ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

August 31, 2015

(ထိုအချိန်နာရီလို.ပဲပြောတယ်--ထိုနှစ်လို.မပြောဘူး)


( ဟောရှေ-၆း၂) နှစ်ရက်လွန်ပြီးမှ ငါတို့ကိုအသက်ရှင်စေ၍၊သုံးရက်မြောက်သောနေ့၌ ထမြောက်စေတော်မူသဖြင့်၊ အထံတော်၌ ငါတို့သည်အသက်ရှင်ကြလိမ့်မည်။ ဂျူးပြက္ခဒိန်ရေတွက်ပုံအရ 
တရက်သည် နှစ်တထောင် ဖြစ်ပြီး၊ နှစ်ရက်လွန်ပြီး လို.ပြောသည်
.အတွက် အနှစ်၂၀၀၀ လွန်ပြီးမှ ပြောခြင်းဖြစ်ကြောင်းကို နားလည်ရသည်။ (ထိုအချိန်မပြည်.စုံမည်တိုင်အောင်)လို. လုကာမှာပြောပါတယ်။ 

-လုကာ၊၁၃း၃၄ အိုယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ သင်သည်ပရောဖက် တို့ကိုသတ်မြဲရှိ၏။သင်ရှိရာသို့ စေလွှတ်သောသူ တို့ကိုလည်းကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မသည်မိမိသားငယ်တို့ကို အတောင်အောက်၌ စုရုံး သကဲ့သို့ သင်၏ သားတို့ကို စုရုံးစေခြင်းငှါ ကြိမ်ဖန်များစွာငါအလိုရှိ၏။ သင်မူကား အလိုမရှိ။ -လု၊၂၁း၂၄၊သူတို့သည်၊ထားဘေးဖြင့်ပျက်ဆီးခြင်း
သို့ရောက်ကြလိမ့်မည်။ အခြားသောပြည်အရပ်ရပ်သို့ ဘမ်းသွားကြလိမ့်မည်။ 

တပါးအမျိုးသား တို့သည် မိမိတို့အချိန်ကာလမပြည့်စုံမည်
တိုင်အောင် ယေရှုရှလင်မြို့ကို ခြေနှင့်နင်းကြ လိမ့်မည်။ 
(၁၉၄၈ခုနှစ်တွင် တကမ္ဘာလုံးပြန်.ကြဲနေသော အစ္စရေးလူမျိုးစုရုံးပြီး နိုင်ငံပြန်လည် တည်ထောင်ပြီဆိုတာကို အားလုံးသိပြီးဖြစ်သည်) -မာကု၁၃း၃၂၊မာသဲ၊၂၄း၃၆-(ထိုအချိန်နာရီကိုကား၊
ခမည်းတော်မှတပါး အဘယ်သူမျှမသိ။

(That day or hour)လို.ပြောပါတယ်။That year ထိုနှစ်-လို.မပြောသည်.အတွက် ၂၀၀၀ ပြီးမှ ပြန်လာမယ်
-နေ.ရက်အချိန် အတိကျသာသိရင် ငရဲသွားမဲ.ဦးရေပိုများမယ်ဆိုတာကိုယ်တော်ကြိုသိတယ်။
 ယေရှု က အဲဒီစကားကို ပြောသည်.အချိန်သည် သူလည်း 
လူသားစင်စစ် ဖြစ်သောကြောင်.လူ.အတွေး၊လူ.အကြံ စည်ဖြင်.မသိနိုင်ခြင်းကို ပြောပါသည်။ ယ္ခုအချိန်မှာတော-သူ-ဘယ်တော.ပြန်လာမယ်.အချိန်ကိုသိလောက်ပြီ။ 
စိတ်ဆွေ-အစဉ်သင်.ဖြစ်ပြီး၊ထိုသတင်းကို 
လူတွေပြောပြဖို.တာဝန်မမေ.နဲ.

(ဘယ်သိပ္ပံပညာရှင်မှနားမလည်နိုင်သည်.Rapture တပြိုင်နက်ဖြစ်ခြင်း)


တနိုင်ငံနှင်.တနိုင်ငံ နေ.နဲ.ည မတူ၊နေဝင်ချိန်၊မိုးလင်းချိန်လည်းမတူပါ။ မြန်မာပြည်၌ ၇နာ၇ီမိုးချုပ်သော်လဲ ဥရောတွင် ည၁၀နာ၇ီနေမဝင်သေး။ ရုရှားတွင်တနှစ်လုံးနီးပါး ရေခဲဖုံးသော်လည်း အာဖရိကတွင် ရေခဲမပြောနဲ. ၊

