ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

October 27, 2015

(4)Jehovah Tsikenu ယေဟောဝါဇေဒန

(4)Jehovah Tsikenu ယေဟောဝါဇေဒန 
(The Lord is my righteousness) 
ဘုရားသခင်သည် သူ၏ စံချိန်၊စံညွှန်း(Devine satandard)အား ငါသည် (ယေဟော ဝါဇေဒနု) ဖြောင်.မတ်ခြင်းအရှင် ဟု ကိုယ်တိုင်ဖေါ်ပြပါ သည်။ ဖြောင်.မတ်ခြင်း၏ ဆန်.ကျင်ဖက်သည် မဖြောင်.မတ်၊ မမှန်ကန်ခြင်း ဖြစ် သည်။ ဖြောင်.မတ်ခြင်းကို ဆာလောင်မှု မရှိသောသူသည် ဝိညဉ်ရေးရာ နာမကျန်းသူ သာ ဖြစ်သည်။ သင်သည် ဘုရား သခင်၏ စံညွန်းအား သူတပါးကို သက် သေခံပြောပြမည် ဆိုပါက လူသည် အမှားကို အမှန် ထင်ပြီး အမှန်ကို အမှား ထင်တတ် သည်. သဘော သဘာဝကြောင်. သင်. ကို အရုးထင် လိမ်.မည်။ ဘုရားသခင်နှင်. အပြစ် တရားသည် မည်သို.မျှ သဘာဝချင်း မတူသောကြောင်. တွဲလို.မရ၊ ပေါင်းစပ်၍ မရ နိုင်ပါ။ အပြစ် လောက၌ နေထိုင် ကျင် လည်သည်. ပုထုဇဉ် လူသားများ အတွက် ဘုရား သခင်၏ အကြံ စည်တော်မူကားးး… ယေရမိ၊၂၃း၅၊ “သန့်ရှင်းသော အညွန့်ကို ဒါဝိဒ် အဘို့ ငါပေါက်စေသည် အတိုင်း၊ ဥာဏ်ကောင်းသော ရှင်ဘုရင် တဦးသည် စိုးစံ၍၊ မြေကြီးပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်ရာ ကာလ သည် ရောက်လိမ့်မည်” ဟု ဖြောင်.မတ်သည်. ခရစ်တော်သည် အပျိုကညာ ဝမ်းမှ မွေးလာမည်. အကြောင်း ပရော ဖက်ပြုခြင်းသည်….သမ္မာသစ်၌ ပြည်.စုံခဲ.သည်။ “ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သော သူကို ငါတို့ အတွက်ကြောင့် အပြစ်ရှိသော သူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူ အားဖြင့် ဘုရား သခင်ရှေ့တော်၌ ဖြောင့်မတ်သော သူဖြစ်မည် အကြောင်း တည်း။” ၂ကော-၅း၂၁ ၌ ပြည်.စုံ လာသည်။ လူတိုင်းသည် အတိမှတ်ပြု (credit)ခြင်းခံ ချင်ကြသည်။ ဘုရားသခင်သည် အပြစ်သား များအတွက် ခရစ်တော်လုပ်ဆောင်ချက်အား အတိမှတ်ပြု သည်.နည်းတူ ယေရှုခရစ်ကို လက်ခံသည်. အပြစ်သား သည် ဖြောင်. မတ် သောသူဟု ယေရှုကြောင်. (credit) အတိမှတ်ပြု ခြင်း ခံရပါသည်။ ထိုဖြောင်.မတ်ခြင်း အကိုင်း၊ အညွန်.သည် ယေရှုကို လက်ခံချိန်မှ စ၍ ကောင်း ကင်ရောက်ချိန် အထိ ဆက်လက် ကြီးထွားရှင်သန် တိုးပွါး နေမည် ဖြစ်သည်။ မည်သို. အလုပ်လုပ် သနည်း ဆိုသော် လူတိုင်းအထဲ၌ ရှိသော ဝိညဉ်၏ သဘော သဘာဝသည် ဖြောင်.မတ်ခြင်းတည်း ဟူသော နုတ်က ပတ်တော်ရှင် (ယေရု)ကိုသာ အစားစာအဖြင်. ကျွေးပါမှ ကြီးထွား နိုင် မည်။ မှားသော အစာကျွေး မိပါက ပြန်လည် ကန်ထုတ် မည်ဖြစ်သည်။ ၁ယော၊၃း၉ တွင် (ဘုရားသခင် ဖြစ်ဘွားစေတော် မူသော သူမည်သည်ကား၊ ဒုစရိုက်ကို မပြုတတ်။ အကြောင်းမူကား၊ ထိုသူ၌မျိုးစေ့တော် တည် လျက် ရှိ ၏။)ဖြောင်.မတ်ခြင်း၊ သန်.ရှင်းခြင်းဝတ်လုံ ဒီနေ.ဝတ်၊မနက်ဖြန်ချွတ်ရန် မဟုတ် ပါ။ယနေ. ကမ္ဘာ.နေရာအနှံ.ရှိ ယုံကြည်သူ အပေါင်းအား အလွန်သေးငယ် သည်. ကမ္ဘာ. အလယ်ဗဟို ယေရှု ဆလင်မြို.၌ စုစည်း၍ ဘုရားသခင်. နိုင်ငံတော် တည်ထောင်မည်. အချိန်သည် မဝေးတော.ကြောင်း၊ အယောက် တိုင်းသည် ယေရှု ခရစ်ဖြောင်.မတ်ခြင်း (Jehovah Tsikenu) ကို ထာဝရဝတ်ဆင်ခြင်း အသက်တာ သို. လျှောက် လှမ်းနိုင်ကြပါစေ လို. မေတ္တာဖြင်. ဝေမျှ လိုက် ရပါသည်။(အာမင်း)

