ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

April 20, 2018

လက်ဝါးကားတိုင်တန်ခိုး

(1)လက်ဝါးကားတိုင်သည် ဘုရားသ္ခင် တန်ခိုးကို ပြသခြင်းဖြစ်သည်
|| A. ဘုရားသခင်၏ ထူးကဲသာလွန်သောတန်ခိုးကိုယုံကြည်ပါ။ 
ကားတိုင်သည် ဘုရား၏ တန်ခိုးကို ပြသကြောင်းကို ယုံကြည်ပါ။ 
ဘုရားတန်ခိုးဖြင်.ထမြောက်စေလျှက် ကောင်းကင် ၌ ထိုင်တော်မူ၏။ 

B.ဘုရားသခင်သည် သင်.အား ထိုတန်ခိုးကို 
မျှဝေခံစားစေလိုသည်ကို ယုံကြည်ပါ။ 
ထို ထမြောက်ခြင်း တန်ခိုးအား သင်.အထဲ၌ ပြည်.စုံစေမည်။ 
သင်၏ အဆိုးဆုံး အခြေနေမှ အကောင်းဆုံး အခြေနေသို. ပြောင်းလဲစေနိုင်၏

 (2) ကားတိုင်သည် ဘုရားတန်ခိုး ထုတ်ဖေါ်ပြသခြင်းဖြစ်သည်။ 
A. ယေရှုသည် အမြင်.ဆုံးတရားစီရင် ပိုင်ခွင်. ရှိသည်ကို ယုံကြည်ပါ 
ယေရှုသည် ခပ်သိမ်းသောအထွဋ်အမြတ်၊ အာဏာစက်...
အစိုးရ၏ (ဧဖက် ၁း၁၉-၂၀) 
ယေရှုသည် အထွဋ်အမြတ်၊အာဏာစက် အောင်ပွဲခံ(ကသ၊၂း၁၄) 
✟ ယေရှု၏ အားလုံးအထက်၌ ထိုင်၍နေရာယူခြင်းတွင် 
သင်နှင်.လည်း သက်ဆိုင်သည်။ 

B. ယေရှုသည် အမိန်.အာဏာအား သင်.အား ပေးကြောင်းယုံကြည်ပါ။ 
ထို အမိန်.အာဏာ (Authority ) ပိုင်ဆိုင်ခြင်းသည် 
အသုံးပြုရန်ဖြစ်သည်။ 
သင်သည် ယေရှုနှင်.အတူ ကားတိုင်၌ ထပ်တူပြု(identify)
သည်.အခါ ထမြောက်ခြင်း တန်ခိုး ကောင်းကင်တက်ကြွခြင်း နှင်.အတူ နတ်ဆိုးတန်ခိုး နိုင်ရသော အခွင်. အာဏာလည်း ရရှိသည်။ 

C. ယေရှူအခွင်.အာဏာသည် နတ်ဆိုးအောင်နိုင်သည်ကို ယုံကြည်ပါ။
✟ စာတန်သည် သင်ထက် အဆများစွာ တန်ခိုးရှိသော်လဲ
 ယေရှုတန်ခိုးကို မနိုင်ပါ။ 
✟ စာတန်တန်ခိုးကို ကားတိုင်တော်အားဖြင့်အောင်ပွဲခံတော်မူပြီ။ (ကလ၊၁း၁၅) 
✟ စာတန်၏အဆုံးသတ်စကား မရှိခြင်းသည် ယေရှုအရာရာ၌ စိုးစံခြင်းကြောင်.ဖြစ်၏ 
(3) ကားတိုင်တန်ခိုးသည် Holy Communion 
ပွဲတော် ဆက်ဆံခြင်းဖြင်. ရရှိနိုင်သည်။