 သုံးနှစ်လုံး မိုးပင်မရွာခဲ.။ထိုသို.ဥတုရာသီခြား သကဲ.သို. တောပန်းပင်များလည်း ကွဲပြားပြီး လူတွေရဲ.ခံစားချက်၊အစားသောက်၊ ရှူရသောလေချင်းလဲ မတူတော.ပါ။ တကမ္ဘာလုံးတပြိုင်နက်
မိုးရွာပေးခဲ.သော် ရေဖုံးလွမ်းမည်၊ရေခဲလွှမ်းခြုံ ပေးသော် အေးခဲ၍ သေကုန်မည်။ နေပူပေးသော် လောင်ကျွမ်းကုန်မည်၊ ထို.အတွက်ကြောင်. ကမ္ဘာကြီးတခုလုံးကို မတူကွဲပြားသောအကျိုး
သက်ရောက်စေခြင်းသည် ကောင်းကင် အဖ၏ ကြီးမားသောမဟာမေတ္တာတော်ပင်ဖြစ်သည်။

 (ငြီးတွားစရာလုံးဝမရှိပါ) သို.သော် ယနေ.တိုးတက်လှ၊တော်လှပြီ
ဟုပြော ဆိုနေသည်. သိပ္ပံပညာရှင်ကြီးများ၏ တထွာတမိုက်ဦးနှောက်ဖြင်.ကြံစည်၍ မရတော.သည်.
အချက်မူကား- တခါမှမဖြစ်ဘူးသေး၊နောင်လည်း မဖြစ်မည်. ချီဆောင်ခြင်း(Rapture)ပင်တည်း။

 တနိုင်ငံပြီးမှတနိုင်ငံမဟုတ်၊တဆက်တည်းလည်း မဖြစ်၊
တပြိုက်နက်တည်း၊ တချိန်တည်ုးဖြစ်မည်.အရာကိုမူ
သပ္ပံပညာရှင်များက လက်တွေ.ပြစရာသက်သေမရှိသေး၍
လက်ခံရန် အလွန်ခက်ခဲနေသော်လည်း အဘယ်သူငြင်းဝံ.မည်နည်း။

 (ငါတို.မူကားးးးသက်သေအထောက် အထားရှိသည်-ဟာလေလုယား) (ဘုရားသား၊သမီးများ-သိပ္ပံအတတ်က မသိနိုင်သောအရာကို သိခွင်.ရှိတယ်) `ဤကမ္ဘာမတည်သော်လည်း ငါ.စကားတည်မည်’ဟုမိန်.တော်မူ၏။ (မာသဲ၂၄) နှင်.လုကာ၁၇ ရှိ ဖေါ်ပြချက်သည် ငါတို.၏ သက်သေဖြစ်ပါသည်။ -ထိုနေ့ညဥ့်တွင် အိပ်ယာတခု၌ ရှိသောသူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်း ယူ၍တယောက်မူကား နေရစ်ရလတံ့။

 ကြိတ်ဆုံကြိတ်သောသူနှစ်ယောက်တို့တွင် တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။ လယ်၌ရှိသောသူနှစ် ယောက်တို့တွင်၊ တယောက်ကိုသိမ်းယူ၍ တယောက်မူကား နေရစ်ရလတံ့။ -အိပ်ယာတခု၌ရှိသူနှစ်ယောက်= (တချို.နိုင်ငံအတွက် ညအချိန်ဖြစ်မည်) -ကြိတ်ဆုံကြိတ်သောနှစ်ယောက်= (တချို.နိုင်ငံအတွက် နံနက်ခင်းဖြစ်လိမ်.မည်) -လယ်၌ရှိသောသူနှစ်ယောက်= (တချို.နိုင်ငံအတွက် နေ.ခင်းဖြစ်လိမ်.မည်) အထက်ပါ ကျမ်းချက်ကြောင်.၊တပြိုင်နက်တည်း “At the same time” ဖြစ်မည်. အကြောင်း ရဲဝံ.ပြတ်သားစွာ သက်သေခံအပ်ပါသည်။Amen.....!!.
 (To God be the glory.... ထိုဘုရားရှင် ဘုန်းကြီးပါစေ)
!!--ငါသည် သင်တို့ကို အကျိုးနည်းစေခြင်းငှါ၊ 
!!--ကြံစည်သော အကြံမဟုတ်ဘဲ၊ သင်တို့သည် 
!!-- မြော်လင့်သောအကျိုးကိုရမည်အကြောင်း၊ 
!!--ငြိမ်ဝပ်စေခြင်းငှါသာ၊သင်တို့အဘို့ 
!!--ကြံစည်သောအကြံတို့ကိုငါသိ၏။
-ယေရမိ၊၂၉း၁၁၊