October 6, 2015

(၇နှစ်ကာလအပိုင်းခြားသို့မဟုတ် ရှီမီတာ Shemitah )


ကမ္ဘာ ပေါ်တွင် ပြက္ခဒိန် အမျိုးမျိုး ရှိပါသည်။ ဂရယ်ဂိုရီရယ် (Gregorian) တနည်း အားဖြင့် အနောက်တိုင်း ပြက္ခဒိန်သည် လူမှု အဖွဲ့ အစည်း အများစုမှ အသုံးပြု နေသော ပြက္ခဒိန် ဖြစ်သည်။ 

ဂျုးလူမျိုး များ၏ ပြက္ခဒိန် တနည်း အားဖြင့် ဟေဗြဲ ပြက္ခဒိန် သည် သမ္မာ ကျမ်းစာ ကိုအခြေခံ ရေတွက် ထားသော ပြက္ခဒိန် ဖြစ် ပါသည်။ အနောက်တိုင်း ပြက္ခဒိန် သည် နေကို ကြည့်ပြီး ရေတွက်ပြီး၊ အစ္စလာမ် ပြက္ခဒိန် သည် လ ကိုကြည့်ပြီး ရေတွက် ထားပါသည်။ ဟေဗြဲ ပြက္ခဒိန် သည် နေနှင့် လကို အခြေခံ ရေတွက် ထား၏။ ကမ္ဘာဦး ကျမ်း ၁း၁၄တွင် ဘုရား သခင်သည် နေ့ရက်၊ အချိန် များကို သိစေရန် နေနှင့်လ အပါ အ၀င် ကြယ်များကို မိုးကောင်းကင် တွင် ခန့်ထား၏။ ထို့ကြောင့် သခင် ယေရှု လူဇာတိခံ ယူလျှက် အစ္စရေး နိုင်ငံ ဗက်လင်မြို့ တွင်မွေးဖွါး သော အခါ မာကု ပညာရှိ များသည် ကြယ်ကို ကြည့်လျှက် ယေရှုထံ သို့အရောက် လာနိုင်ခဲ့ သလို ကြယ်များ ကိုကြည့်ပြီး မေရှိယ ဆိုသော ကယ်တင်ရှင် မွေးဖွါး လာမည် ကိုကြို တင်တွက် နိုင်၏။ ထို့ကြောင့် မိုးကောင်းကင် ရှိ နေ၊လ နှင့်ကြယ် များသည် လက်ရှိနှင့် အနာဂတ် များတွင် ဖြစ်ပျက် လာမည့် အရာ များကို ဖေါ်ပြလျှက် ရှိပါသည်။

 သို့သော် ဗေဒင် အတတ် ပညာသည် အကောင်းထက် ဆိုးကျိုး များသောကြောင့် အသုံး မပြုရန်၊ မလိုက် စားရန် ဘုရားသခင် တားမြစ် ထား၏။ ဤ ဆောင်းပါး တွင်ဗေဒင် ပညာ မပါဝင် သလို စာရေး သူသည် လည်း ဗေဒင် ပညာ မတတ် ကျွမ်းပါ။ ဘုရား သခင်မှ ကြိုတင် ပေးထားသော နိမိတ် များဖြစ်သည့် သူပြန် လာမည့် အချိန်၊ ကမ္ဘာကြီး အဆုံးခန်း ဖြစ်ပျက် လာမည့် နိမ်တ် လက္ခဏာ များကို သမ္မာကျမ်း စာထဲမှ ဖေါ်ပြ ချက်များကို ကမ္ဘာ ပေါ်တွင် ဖြစ်ပျက် နေသည့် အရာများ နှင့်ယှဉ်တွဲ ဖေါ်ပြထား သောဆောင်း ပါးသာ ဖြစ်သည်။ ၂၀၁၂ မရောက်ခင် ၎င်းနှစ် နှင့် ပတ်သက် သည့်ဟော ကိန်း များစွာ ထွက်ခဲ့ သော်လည်း မဖြစ်ပေါ် လာပါ။ သို့သော် စာရေးသူ သတိထား မိသည်မှာ ၎င်းဟောကိန်း များသည် မိုင်ရာပြ က္ခဒိန် (Mayan Calendar) နှင့် သိပ္ပံ ပညာကိုး ကားချက်တွင် မူတည်၏။ 

ဤ ဆောင်းပါး သည် ဟောကိန်း မဟုတ်၊ သမ္မာ ကျမ်းစာ ဖေါ်ပြချက် များကို ကမ္ဘာဖြစ် စဉ်များ နှင့်ယှဉ်တွဲ ဖေါ်ပြချက် ဖြစ်ပြီး ဆုံးဖြတ် ရွေးချယ်မှု သည် စာဖတ်သူ အပိုင်း ဖြစ်၏။ သို့သော်လည်း ဘုရားသခင် ဒုတိယ ကြိမ် ကြွလာမည့် နေ့ရက်ကို မည်သူမျှ မသိ၊ ကောင်းကင် တမန် ပင်မသိကြောင်း သမ္မာ ကျမ်းစာ ဖေါ်ပြ ချက်ကို သတိရ စေလို ပါသည်။ ဘုရား သခင်သည် သန့်ရှင်းခြင်း၊ တရား မျှတခြင်း နှင့်ပြည့်စုံ သည့် အလျှောက် သူလာမည့် အချိန်နှင့် ဆိုးဝါး သည့်ကမ္ဘာ့ ဖြစ်စဉ် များတွက် ကြိုတင် နိမိတ် လက္ခဏာများ ပေးထား သည်မှာ တရား မျှတသော ဘုရားသခင်၏ သဘော သဘာဝ ဖြစ်သည်။ သူအလို ရှိသည်မှာ သူချစ်သော လောက သားများ အားလုံး အဆင်သင့် ရှိနေစေရန် ဖြစ်၏။ နောက်ဆုံး သော နိမိတ် လက္ခဏာ များထဲမှ ၂ခုဖြစ်သော သွေးရောင်လ (Blood moon) နှင့် နေကြတ်ခြင်းများ ဆက်တိုက် ဖြစ်ပေါ် နေမှုများသည် နှစ် ၂၀၀၀ အတွင် လုံးဝ မဖြစ်ခဲ့ လူးသော အရာ များ ဖြစ်နေ၏။ အကြောင်းမှာ သွေးလ ၄ကြိမ် ဆက်တိုက် ဖြစ်စဉ် ထဲတွင် နေကြတ်ခြင်း ၂ကြိမ် ပါဝင်ပြီး ထိုဖြစ်စဉ် များအားလုံး သည် သမ္မာကျမ်း စာ၏ နေ့ထူး နေ့မြတ်၌ ကျရောက် နေပြန်၏။ 

