယ်။ သေဆုံးသွားပြီ/ဘယ် တော့မှ ဖြစ်လာတော့မှာ မဟုတ်ဘူး လို. ထင်ရတဲ့ သင့်ရဲ့ရူပါရုံကို ဘုရားသခင် ထမြောက်စေတာ မြင်ရလိမ့်မယ်။

ခေါင်းဆောင်ကောင်း ဆိုသည်မှာ...

(ချစ်ခြင်းမေတ္တာ)
သင် တို့ သည် အချင်းချင်း တစ်ယေက်ကို တစ်ယောက် ချစ်ကြလော့၊ ငါသည် သင်တို့ကို ချစ်သည့် နည်းတူ အချင်းချင်း ချစ်ကြလော့ ဟု ပညတ်သစ် ကို ငါပေး၏၊ သင်တို့ သည် အချင်းချင်း ချစ်ကြလျှင် လူအပေါင်း တို့သည် ထိုမေတ္တာကို ထောက်၍ သင်တို့သည် ငါ ၏ တ ပည့် ဖြစ် သည် ဟု သိ ရ ကြ လိမ့် မည် ဟု မိန့်  တော် မူ သည်။ ယော ၁၃း၃၄-၃၅၊ 
ခရစ် တော် သည် အသင်း တော် ကို ချစ် ၍ ဦး ခေါင်း 
အ နေ ဖြင့် အုပ် စိုး ဦး ဆောင် ၍ ကျွေး မွေး ပြု စု သ ကဲ့ သို့ ..

အ တ္တ ကို ချိုး နိုမ် ခြင်း 
ငါ အ မှန် အ ကန် ဆို သည် ကား မြေ ၌ ကျ သော စ ပါး စေ့ သည် မ ပျက် လျှင် တစ် ခု တည်း နေ ၏၊ ပျက် လျှင် ကား များ စွာ သော အ သီး ကို သီး တတ် ၏။ ယော ၁၂း၂၄ ထို အ သင်း တော် အဘို့ အ လို့ ငှါ ကိုယ် တော်သည် ကိုယ့် ကိုကိုယ် စွန့် တော် မူ သကဲ့သို့ ..

သန့် ရှင်း စင် ကြယ် ခြင်း
 ကြီး စွာ သော အိမ် ၌ ရွှေ တန်ဆာ ၊ ငွေ တန်ဆာ သာ ရှိသည် မဟုတ် ၊ သစ်သား တန်ဆာ၊ မြေတန်ဆာ ရှိ၏၊ အသရေ ရှိသော တန်ဆာ၊ အသရေ မရှိသော တန်ဆာရှိ၏၊ သို့ဖြစ်၍ အထက် ဆိုခဲ့ပြီးသော အကျင့် တို့ကို ပယ်၍ မိ မိ ကိုယ် စင် ကြယ် စေ သော သူ မည် သည်ကား အသရေ ရှိသော တန်ဆာ၊ သန့်ရှင်း၍ အိမ်ရှင် သုံးစရာ ကောင်း
 သော တန်ဆာ၊ ကောင်းသော အမှုများ အဘို့ အလို့ငှာ
 ပြင်ဆင် သော တန်ဆာ ဖြစ် လိမ့်မည်။ ၂တိ ၂း၂၀-၂၂၊ 

စိတ်ရှည်သည်းခံခြင်း 
ဘုရား သခင် ၏ ကျွန် သည် ရန် မတွေ့ ရ၊ ခပ် သိမ်း သောသူတို့အား ဖြေးညှင်း စွာ ပြု သော သူ ဆုံးမ သြ၀ါဒ ပေးခြင်း အမှု၌ လိမ်မာ သောသူ၊ သည်းခံ နိုင်သော သူ ဖြစ်ရမည်။ ၂တိ ၂း၂၄ ခပ်သိမ်း သော သူတို့ အား ရှည်သော စိတ် ရှိစေ ကြ လော့၊ သူ့တပါး ၌ အဘယ် သူမျှ ရန် တုံ့ မမူ စေခြင်း ငှာ သတိ ပြု၍ အချင်းချင်း တို့၌ လည်း ကောင်း၊ ခပ်သိမ်း သော သူတို့၌ လည်း ကောင်း၊ ကာလ အစဉ် ကြိုးစား ၍ ကျေးဇူး ပြုကြ လော့၊ ၁သက် ၅း၁၅ နူးညံ့သိမ်မွေ့ခြင်း ဆီးတားငြင်းခုန်သောသူတို့ကို နူးညံ့သိမ်မွေ့စွာ ဆုံးမရမည်။ 

သမ္မာ တရားကို ၀န်ခံခြင်း 
အလို့ငှာ နောင်တကို ဘုရား သခင် ပေးကောင်း ပေးတော် မူ၍ 
မာရ်နတ် အလို အတိုင်း ဖမ်းမိ သော သူတို့သည် 
သတိရ၍ ဖမ်းမိရာမှ လွှတ်ခြင်းသို့ ရောက်ကောင်း
 ရောက် ကြ လိမ့်မည်။ ၂တိ ၂း၂၅-၂၆

 သူ့အမူအရာကိုသာရှုမှတ်ခြင်း
ကိုယ့် အ မူ အရာ ကို သာ မ ရှု မ မှတ် ပဲ၊ သူ့ အ မူ အ ရာကို 
အ ချင်း ချင်း ရှု မှတ် ကြ လော့၊ ဖိ ၂း၎ အကြောင်းမှာ 
လူတို့သည် ယေရှုခရစ်၏ အကျိုးကိုမရှာပဲ မိမိအကျိုးကို 
သာရှာ တတ် သော သဘော ရှိသည်။ ဖိ ၂း၂၁ 

 နှိမ့် ချ ခြင်း 
သူတပါးသည် ကိုယ့်ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသော 
စိတ်ရှိ၍ တစ်ယောက်ကို တစ်ယောက် ထင်မှတ်ကြလော့။ ဖိ ၂း၃ ယေရှုခရစ်၌ ရှိသော ထိုစိတ်သဘောကို 
သင်တို့၌ ရှိစေ ကြ လော့ ဖိ ၂း၅