ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

November 4, 2015

(1) Elohim ဖန်ဆင်းတော်မူသောဘုရား

El= Semitic word ဆီမိုက်ဂျူး အနွယ်ဝင်များ အသုံးပြုသည်
. ခွန်အားကြီး သောနတ် ဘုရား (Deity God) ဟု (Linguists) ဘာသာရပ်ဗေဒ ပညာ ရှင်များ သဘောတူ လက်ခံသည်။ 
Gen-14:18တွင် စတွေ.ရသည်။ အိသရေလ လူမျိုးများ 
ခါနန်ပြည်ရောက် သည်.အခါ သူတို. ကိုးကွယ်သည်. ဘုရားကို
 Elohim ဟု ခေါ်ဝေါ် သမုတ်ကြသည်။ 

EL ကို လူမျိုး၊ အမည် နမ်စားအဖြစ် (Isra-el, Smu-eL,
 EL-ijah, Jo-eL, Dani-el, Beth-eL) အသုံးပြုကြသည်။ 
EL-ah သည် အရေဗျာစကား(Aramic) =ဘုရား (God)ဟုသိရသည်။ 
EL အသုံးနှုံန်းအား မုလဟေဗြဲကျမ်းတွင် (238 )ကြိမ် နှင်. ELohim အသုံးနှံန်ူး ကို ( 2602)ကြိမ်ဖေါ်ပြ ထားသည်ဟု သိရသည်။ 

ELohim သည် တခုကိန်း မဟုတ်၊ (Plural)ဖြစ်သောကြောင်.
သုံးပါးတဆူ ဖြစ်ကြောင်း နားလည် ရသည်။ (Gen:1:26-27) 
 ELohim ကို ကမ္ဘာဦး ကျမ်း ၁း၁ တွင် “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီး ကို ဖန်ဆင်းတော်မူ၏” ဟု စတင် မိတ်ဆက် ပါသည်။ ထို.ကြောင်. အစအဦး (the beginning)ကို ဖန်ဆင်းသူသည် ဘယ်သူနည်း ဟု အငြင်းပွါး စရာမလိုတော.ပေ၊။(ယော၊၁း၁-၁၄) 

ထို.ကြောင်. သခင်ယေရှုသည် ကမ္ဘာမရှိမှီ ကတည်းက 
ရှိပြီးသော ဘုရားဖြစ်ပြီး၊ လွန်ခဲ.သော နှစ်၂၀၀၀ မှာ လူ.ဇာတိခံပြီး မွေးလာခြင်းဖြစ်သည်။ ကျမ်းစာအရ လက်ရှိကမ္ဘာ.သက်တမ်း ၆၀၀၀ ရှိသည်ဟု ပြောသော် လည်း တချို. (Gap သီအိုရီ)က ဖန်ဆင်းခြင်း ၆ ရက်ကိုသာ လက်ခံပြီး၊ ကမ္ဘာ.သက်တမ်း သည် သန်းပေါင်းများစွာရှိပြီဟု ကျမ်းစာကို တဝက် တပျက်(ကမ္ဘာဦးကျမ်း၊၁း၁)ကိုသာလက်ခံပြီး (၁း၂)ကို လက်မခံကြပေမဲ. သက်သေကိုတော. ယနေ. ထိမပြနိုင်ကြပါ။ 