ထာဝရ ဘုရား၏ ထူးမြတ်သော နေ့ကြီး မတိုင်မှီ၊ နေသည် မှောင်မိုက် အတိ ဖြစ်လိမ့်မည်။ လသည် လည်း သွေး ဖြစ်လိမ့်မည်။ တမန်တော် ၂း၂၀ ၇နှစ်တစ်ကြိမ်နှင့်၇ကြိမ် (Shemitah and Jubilee) ထာဝရ ဘုရားသည် သိနတောင်တွင် မောရှေအား သူ၏ လူမျိုးတော်ကို ခါနန်ပြည် မ၀င်ခင်မှာ ကြားသည်မှာ- “ခြောက်နှစ် ပတ်လုံး လယ် လုပ်၍ အသီးကို သိမ်းရမည်။ ၁၁ သတ္တမနှစ်တွင် လယ်ကို မလုပ်ဘဲ အလွတ် ထား ရမည်။ ထွက်မြောက်ရာ ၂၃း၁၀-၁၁” ဤသဘော တရားသည် ကမ္ဘာဦးကတည်းကရှိခဲ့၏။ ထာဝရဘုရားသည် စကြ ၀ဏာ ဖန်ဆင်းခြင်းကို ၆ရက်ပြု လုပ်ခဲ့ပြီး ၇ရက် မြောက်နေ့တွင် ငြိမ်ဝပ်စွာနေလျှက် ထိုနေ့ကို ကောင်းကြီး ပေးတော်မူ၏။

 ထိုနည်းတူ ဣသရေလ အမျိုးသားများ အဲဂုတုပြည်မှ ထွက်ခွါပြီး သိနတောင် မရောက် ခင်တွင် ဥပုသ်နေ့ စည်းမျဉ်း စည်းကမ်းကို ပြဌန်း ခဲ့ပြီး ရက်သတ္တ တစ်ပတ်တွင် ၆ရက် အလုပ်လုပ်ပြီး ၇ရက် မြောက်နေ့တွင် အလုပ်မလုပ် ရဘဲ နားနေသော ဓလေ့စတင် ဖြစ်ပေါ် လာခဲ့သည်။ ၇နှစ်တာ ဆိုသော အချိန် ပိုင်းခြားကို ဟေဗြဲ ဘာသာဖြင့် ရှီမီတာ (Shimatah) ဟုခေါ်ပြီး ၇ ကြိမ်မြောက် ရှီမီတာ အပြီးတွင် နှစ် ၅၀ မြောက် ယုဘိလပွဲ (Jubilee) ပွဲကို ဆင်နွဲရန် ထာဝရ ဘုရားမှ ညွန်ကြား ထားပါသည်။ နှစ်၅၀ ယုဘိလပွဲ နှင့် ပတ်သက်ပြီး ဘုရားသခင် ပြောထား သည်မှာ- ခုနှစ် နှစ်တခါ လွှတ်ခြင်းကို ပြုရမည်။ လွှတ်ခြင်း တရား ဟူမူကား၊ ကိုယ်နှင့် စပ်ဆိုင်သော သူအား ဥစ္စာကို ချေးငှား သော ကြွေးရှင် မည်သည်ကား၊ ထိုကြွေးကို လွှတ်ရမည်။ ထာဝရ ဘုရား လွှတ်ခြင်း ကာလ ဖြစ်သော ကြောင့်၊ ထို ကြွေးကို အိမ်နီးချင်း၊ ညီအစ်ကို ချင်း၌ မတောင်းရ၊ တကျွန်း တနိုင်ငံ သား၌ တောင်းရသော အခွင့်ရှိ၏။ ညီအစ်ကို၌ ရှိသော ကိုယ် ဥစ္စာကို မတောင်းဘဲ လွှတ်ရမည်။ 