(သင်၏နောက်ဆုံးသောမိုးရွာသွန်းချိန်)

 !!-သင်တို့သည်လည်း-သည်းခံလျက်စောင့်နေကြလော့။
!!-ကိုယ်စိတ် နှလုံးကို မြဲမြံစေကြလော့။ !!-သခင်ဘုရားကြွလာတော်မူသော
အချိန်ရောက်လုနီးပြီ(ယာ-၅း၈)
(This is Our Time Of The LATER RAIN) 

August 26, 2015

!!သတိမပေးလျှင် ထိုသူအသက်ကို ကင်းစောင်.၌ငါတောင်းမည်!!

*အချင်းလူသား သင်၏ အမျိုးသား ချင်းတို့အား ဟောပြော၍ ဆင့်ဆိုရမည်မှာ-ငါသည်တစုံတခုသောပြည်သို့ထားဘေး ရောက်စေသောအခါ၊ ပြည်သားတို့သည် ပြည်သားတယောက်ကို ယူ၍ကင်းစောင့်ထားပြီးမှ၊ထိုသူသည်ထားဘေးရောက်သည်ကိုမြင်လျက် တံပိုးမှုတ်၍ သတိပေးသော်လည်း၊တစုံတယောက်သောသူသည်
တံပိုး မှုတ်သံကိုကြားလျက်နှင့်အမှုမထား သောကြောင့်၊ကိုယ့်အသက်ဆုံးသော
အပြစ်ကိုကိုယ်တိုင်ခံရမည်၊၊

အမှုထားသောသူမူကားကိုယ့်အသက်ကို ကယ်တင်လိမ့်မည်။သို့မဟုတ်ကင်းစောင့်ထားသောသူသည်
ထားဘေး -ရောက်ကြောင်းမြင်လျက်တံပိုးမမှုတ်၊ ပြည်သားတို့အားသတိမပေးသောကြောင့် ထားဘေးရောက်၍တစုံတယောက်သောသူအသက်ဆုံးလျှင်၊
ထိုသူသည် မိမိအပြစ်ကြောင့် အသက်ဆုံးသော်လည်း၊
သူ၏အသက်ကို ကင်းစောင့်သောသူ၌ငါတောင်းမည်၊ထိုအတူ-အချင်းလူသား၊သင့်ကို ဣသရေလအမျိုး၌
ကင်းစောင့်စေခြင်းငှါငါခန့်
ထားသောကြောင့်၊ သင်သည်ငါ၏

နှုတ်ထွက်စကားကိုနာခံ၍သူတို့ကိုသတိပေးရမည်။ ငါသည်လူဆိုးအား၊အိုလူဆိုး၊အကယ်စင်စစ်သင်သည်အသေခံရမည်ဟု ဆိုသောအခါ ဆိုးသောသူကိုသူ၏လမ်းမှလွှဲစေခြင်းငှါ
သင်သည် သတိမပေးလျှင်၊ထိုလူဆိုးသည် မိမိအပြစ်ကြောင့်
အသက်ဆုံး လိမ့်မည်။ သို့ရာတွင်၊သူ၏အသက်ကို
သင်၌ငါတောင်းမည်။

သို့မဟုတ်လူဆိုးကို သူ၏လမ်းမှလွှဲစေခြင်းငှါသင်သည်
သတိပေး၍သူသည်မလွှဲဘဲနေလျှင်၊ မိမိအပြစ်ကြောင့်အသက်ဆုံး သော်လည်းသင်သည်ကိုယ်အသက်ကို ကယ်တင်ပြီ။ယေဇကျေလ(၃၃:၂-၉)မာကု၊၁၃း၃၃။
ထိုအချိန်ကာလသည် အဘယ်အခါ၌ရောက်မည်ကို သင်တို့ မသိသောကြောင့်၊ သတိပြု၍ ဆုတောင်းလျက် စောင့်နေကြလော့။