သူတို.က(တစ်)ကိုရေးပြီး တစ်နောက်မှာ
သုည ကြိုက်သလောက်ထည်.ပြီး လူတွေဥဏ်မမှီအောင် လျှောက်ပြောနေကြခြင်းဖြစ်သည်၊(Ameba/bigbang 
မှစဖြစ်သည်ဟု) ဘယ်အရာမဆို၊ဖန်ဆင်းသူမရှိပဲ၊အလိုလိုဖြစ်လာသော
အရာလုံးဝမရှိပါ။ ဟေဗြဲ၊၁၁း၃၊ယခုမြင်ရသောအရာတို့သည်၊ အရင်ထင်ရှား သော အရာထဲကမဖြစ်ဘဲ၊ လောကဓါတ်တို့သည် ဘုရားသခင်၏အမိန့် တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။ဘုရားသခင်သည် အရာခပ်သိမ်းနှင်. အချိန်ကိုဖန်ဆင်းသော ဘုရားဖြစ်သည်။ ဘုရားသခင်သည်......လူသားများအတွက် အချိန်(အတိတ်၊ပစ္စုပန်၊အနာဂတ်)ကိုဖန်ဆင်းခြင်းဖြစ်သည်။ မနေ၊ယနေ.၊မနက်ဖြန်ဆိုသည်.အချိန်သည် ကိုယ်.ပြသနာဖြစ်သည်။ ဘုရားအတွက်အချိန်မရှိသောကြောင်. အချိန်သည် ဘုရားပြသနာမဟုတ်။ ဘုရားအတွက် (အတိတ်၊ပစ္စုပန်၊အနာဂတ်)လည်း ပြသနာလုံးဝမရှိပါ။ ဘုရားသည် eternal အစဉ်ထာဝရ ဖြစ်သောကြောင်. ဘုရားအတွက် အရာအားလုံးသည် Right now ယ္ခု ဖြစ်နေသည်။ ဘုရားသည် တချိန်တည်းတွင် နေရာတိုင်း၌ ရှိနေနိုင်သည်။ ထို.ကြောင်. အရာခပ်သိမ်းကို ဖန်ရှင်းသောဘုရား Elohim ဖြစ်ကြောင်း။ ဖတ်ရှုသူတိုင်း သမ္မာတရားအသိ၊သုတစုံလင်ခြင်းကောင်းကြီးရှိ၍ယုံကြည်ခြင်း တိုးပွါးနိုင်ကြပါစေ။

(၂)El-Shaddai( အနန္တတန်ခိုးရှင်အနန္တတန်ခိုးရှင် )

အနန္တတန်ခိုးရှင်အနန္တတန်ခိုးရှင် ဆိုတဲ. ဘုရားအမည်နာမ အကြောင်းဖြစ်တယ်။ El-Shaddai အမည် နာမအား
ကမ္ဘာဦး (၁၇း၁)တွင် ပထမဆုံး စတင်တွေ.ရသည်။
Abramထံ၌ (၆)ကြိမ် သူ.ကိုသူ ငါသည် El-Shaddai
 ဖြစ်ကြောင်းဖေါ်ပြကာ သူ.နာမည်လည်း
 Abraham ဟုပြောင်းလဲပေးသည်။

သမ္မာဟောင်းတွင်၄၈ကြိမ်တွေ.ရသည်။ (EL)=God
(Shaddai)=THE ALL MIGHTY ONE Gen:17တွင်
Abrahamသည် အသက် ၉၉နှစ် ရှိပြီး၊သူ.အမျိုး သမီး
ဆာရာအသက် ကြီးပြီ ဖြစ်သောကြောင်. သူတို.ဘက်မှ
.မျော်လင်.ချက် တခုမှမရှိ၊မည်သည်.ကုန်ကြမ်းမှမရှိ၊မျော်လင်. စရာမရှိတော.သော်လည်း ဘုရားသခင်သည် ကမ္ဘာဦး (၁၂)
တွင်ပေးသော ပဋ္ဋိညာဉ်ကို ပြည်.စုံ စေမည်. အကြောင်း၊
ငါသည် မရှိသော အရာကို ရှိအောင်လုပ်နိုင်သော
အန္တတန်ခိုးနှင်.ပြည်. စုံစေသောဘုရား၊ဘုန်းကြီးသောဘုရား
(I am El-Saddai)ဖြစ် .ကြောင်းဖေါ်ပြပါသည်။