တရားသော ရာကျမ်း ၁၅း၁-၃ နှစ်၅၀ ယုဘိလ ပွဲအရ လွှတ်ခြင်း ထဲတွင် ကျွန်များကို လွှတ်လပ်သော လူအဖြင့် သတ်မှတ်ခြင်း၊ အကြွေး များကို လျှော်ပစ်ခြင်း၊ ပေါင်နှံထားသော ပစ္စည်းများ၊ ပေါင်ခံထား သောမြေများကို လျှော်ပစ်ပြီး မူလ ပိုင်ရှင်သို့ ပြန်လည်ပေး အပ်ခြင်း များ ပါဝင်သည်။ ပသခါပွဲ (Passover) ဣသရေလ လူမျိုးများ (ဂျုး) အီဂျစ်နိုင်ငံ၏ ကျွန်ဘ၀မှ ကယ်တင် ရာတွင် မောရှည်ကို ဦးဆောင်စေပြီး အံ့ဖွယ်အမှု ၁၀ခု ပြုလုပ်ခဲ့ပါသည်။ နောက်ဆုံး အံ့ဖွယ်မှု ဖြစ်သော သားဦးသတ်ခြင်းတွင် ဣသရေလ လူမျိုးများ မထိရန်တွက် အခါ မလည် အနာအဆာ မရှိသော ဆိတ် သို့မဟုတ် သိုးသငယ်ကို သတ်ပြီး၊ ဘုရား သခင်မှ ပေးသော လွှတ်မြှောက် ခြင်းကို လက်ခံရ ယူကြောင်း အထိမ်းမှတ် သက်သေ လက္ခဏာဖြင့် တခါး တိုင်တွင် ၎င်းဆိတ် သို့မဟုတ် သိုး၏သွေး ကို သုတ်ထား ပါသည်။ ထို့နောက် ၎င်းဆိတ်သို့ မဟုတ် သိုးကို မီးကင်ပြီး တဆေးမပါသော မုန့်ဖြင့် စားရန်ထာဝရဘု ရားမှ စေခိုင်း ခဲ့ပါသည်။ 

ထိုနေ့သည် ပထမလ ၁၀ရက်ဖြစ်ပြီး ပဿခါပွဲ စတင်သော နေ့ဖြစ်ပါသည်။ လူသားအား လုံး၏ အပြစ်များကို သခင်ယေရှုမှခံယူပြီး လက်ဝါး ကပ်တိုင်တွင် အသေ သတ်ခြင်း ကိုလည်း ပသခါနေ့တွင် ခံယူ ခဲ့ပြီးထိုနေ့၌ လည်း နေကြတ် ခဲ့ပါသည်။ တံပိုးမှုတ်ပွဲတော် (Feast of Trumpet) တံပိုးမှုတ်ပွဲတော်ကို ၇လပထမရက် (1st day of Tishri) တွင်ကျင်းပ လေ့ရှိ၏။ ကျမ်းညွန်း များမှာ ၀တ်ပြုရာကျမ်း ၂၃း၂၄-၂၅၊ တောလည်ရာ ကျမ်း ၂၉း၁၊ သင်တို့သည် သတ္တမလ၊ ပဌမနေ့ ရက်၌ တန်ပိုး မှုတ်ပွဲ၊ ဓမ္မ စည်းဝေး ခြင်းကို ပြုရသော ဥပုသ် နေ့ကို စောင့် ရကြ မည်။ လောကီ အလုပ်ကို မလုပ်ရ။ ထာဝရ ဘုရားအား မီးဖြင့် ပြုသော ပူဇော် သက္ကာကို ဆက်ရ မည်ဟု မိန့်တော် မူ၏။ ၀တ်ပြု ရာကျမ်း ၂၃း၂၄-၂၅ တံပိုး မှုတ်ခြင်းကို ဣသရေလ လူမျိုး များသည် နောင်တ တရားရပြီး ဘုရား သခင်၏ တရား စီရင်ခြင်း အတွက် အဆင် သင့် ဖြစ်စေ လိုအသော အထိမ်း အမှတ်ဖြင့် ကျင်းပ ကြပါသည်။ ထိုလ၁၀ရက် နေ့တွင် မူအပြစ် ဖြေရာ ယဇ်ပူဇော် သောနေ့ (Atonement day) ဖြစ် ပါသည်။ 

အပြစ်ဖြေရာနေ့ (Day of Atonement) သင်တို့သည် အစဉ် စောင့်ရသော ပညတ်တော် ဟူမူကား၊ အမျိုး သားချင်း ဖြစ်စေ၊ သင်တို့တွင် တည်းနေ သော တပါး အမျိုးသား ဖြစ်စေ၊ သတ္တမလ ဆယ်ရက် နေ့၌ အလုပ်ကို အလျှင်း မလုပ်၊ ခြိုးခြံစွာ ကျင့် လျက်နေ ရကြ မည်။ အကြောင်း မူကား၊ သင်တို့သည် ထာဝရ ဘုရား ရှေ့တော်၌ အပြစ် ရှိသမျှ တို့နှင့် ကင်းစင်မည် အကြောင်း၊ ထိုနေ့ ရက်၌ ယဇ် ပုရော ဟိတ်သည် သင်တို့ကို စင်ကြယ် စေခြင်းငှါ၊ အပြစ် ဖြေခြင်း ကို ပြုရမည်။ ထိုနေ့ရက် သည် ထာဝရ ပညတ်တော် အတိုင်း၊ သင်တို့ ငြိမ်ဝပ် ရာဥပုသ် နေ့၊ ခြိုးခြံစွာ ကျင့်ရသော နေ့ဖြစ် သတည်း။ ၀တ်- ၂၃း၂၉-၃၁ အပြစ် ဖြေရာ ယဇ်ကို တစ်နှစ် တစ်ခါ ပြုလုပ်ရန် ထာဝရ ဘုရား စေခိုင်း ထားပြီး ထိုနေ့တွင် အလုပ် မလုပ်ဘဲ ဂျုးလူမျိုး များသည် အစာရှောင် ဆုတောင်း ခြင်းကို ယနေ့တိုင်း စောင့်ထိမ်း လျှက်ရှိ ပါသည်။ ကျင်းပသော ရက်မှာ ပထမလ ၁၀ ရက်နေ့ဖြစ်ပြီး အနောက်တိုင်း ပြက္ခဒိန် တွင် ၂၀၁၄၌ အောက်တိုဘာ လေးရက်တွင်ကျရောက်ပြီး ၂၀၁၅ အတွက် စက်တင်ဘာ ၂၃တွင် ကျရောက် ပါသည်။ 