 A.ပွဲတော်ဆက်ဆံခြင်းဖြင်. ပြည်.စုံသော ကားတိုင်တန်ခိုး 
သို.၀င်စေသည် ကို ယုံကြည်ပါ။ 
ပွဲတော်သည် အသေခံခြင်း/ထမြောက်ခြင်း
 ကျေးဇူး ခံစားစေ သည်။ 1cor 10:16 
ပွဲတော်ဝင်ခြင်းသည် ငါတို.၌ စာတန်တန်ခိုး ကြာရှည် 
မအုပ် စိုးကြောင်း၊ သတိပေးခြင်းဖြစ်၏။ col 2:13-15 B. ယေရှုအသွေး၊အသားဆက်ဆံခြင်းဖြင်. ယေရှု
 အသေခံခြင်းကို ကြေငြာပါ။  

ခရစ်တော်ခန္ဒာနှင်.ဆက်ဆံခြင်းသည် ယေရှုအသေခံခြင်းကို
 ကြေငြာခြင်း၊ စာတန်သည် ရှုံးနိမ်.သူဖြစ်ကြောင်း
 ဟောနေခြင်းဖြစ်၏(1cor 11:26) 

ပွဲတော်မုန်.၊စပျစ်ရည်သောက်ခြင်းသည် စာတန်ရှုံးပြီ-ဟု တရားဟောနေခြင်းဖြစ်၏၊ 

ပွဲတော်ဝင်ခြင်းသည် နဂိုမူလ ဧဒင်ဥယျဉ်၌ ရရှိသော 
တန်ခိုးအာဏာ ပြန်လည် ရယူခြင်းဖြစ်၏ 

(4) ကားတိုင်သည် ချီးမွမ်းခြင်းအကြောင်းရင်းကို သိရှိနား လည်စေသည်။
 ✟ သူ.တန်ခိုင်း အာဏာတော်အတွက် ချီးမွမ်းခြင်း ဖြစ်သည်။ 
သခင်နှင်.မိတ်သဟာယဖွဲ.ခြင်းသည် သ္ခင်.နဘေး၌ထိုင်၍ 
တန်ခိုးခံမည်. အကြောင်း၊ဧဖ-၂း၆ 

A. ယေရှု၏ စာတန်ခိုး အောင်နိုင်ခြင်းအပေါ် ချီးမွမ်းတတ်ပါ။ 
သိုးသူငယ်အသွေးအားဖြင့်၎င်း.... အောင်မြင်၍(ဗျာဒိတ် ၁၂း၁၀-၁၁) 
စာတန်အခွင်.အာဏာကို လွှမ်းမိုးအနိုင်ယူသော တန်ခိုးကို ၇ရှိစေသည်။

 (5) ကားတိုင်သည် ရန်သူများကို အောင်နိုင်ရသော အခွင်. ပေးသည်။ 
 A.၀ိညဉ်အားဖြင်. သင်သည် ကောင်းကင်အရပ်၌ 
ထိုင်တော်မူသည်ကို ယုံကြည်ပါ။ 
ယေရှုခရစ်အားဖြင့် ထမြောက်စေ၍ ကောင်းကင်အရပ်၌
 နေရာပေးတော် မူပြီ၊ဧဖ-၂း၅-၇။ 
သင်.နေရာ အမှန်ကို နားလည်၍ မည်သည်.တန်ခိုး 
ရထားကြောင်း ယုံကြည်ရမည်။

 B. သင် ရရှိသောဝိညဉ်ရေးအမွေသည် 
လက်ရှိအခြေနေ၌ ပြည်.စုံ ခံစားမည်ကို ယုံကြည်ပါ။ 
ယေရှုတန်ခိုးသည် သင်.ကြောက်ရွံ. စိုးရိမ်ခြင်း 
ဝမ်းနည်းခြင်းများကို ပြောင်းလဲစေမည်။ 
ယေရှုအလင်းတန်ခိုး၌ ကျင်လည်ခြင်းဖြင်. မည်သို.
 ပြောဆို ၊လျောက် လှမ်း၊ ခံယူမည်ကို ပြောင်းလဲစေမည် ။

အဘယ်ကြောင်. ဆိုသော် သူသည် အရာခပ်သိမ်း 
ထိန်းချုပ်သည်ကို သတိရစေမည်။ အာမင်း။။