ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

July 27, 2017

Rev. (သိက္ခာတော်ရ)အကြောင်း

သမ္မာကျမ်းစာက သိက္ခာတော်ရ (Reverenced) ကိုလူတွေ 
အတွက်ဖော်ပြ မထားတော့ ဘိုးဧကတော့ လုံးဝသဘော မကျမိတာ အမှန်ပါ။ Reverence (သိက္ခာတော်ရ) ရဲ့ဇစ်မြစ်ဝေါဟာရ  Revere (ရိုသောလေးမြတ်သည်) လို့အနက်ရတဲ့ ဟေဗြဲစကားလုံးက
 “לְהַעֲרִיץ=” “yare” ကနေဆင်းသက် လာတာဖြစ်ပါတယ်။ 

အနက်ကို အတိအကျ ဖော်ရရင်တော့ “ကြောက်ရွံ့သည်၊ ရိုသေလေးမြတ်သည်၊ အရိုအသေပေးသည်” ဆိုပြီးအနက်ရပါတယ်။ 
Qual Stem ကဖြစ်ပါတယ်။ Qual Stem အတိုင်းအနက်ပြန် 
ရမယ်ဆိုရင် “ထိတ်လန့်ကြောက် ရွံ့သည်။ နက်နဲစွာအရိုသေအလေးအမြတ် ပေးပြုသည်” 
(to stand in awe, to have a deep respect or honor” လို့အနက်ရပါတယ်။ 
 (ဟေဗြဲမှာ Qual, Niphiel, Hiphiel, Piel… စသဖြင့်ရှိပြီး စကားလုံးတစ်ခုစီချင်းဟာ stem အလိုက် အဓိပ္ပါယ်မတူပါ)။ 

ဂရိစကားလုံးကျတော့ “phobe” ပြီး အဲဒီကနေ ကြောက်ရွံ့ခြင်းကို အနက်ဆောင်တဲ့ အင်္ဂလိပ်စကားလုံး phobia ကိုရလာတာဖြစ်တယ်။ phobe ရဲ့အနက်က “ကြောက်ရွံ့စေသည်၊ခြိမ်းခြောက်သည်၊ ထွက်ပြေး စေသည်၊ ကြောက်ရွံ့ ရိုသေလေးမြတ်သည်” ဆိုပြီးရှိ ပါတယ်။ ဒီစကားလုံးက ခရစ်တော်ကို သာဦးတည် ရည်ညွှန်းနော တာကို တွေ့ရတယ်။ မဿဲ ၁၀း၂၈ မှာ ခန္ဓာကိုယ်ကိုဖျက်ဆီးပြီး
စိတ်ဝိညာဉ်ကိုပါ ငရဲမှာ ချနိုင်သော အခွင့်ရှိကြောင်းဖော်ပြ ထားပါတယ်။ ဆိုလိုတာက ဘုရားသခင်ကို ဆက်ကပ်အပ်နှံကာနေထိုင်ခြင်းကို 
ဆိုလိုတာ ပဲဖြစ်ပါ တယ် (ဟေဗြဲ ၁၀း၃၁)။ 

လူကို Reverenced (သိက္ခာတော်ရ) ခေါ်သင့်သလား။ 
အထက်ပါ စကားလုံးတွေအရ reverence ဆိုတာသည် ကြောက်ရွံ့ မှုနှင့် ရိုသေလေးမြတ်ခြင်း၊ အလေး အမြတ်ထားခြင်း လို့အနက် ရတာကြောင့် သမ္မာကျမ်းစာမှာ ဘယ်လူသားကိုမှ ကြောက်ရွံ့ရိုသေဖို့ မသွန်သင်ပါဘူး။ လူအချင်းချင်းကို နက်နဲတဲ့ ရိုသေ သမှုပြုဖို့ ကိုလည်း မပြောထားပါ ဘူး။ အပြန်အလှန် ရိုသေလေးစားမှု၊ ကိုယ်နှင့် စပ်ဆိုင်သူကို ကိုယ်နှင့် 
အမျှချစ်ဖို့ ကိုပဲပြော ထားတာပါ။ သမ္မာကျမ်း စာတော်မြတ်မှာ ဘယ်အမှုတော်ဆောင် အစေခံကိုမှ သိက္ခာတော်ရ 
(Reverenced) တပ်မခေါ်ထား တာကိုတွေ့ရမှာပါ။ 