၎င်းယဇ်ကို ယဇ် ပုရောဟိတ်သာ ဆောင်ရွက်ခွင့် ရှိပြီး ရှေးဦးစွာ ယဇ်ပရော ဟိတ်နှင့် သူမိသားစု အပြစ်ဖြေရန် နွားထီးပြိုကို မီးရှို့ ပူဇော်ရ၏။ ထို့နောက် တိုင်းပြည်နှင့် လူမျိုး အပြစ် ဖြေရန်ဆိတ် သငယ် ၂ကောင်ဖြင့် အပြစ် ဖြေရ၏။ ဆိတ်သငယ်ကို တဲတော်ရှေ့ ခေါ်လာပြီး ၎င်းဆိတ် ၂ကောင်ကို ထာဝရဘုရား တွက် ၁ကောင်နှင့် ဘေးမဲ့လွှတ်ရန် ၁ကောင်တွက် မဲချ (စာရေး တံချ) ရွေးချယ် ရပါသည်။ ထာဝရ ဘုရား တွက်မဲ ပေါက်သော ဆိတ်ကို ယဇ် ပူဇော်ပြီး ဘေးမဲ့ လွှတ်ရန် မဲပေါက်သော ဆိတ်ခေါင်း ပေါ်သို့ ယဇ်ပရောဟိတ် လက်ကိုတင် ပြီး တိုင်းပြည်နှင့် လူမျိုးများ၏ အပြစ်ကို ရေရွတ်လျှက် အပြစ် ဖြေခြင်းကို ပြုပြီး တောထဲသို့ ဘေးမဲ့ လွှတ်ရ ပါသည်။ 

သခင်ယေရှုသည် ပသခါတွင် အသတ်ခံရသော သိုးသူငယ် ဖြစ်သလို လူသား တစ်မျိုးနွယ် လုံးတွက် အပြစ်ဖြေရာ ယဇ်ကောင် အဖြင့် သန့်ရှင်းခြင်း အမှုကိုပါ တစ်ခါတည်း ဆောင်ရွက် ခဲ့ပါသည်။ ပိလမင်းရှေ့ နှင့် ပရိတ်သပ် အားလုံး ရှေ့မှာ ဘာမျှ မပြောတော့ဘဲ သိုးသငယ်လို တိတ်ဆိတ် ညိမ်သက်လျှက် ရှိနေခဲ့၏။ ထို့နောက် ယဇ်ကောင်တစ် ကိုသတ်ပြီး တစ်ကောင်ကို လွှတ်ခဲ့ရသော ဓမ္မဟောင်းကျမ်း ကိုပြည့်စုံ စေခြင်းဌာ အကျဉ်းသား ဗာရဗ္ဗကို လွှတ် ငြိမ်းချမ်းသာ ပေးခဲ့၏။ ဤသည်မှာ ယေရှုသည် လူသားများ အတွက် အပြစ်ဖြေရာ ယဇ်ကို တစ်ခါတည်းဖြင့် ထာဝရ ပြီးပြည့်စုံ အောင် ဆောင်ရွက် ခဲ့ပါသည်။ သကေနေပွဲ/၃၃ တဖန် မောရှေအား ထာဝရ ဘုရားက၊ သင်သည် ဣသရေလ အမျိုးသားတို့ အား ဆင့်ဆို ရမည်မှာ။ ၃၄ သင်တို့သည် သတ္တမလ ဆယ်ငါးရက် နေ့မှ စ၍ ခုနစ် ရက်ပတ်လုံး ထာဝရ ဘုရားဘို့ သကေနေ ပွဲကို ခံရကြမည်။ 

ဝတ်ပြုရာကျမ်း ၂၃း၃၃-၃၄ သကေနေ ပွဲဆို သည်မှာ ဣသရေလ 
လူမျိုးများ နှစ် ၄၀ တောတွင်း နေထိုင်ခဲ့သော တဲပုံစံကို ဆောက်လုပ်ပြီး ထာဝရ ဘုရား၏ အကွယ် အကာနှင့် ကျေးဇူးတော်ကိုပြန် လည်ရေတွက်သည့် အောက်မေ့ဖွယ် နှင့် ချီးမွမ်းခြင်းအစီ စဉ်ဖြစ် သည်။ သကေနေ တဲငယ်ကို သစ်ကိုင်း များဖြင့် တည်ဆောက်ပြီး အမိုး ကိုလည်း သစ်ကိုင်း သစ်ရွက် များဖြင့် ဆောက်ရ ပါသည်။ မိုးရွာလျှင် မိုးစိုပြီး ညဖက်တွင် ကြယ်လ များကို တွေ့မြင် ရပါသည်။ အီဂျစ် လက်အောက် ကျွန် ဘ၀မှ လွတ်မြောက်ပြီး တောထဲတွင် နေခဲ့ရသော သမိုင်းကို သတိရ သော အနေဖြင့် ဂျုး လူမျိုးများ ယနေ့ တိုင်ကျင်း ပလျှက်ရှိ နေပါသည်။ ၂၀၁၅ သကေန ပွဲသည် စက်တင်ဘာ ၂၇ တနင်္ဂနွေ ညနေမှ အောက်တို ဘာလ ၄ရက် တနင်္ဂနွေ ညနေထိ ဖြစ်သည်။ သမ္မာ ကျမ်းစာ ပြက္ခဒိန် သို့မဟုတ် ဣသရေလ (အစ္စရေး) ပြက္ခဒိန် အရ ယခု လက်ရှိ အချိန် (၂၀၁၅) သည် ၇ကြိမ် မြောက် ရှီမီတာ နှစ်နှင့် အတူ နှစ် ၅၀ ယုဘိလ နှစ်သို့ ကျရောတ် တော့မည် ဖြစ်သည်။ ၇ကြိမ် မြောက် ရှီမီတာနှစ် သည် ၂၅ စက်တင် ဘာ၂၀၁၄ မှ ၁၃ စက်တင်ဘာ ၂၀၁၅ ဖြစ်ပါသည်။ ဤနှစ် ကာလ အပိုင်း ခြားတွင် ထူခြားမှု များစု နေပါသည်။ 