 Isaac သည် သူ.သား Jacob ထံ ပြောရာ၌၄င်း၊ Jacob အား
အိသရေလ ပြောင်းရာ၌၄င်း (EL-Saddai)သုံးသည်။(35:11) ငါသည် ပြည်.စုံစေသောဘုရား ဖြစ်သည်ဟုထုတ်ဖေါ် ပြသခဲ.သည်။
ထိုနည်းတူ ယနေ. ယုံကြည်သူများအတွက် ခရစ်တော်၏ အသွေးတော်အားဖြင်.ပေးသော ပဋ္ဋိညာဉ်အသစ်သည် သာ၍ အာမခံချက်ရှိကြောင်း၊သင်သည် ဘယ်လောက်ပင် သေးငယ် ပါစေ၊မျော်လင်.ချက် ကုန်းကောက်စရာမရှိတော.သော်လည်း အာဗရမ်မှအာဗရာဟံ၊ယာကုပ်မှ အိသရေလ ပြောင်းသကဲ.သို.
ခရစ်တော်ကို ယုံကြည်သူတိုင်း Christian Faith ဖြစ်သော
New Abraham များ ဖြစ်ကြောင်း၊
El-Saddaiဘုရားသည် သင်.အ တွက် အရာခပ်သိမ်းပြည်.စုံစေမည်.
(THE ALL- MIGHTY - ONE) ဘုရားဖြစ်ကြောင်း ဝေမျှလိုက် ပါသည်။

(3)Jehovah Shalom(The Lord Our Peace "ငြိမ်သက်ခြင်းအရှင် "


(3)Jehovah Shalom
(The Lord Our Peace "ငြိမ်သက်ခြင်းအရှင် "
 ယောရှု ဦးဆောင်ပြီး အိသေ၇လလူမျိုးတို.သည် ဂတိတော်မြေ
ခါနန်သို. ရောက်သော်လည်း အစဉ်မပြေ၊ပရမ်းပတာ ဖြစ်ခြင်းနှင်. ကြုံတွေ.ရခြင်းအကြောင်းရင်းသည် ထာဝရဘုရား၏ ပညတ်ကို မလိုက်နာ၊ဘုရားစကားနားမထောင်ခြင်းကြောင်. ဖြစ်သည်။ (ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်၏။

သင်တို့နေသော အာမောရိပြည်သား ကိုးကွယ်သော ဘုရားတို့ကို မကြောက်ရွံ့ကြနှင့်ဟု ငါပညတ်သော်လည်း၊ သင်တို့သည် ငါ့စကားကို နားမထောင်ကြဟု မိန့်တော်မူ၏။)တရားသူကြီး၊၆း၁၀။ ဣသရေလအမျိုးသားတို့သည် မိဒျန်အမျိုးသားတို့ကြောင့်၊ အလွန်ဆင်းရဲ၍ ထာဝရဘုရားအား ဟစ်ကြော်ကြသောအခါ၊သူတို.အပြစ်ကိုလွတ်၍
 အောင်မြင်သောအခွင်. ပြန်ပေးသည်။

-ထာဝရဘုရားက အကယ်စင်စစ်ငါသည် သင်နှင့်အတူရှိသဖြင့်၊
သင်သည် လူတယောက်ကိုလုပ်ကြံသကဲ့သို့ မိဒျန်လူတို့ကို လုပ်ကြံလိမ့်မည်ဟု မိန့်တော်မူ၏။ -ထာဝရဘုရားက၊
ချမ်းသာပါစေ။ မစိုးရိမ်နှင့်။သင်သည်သေဘေးနှင့် လွတ်လျက်
ရှိသည်ဟု မိန့်တော်မူ၏။(၆း၂၃-၂၄) ထိုအရပ်၌ ဂိဒေါင်သည်ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်၍၊
 ယေဟောဝါရှာလုံ “Jehovah Shalom”
အမည်ဖြင့်မှည့်လေ၏။

ထိုနည်းတူ
ကျွန်တော်တို.သည် ကယ်တင်ခြင်းရ၍ ဒု-မွေးခြင်း
ခံပြီးဖြစ် သော်လည်းဘုရားသခင်၏အလိုတော်ပြင်ပ
(Out of the will of God) ရောက်သွားသည်.အခါ ငြိမ်သက်ခြင်းဆုံးရှုံးတတ်ပါသည်။

ထာဝရဘုရား ထံသို. မိမိအပြစ်နောင်တရသည်.အခါ
မူလရရှိပြီး ဘုရားသခင်ထံမှပျော်ရွှင် ခြင်းထက်
သာလွန်သော ငြိမ်သက်ခြင်းကို (Jehovah Shalom)
ထံမှ ပြန်လည်ရရှိမည်ဖြစ်သည်။(အာမင်း)