အဲဒီ Reverence ဆိုတာ King James Version မှာ ဘာသာပြန်ထား တာကတော့ ဘုရားသခင်အတွက် ဘဲ တစ်ကြိမ်တည်း သမ္မာကျမ်းစာ မှာတွေ့ရမှာ ပါ (ဆာလံ ၁၁၁း၉)။ ဆရာ ယုဒသန် က “…နာမတော် သည်သန့်ရှင်း၏။ ကြောက်ရွံ့ရိုသေဘွယ်ဖြစ်၏” လို့ဘာသာပြန် ထား ပါ တယ်။ ဘုရားသခင် တစ်ပါးတည်းသာလျှင် သိက္ခာတော်နှင့် ဂုဏ်နှင့် ထိုက်တန် သူဖြစ်ပါတယ်။ 

Reverence (သိက္ခာတော်ရ) အစဒီအခေါ်အဝေါ်ရဲ့ အစကို 
အတိအကျ မပြောနိုင်ပေမယ့် ခရစ် ယာန်ခေတ်ဦး ကာလ ဘာသာ 
တရားရဲ့ အဆုံးအမကို စွန့်ခွါ သူတွေက ရောမအာဏာပိုင်တို့ရဲ့ အသိအမှတ်ပြုတာကို လိုချင်လို့ မိမိ ကိုယ်ကို ပေးလေ့ပေးထရှိတယ် ဆိုပြီး website တစ်ခုမှာ ဖော်ပြဖူး ပါတယ်။ ခရစ်ယာန်ဆိုတဲ့ အမည်ကို ခံယူဖို့ငြင်းဆန်ပြီး မိမိကိုယ်ကို ခရစ်တော်နှင့် အစားထိုးကာ ဘုရားနေရာယူ သုံးထားတဲ့ အသုံး အနှုန်းဖြစ်တယ်လို့ ဆိုပါတယ်။ ဆိုတော့ ဒီအသုံးအနှုန်းဟာ လူနှင့် လုံးဝ မထိုက်တန် တာတော့သေချာ ပါတယ်။

 Reverenced နှင့် ယနေ့အသင်းတော်များ 
 ယနေ့ အသင်းတော်တွေရဲ့ အုပ်ချုပ်မှု ဖွဲ့စည်းပုံတွေကတော့ သမ္မာကျမ်းစာရဲ့ ရှုထောင့်နှင့်လွဲနေတယ်လို့ မြင်မိ ပါတယ်။ ဘာလို့ လည်းဆိုတော့ သိက္ခာတော်ရတဲ့ သူတွေက ရာထူးတက် သွားတဲ့ သဘောရှိတယ်။ လစာလည်း ပိုတိုးတယ်လေ။ သိက္ခာတော်ရမှ ပြောရေးဆိုခွင့်၊ လုပ်ပိုင်ခွင့် အာဏာတွေရှိတယ်လေ။ သိက္ခာတော်ရမှ လူရာဝင် မလိုလို သတ်မှတ်ကြတယ်။ တကယ် တော့ အသင်းတော် တွေက Church politics ဆန်ဆန်သွားတော့ အာဏာနှင့် ပါဝါက 
အထက် စည်းမှာ အားပြိုင်နေတာ။ 

အဲဒီစနစ်က အရမ်းကို သမ္မာ ကျမ်းစာနှင့် ဆန့်ကျင်ဖက်
 ဖြစ်နေတယ်လေ။ အသင်းတော်တွေမှာ အလျားလိုက် 
ဆက်ဆံတဲ့စနစ် (Horizontal relationship system) မရှိတော့ဘူး။ 
Hierarchy system ကအသာစီးရနေတယ်။ 
အဲဒါကြောင့် အသင်းတော်တွေမှာ နှိမ့်ချခြင်းနှင့် အစေခံတဲ့ ခေါင်းဆောင်တွေ နည်းသည် ထက်နည်းလာတယ်။ 
အဲဒါကြောင့်ပါပဲ….. အခုတက် သစ်စလေးတွေ တောင် 

Reverenced လိုချင်နေတာကမဆန်းဘူးလေ။ 
ငါလည်း လက်တင် သိက္ခာရထားတယ် ဆိုတဲ့ ဂုဏ်လေးကလည်း လိုချင်စရာလေ။ တကယ်တော့ ပေးယူသူ အတူတူအနူနူတွေပါပဲ။ 
အဲဒီ Reverenced ကြီးကို ဘုရားကိုပြန်ပေးပြီး နှိမ့်ချခြင်းနှင့် တန်ဆာဆင်ကာ အမှုတော် မှာ ဆက်ကပ်ကြပါ စို့လို့ 
တိုက် တွန်းနှိုးဆော်ရင်း - Crd:Elijah