၂၀၁၄ ရှီမီတာ နှစ် မ၀င်ခင် ပဿခါပွဲနေ့ (April 2014) တွင် လသည် သွေးနှင့် ပြည့်နေသော အရောင် (Blood moon) ဖြစ်ခဲ့ပြီး ဤ ရှီမီတာ နှစ်အထွက် ယုဘိလနှစ် အတွင်းရှိသော သကေနေ ပွဲနေ့ (Sukkot) တွင် သွေးနှင့် ပြည့် သောလ ဖြစ်ပေါ်မည်။ ဒိပြင် ၇ကြိမ်မြောက် ရှီမီတာ နှစ်အတွင်း သကေနေပွဲ ကျရောက်သော နေ့နှင့် ပဿခါနေ့တွင် သွေးဖြင့် ပြည့်သောလ နှစ်ကြိမ် ဖြစ်ပေါ် ခဲ့ပြီး ဖြစ်သည်။ ဤကဲ့သို့ သွေးလ ၄ခါဆက် တိုက်တွင် နေ၂ခါ ကြတ်သော ဖြစ်စဉ်တွင် နှစ် ၂၀၀၀ တွင်း မရှိခဲ့။ ယခုစာ ရေးနေသည့် ချိန်ထိ သွေးလ ၃ကြိမ်နှင့် နေကြတ်ခြင်း တစ်ကြိမ် ဖြစ် ပေါ်ခဲ့ပြီး နောက်ထပ် နေကြတ်ခြင်း ၁ကြိမ်နှင့် သွေးလ ၁ကြိမ် ၂၀၁၅ စက်တင်ဘာ ၂၈ တွင် ဖြစ်ပေါ် ပါသည်။ ကမ္ဘာ့သမိုင်း၊ မြန်မာ သမိုင်း မှတ်တမ်း များကို သမ္မာ ကျမ်းစာ ထဲမှ ရှီမီတာ နှစ်များနှင့် ယှဉ်ကြည့်သော် ထူးခြားဖြစ် စဉ်များ စွာ တွေ့ရ၏။ အောက်တွင် ဖေါ်ပြ ထားသော အချက် အလက် များကို လေ့လာ ကြည့်ပါ။ တိုက်ဆိုင်မှု ဟုတ်မ ဟုတ်စာ ဖတ်သူ ဘဲဆုံး ဖြတ်ပါ။ ရှီမီတာနှစ် ထူးခြားဖြစ်စဉ်များ 1916-1917 ပထမ ကမ္ဘာစစ်ဖြစ်၊ နှစ်ဖက် စစ်သည် ပေါင်း ၉သန်း ကျော်နှင့် အရပ်သား ၇သန်း ကျော် သေ ဆုံးခဲ့။ ဂျာမဏီ၊ ရုရှား၊ အော တိုမန်၊ အော်စထရို- ဟန်ဂေရီ အင်ပါ ယာရှုံးနိမ့်။ 1923-1924 အော်တိုမန် အင်ပါယာ လုံးဝ ကျဆုံးပြီး တူရကီနိုင်ငံဖြစ်ပေါ်လာ။ တိုကျို၊ ယိုကို ဟားမား တွင် ၇.၉ ပြင်းအား ငလျှင်လှုပ်၊ လူ၁၄၂ ၀၀၀ သေဆုံး။ 

1930-1931 တူရကီ- ဂရိချစ် ကြည်ရေး လက်မှတ် ရေးထိုး။ Bank of United State အမေရိကဘဏ်ငွေကြေး ဆုံးရှုံးမှု ကြောင့်ပိတ်လိုက်ရ၊ ဝေါစထရိစတော့ ဈေးကွက် ပြိုကျ (၁၉၂၉ အောက်တိုဘာ) နယူးဇီလန်၊ နီဂါရာ ဂွာငလျှင်၊ ဂျပန် တပ်မန်ချုးရီးရား တောင် ပိုင်း ကိုသိမ်းပိုက်။ 
1937-1938 အမေရိကန်နိုင်ငံစီးပွါးရေးကျ၊ ဂျုးလူမျိုး နှိပ်ကွပ်ရေး ဥပဒေအီတလီ တွင်ပြဌန်း၊ အာရှနှင့် ပစိဖိတ်ကို လွှမ်းမိုး ရန်ဂျပန် ကြိုးပမ်း၊ ဒုတိယ ကမ္ဘာစစ် (၁၉၃၉-၁၉၄၅)၊ 1944-1945 ဂျပန် အနူမြူဗုံး ကျဲခံရပြီး ဒုတိယ ကမ္ဘာစစ် ပြီးဆုံး။ မြန်မာနိုင်ငံဒုတိယကမ္ဘာစစ်ဒဏ်ခံခဲ့ရ။ 
1951-1952 ကိုရီးယားစစ်ပွဲ(၁၉၅၀-၁၉၅၃)၊ နိုင်ငံပေါင်း၄၈နိုင်ငံနှင့်ဂျပန်ငြိမ်းချမ်းရေးလက်မှတ်ထိုး။ 
1958-1959 ဖဆပလပြိုကွဲခြင်းကြောင့်ဝန်ကြီးချုပ်ဦးနုမှ ဗိုလ်ချုပ်နေ၀င်းအားတိုင်းပြည်ခေတ္တထိမ်းရန် လွှဲပြောင်းပေး။ ဆိုဗီယက်ပြည်ထောင်စုမှနျှူကလီးယားလက်နက်ပိုင်ဆိုင်လာ။ 1965-1966 အမေရိကန်အကြွေးဝယ်စနစ်ပြဿနာ၊ငွေတန်ဖိုးကျပြီးစီးပွါးရေးထိုးကျ။ 1972-1973 သန္ဓေသား/ကိုယ်ဝန်ဖျက်ချခြင်းကို အမေရိကန်မှာတရားဝင်ခွင့်ပြု၊ ဗီယက်နမ်ကိုစစ်ရှုံး။ ကမ္ဘာ ငွေကြေးပြဿနာဖြစ်။ 1979-1980 အမေရိကန်ငွေစုငွေချေးပြသာနာစတင်-၁၀နှစ်ကြာခဲ့။ 
 1986-1887ဆိုဗီယက်ပြည်ထောင်စုချာနိုလိုင်းနျူကလီးယား
ဓါတ်ပေါင်းဖိုပေါက်ကွဲ၊ စတော့ရှယ်ယာဈေးကွက်ထိုးကျ ။မြန်မာနိုင်ငံငွေကြေးပြဿာနာ၊ စက်တင်ဘာ ၅ ရက်တွင် ၂၅ ကျပ်တန်သိမ်း၊ နိုင်ငံရေးပြဿနာဆက်တိုက်ဖြစ် ၈၈ အရေးခင်းဆက်ဖြစ်။ 
 
1993-1994 မက္ကစီကိုငွေကြေးပြဿနာ၊ 2000-2001 အမေရိကန်ဝေါထရိတ်စင်တာတိုက်ခိုက်ခံပြီးပြိုကျ၊ စတော့ရှယ်ယာအဆိုးဝါးဆုံးထိုးကျ၊ အမေရိကန်နှင့်တာလီဘန်စစ်ဖြစ်။ 2007-2008 ကမ္ဘာငွေကြေးပြဿနာဖြစ်၊ စီးပွါးကျ၊ မြန်မာနိုင်ငံသို့နာဂစ်မုန်တိုင်းဝင်ခဲ့။ 2014-2015 လိင်တူထိမ်းမြားခွင့်ကိုအမေရိကန်တွင်တရားဝင်ခွင့်ပြု။ ဘာသာရေးအစွန်းရောက်အကြမ်းဖက်လူသတ်ပွဲများဖြစ်လျှက်ရှိ၊ ဆီးရီးယားပြည်တွင်းစစ်၊ အီရတ်စစ်ပွဲ၊ ISIS၊ အီရန်နျူကလီး ယားအရေး၊နိုင်ငံများစွာမှပြည်တွင်း နိုင်ငံရေးပြဿနာများ၊ သဘာဝဘေးအန္တာရယ်များ၊ ရသီဥတုအ ပြောင်းအလဲများ။ ??? 

ကမ္ဘာ့သမိုင်း ဖြစ်စဉ်နှင့်လက်ရှိ ကမ္ဘာ့ဖြစ်ရပ် များသည် သမ္မာ ကျမ်းစာ ထဲတွင် နှစ်ပေါင်း များစွာမှ ကြိုတင် ရေးသား ထားသည်မှာ အသက်ရှင် နေသော နှုတ်ကပတ်တော် ၏ သက်သေ ဖြစ်သည်။ ဗျာဒိတ် ကျမ်းတွင် ဖေါ်ပြ ထားသော ပထမ တံပိုး မှုတ်ခြင်းသည် ပထမ ကမ္ဘာစစ်၊ ဒုတိယ တံပိုးသည် ဒုတိယ ကမ္ဘာစစ်၊ တတိယ တံပိုးသည် ယခင် ဆိုဗီယက် ပြည်ထောင်စု ရှိ ချာနိုလိုင်း နျူကလီးယား ဓါတ်ပေါင်းဖို ပေါက်ကွဲခြင်း၊ စတုထ္ထ တံပိုး မှုတ်ခြင်း သည် ပင်နာတူပို မီးတောင် ပေါက် ကွဲခြင်းဖြစ်၊ ပဉ္စမ တံပိုးသည် ပင်လယ်ကွေ့ စစ်ပွဲနှင့် ဆဒ္ဒ ဟူစိန်ကျဆုံး ခန်းဖြစ်၏။ ISIS အကြမ်းဖက်အဖွဲ့၊ အရှေ့လယ်ပိုင်းပြဿနာဖြစ်သော ဆီရီးယား၊ အီရတ်၊ အီရန် နျူကလီးယား နှင့် နိုင်ငံရေး ခြေလှမ်း၊ တူရကီ နိုင်ငံရေး ခြေလှမ်းများ၊ ISIS အကြမ်းဖက် အဖွဲ့၊ အခြား သော အကြမ်း ဖက်များ အဖွဲ့၏ လုပ်ရပ်များ သည် ဆဌမ တံပိုး ဖေါ်ပြခြင်းများ အတိုင်း ဖြစ်နေ၏။ 

ဒိပြင် အခြား နိုင်ငံ ကြီးများ၏ နိုင်ငံရေး ခြေလှမ်း နှင့် စစ်ရေး တည်ဆောက်မှု များသည် နောက်ဆုံး စစ်ပွဲဖြစ်သော အာမေဂဒုံစစ်ပွဲတွက် အဆင်သင့် ဖြစ်လျှက် ရှိကြောင်း သက် သေပြ နေ၏။ မေးခွန်း တစ်ခုမှာ ဤအဖြစ် အပျက် များကို သမ္မာကျမ်းစာ ထဲတွင် နှစ်ပေါင်း ထောင်ချီ ကြို တင်ရေး ထားသည့် ဘုရား သခင်၏ ရည်ရွယ်ချက် က အဘယ်ကြောင့် နည်း။ အဖြေမှာ ဘုရား သခင်သည် တရား မျှတသော ဘုရား၊ သန့်ရှင်းသော ဘုရားဖြစ်သည့် အားလျှော်စွာ သူလာမည့် အချိန်တွင် သူ့ သားသမီးများ အဆင်သင့်ဖြစ်နေ စေရန် ရည်ရွယ် ထား၏။ လူသား များ၏ ရွေးချယ် ခွင့်သည် လူ့လောက အသက်ရှင် စဉ်ကာလ နှင့် ဘုရား သခင် မလာခင် အချိန်များတွင်သာရှိသည်။ 

ထိုအချိန်နောက်တွင်လူသားများရွေးချယ်ခွင့်မရှိတော့။ အဘယ်ကြောင့် ဆိုသော ထိုဘုရားသည် ဘုရား တကာ ဘုရား (ဒံယေလ ၂း၄၇)၊ ဘုရင် တကာ ဘုရင်၊ အရှင်တကာ အရှင် (ဗျာဒိတ် ၁၉း၁၆)ဖြစ် သော ကမ္ဘာပေါ်ရှိ လူမျိုး တိုင်း၏ ဘုရားဖြစ်၏။ အသက်ရှင်သော ဘုရားလည်း ဖြစ်သောကြောင့် သူ့ကို ခေါ်သော သူတိုင်းကို ထူးလေ့ရှိ၏။ ထို အသက်ရှင် သော ဘုရားသည် ခရစ်ယာန် များနှင့် သာဆိုင်သော ဘုရား မဟုတ်။ လူမျိုး တိုင်းနှင့် ဆိုင်သော ဘုရားဖြစ်၏။ ထိုအသက် ရှင်သော ဘုရားကို လူတိုင်း စမ်းသပ် နိုင်၏။ မိတ်ဆွေ ဆိုးယုတ်သော နောက်ဆုံးသော အချိန်ကာလတွက် အဆင်သင့် ဖြစ်ပြီလား။ ခရစ်တော်၏ ဒုတိယကြိမ် ပြန်လာခြင်းသည် ခရစ်ယာန် များကို လာခေါ်ခြင်း မဟုတ်ပါ။ 

ဒုတိယကြိမ် ကြွလာ ခြင်းသည် ဘုရား သခင်သည် သူ၏ သားသမီးများကို လာရောက် သိမ်း ယူခြင်း ဖြစ်သည်။ ခရစ်တော်၏ သားသမီး များကို မည်သို့ သတ်မှတ်နိုင် သနည်း။ ရောမ ၈း၁၀ အရ “ခရစ်တော်၏ ဝိညာဉ်ကို မရသော သူမည် သည် ကား ခရစ်တော်နှင့် မဆိုင်။ ” ခရစ်တော်၏ ၀ိညာဉ် ဖြစ်သော သန့်ရှင်းသော ၀ိညာဉ်တော် သင့် အထဲတွင် ရှိရန် လိုပါသည်။ ယေရှုသည် သင့် နှလုံးသား တံခါးကို နေ့စဉ် ခေါက်လျှက် ရှိနေပါသည်။ 
ပထမ တဆင့် အနေဖြင့် သူ့ကို လက်ခံ နေရာ ပေးရန်လို၏။ 
 ဒုတိယ အဆင့်အနေ ဖြင့် မိမိ၏ စိတ်ဝိညာဉ်ကို သူ့စိတ်တိုင်းကျ ပြုပြင်သန့်ရှင်း စေပြီး အပြည့် အ၀ အုပ်စိုးခွင့်ပေးမှ ထိုအသက်ရှင် သော ဘုရား၏ စိတ် ၀ိညာဉ်သည် သင့်အထဲတွင် ပြည့်ဝစွာ လှုပ်ရှား နိုင်၏။ 

ကြမ်းတမ်း ဆိုးယုတ် လှသော ဤ နောက်ဆုံး သော အချိန် ကာလကို သင့် ခွန်အားဖြင့် ကျော်ဖြတ် ပါက မဖြစ်နိုင်ပါ။ ယေရှုနှင့် ကျော်ဖြတ်မှသေချာ၏။ ရှင်မဿဲ ၂၅ ထဲတွင် ဖေါ်ပြ ထားသော သတို့ သမီး ၁၀ယောက် သည် ခရစ်ယာန် များကို ပြောထားသော ကျမ်းညွန်းးဖြစ်၏။ ဆီမရှိသော သတို့သမီး ၅ယောက်သည် ယေရှု၏ ညင်းပယ်ခြင်းကို ခံရပြီး ကျန်ရစ်ခဲ့၏။ ဆီသည် သန့်ရှင်းသော ၀ိညာဉ်တော်ကို ပုံဆောင် ၏။ မိတ်ဆွေ… သန့်ရှင်းသော ၀ိညာဉ်တော် ကို မညင်းပယ် မိပါစေနှင့်။ ဘုရားသခင်၏ကယ်တင်ခြင်းဆုကျေးဇူးအားလုံးကို သိရှိရယူနိုင်ပါစေ။Ko-ဒီးဒီ