စိတ်နှလုံး သန်.ရှင်းခြင်းဆိုတာ


ဤကျမ်းချက်သည်ခရစ်တော်
ကိုယ်တိုင်ပြောသည်. စကားဖြစ်သည်။
စိတ်နှလုံး၊ သန်.ရှင်းစင်ကြယ်ဖို.ရာ
နုတ်ကပတ်တော်ရေဖြင်. ဆေးကြောမှသာ
စင်ကြယ်ခြင်းသို. ရောက်နိုင်မည်ဖြစ်သည်။
 ယေရှုခရစ်လုံးဝမရှိသော အရာသည်
မုန်းတီးခြင်းဖြစ်သကဲ.သို ယေရှုခရစ်လုံးဝ
မသိသောအရာသည် အပြစ်လုပ်ခြင်းဖြစ်သည်။
ထို.ကြောင်. စိတ်နှလုံးသန်.ရှင်းစင်ကြယ်ခြင်းသည်
ကိုယ်ခန္ဒာအပြင် သန်.ရှင်းခြင်းမဟုတ်ပဲ အတွင်းသန်.ရှင်းခြင်းကို ဆိုလိုပါသည်။ ယေရှုကို ကယ်တင်ရှင်အဖြစ်လက်ခံသောသူသည် ယေရှု၌ရှိသောသူဖြစ်သောကြောင်. ထိုယေရှုခရစ်၏ စိတ်သဘောထားဖြစ်သော သန်.ရှင်းခြင်း ရှိရန်လိုအပ်ပါသည်။

August 25, 2015

H O P E မျော်လင်.ခြင်း


တောင်အာဖရိက၏ စစ်အစိုးရကို ဆန့်ကျင်ခဲ့သူ နယ်ဆင်မင်ဒဲလား သည် ရာစုနှစ် ၃ ခုခန့်မျှ အကျဉ်းကျခံခဲ့ရသည်။ ယနေ့အချိန်တွင် သူ့အကြောင်းကို ကိုးကားညွှန်းဆို ပြောကြသော်လည်း သူထောင်ကျနေချိန်က ဂယက်ရိုက်မှာစိုး၍ သူ့စကားများကို ကိုးကားခွင့်မရခဲ့ပါ။ 
သူထောင်မှ ပြန်လွှတ်ပြီး ၁၀ နှစ် အကြာ တွင် သူက
 “ကျွန်တော်က စကားကို ဘယ်တော့မှလွယ်လွယ်၊ ပေါ့ပျက်ပျက်ပြောလေ့မရှိပါဘူး။

 ထောင်ဒဏ် ၂၇ နှစ်ဆိုတဲ့ အရာက ကျုပ်တို့ကို ဘာမှမလုပ်နိုင်ဘူး
ဆိုရင် ဒီလို ဆိတ်ဆိတ်နေခြင်းအားဖြင့် စကားလုံးတွေဟာ 
ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ နားလည်စေတယ်။ 
လူတွေရဲ့ ဘ၀မှာ ဒီစကားနဲ့ အသက်ရှင်တယ်၊ ဒီစကားကြောင့် အသေခံတယ် ဆိုတဲ့ သက်ရောက်မှုကို တကယ့်စကား/ 
တကယ့်မိန့်ခွန်း တွေက ဖြစ်စေတယ်ဆိုတာ နားလည်အောင် 
အသုံးချ ရတယ်” ဟု ပြောခဲ့သည်။ 

ဓမ္မဟောင်းကျမ်းမှ သုတ္တံကျမ်းအများစုကို ရေးသားခဲ့သူ ရှောလမုန်မင်းကြီးက စကားလုံး၏အစွမ်းကို မကြာခဏ ရေးသားခဲ့သည်။ “လျှာသည် အသက်သေခြင်းနှင့် ရှင်ခြင်းကို အစိုးရ၏”(သု ၁၈း၂၁)။ 
စကားလုံးများက အပြုသဘော အကျိုးကျေးဇူးကို
 ဆောင်ကြဉ်းပေးမည့် ကောင်းမွန်သောစကားများ 
ဟုတ်/မဟုတ် မည်သို့ သေချာစေ မည်နည်း။ 

တစ်ခုတည်းသောနည်းလမ်းမှာ မိမိ စိတ်နှလုံးကို အားထုတ်၍ 
ထိန်းသိမ်း စောင့်ရှောက်ရန် ဖြစ်သည်။ “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် သင်၏နှလုံးကို 
အထူးသဖြင့် စောင့်ရှောက်လော့”(သု ၄း၂၃) အခြေအနေ
တစ်ရပ်ရပ်တွင် ကျွန်ုပ်တို့၏စကားများသည် အကောင်းဆုံး၊ 
အရိုးသားဆုံး၊ အငြိမ်ဝပ်ဆုံး၊ အဆီလျော် အသင့်တော်ဆုံးဖြစ်အောင် သခင်ယေရှုက ကျွန်ုပ်တို့၏ စိတ်နှလုံးကို ပြောင်းလဲပေးနိုင်ပါသည်။

အကြောင်းမလှသည်.အခါ


အကြောင်းမလှ မှုများကြုံရ လျှင် လူများစွာတို့ပထမဆုံး 
ကိုးကားသည့် ကျမ်း ပိုဒ်မှာ ရော၈း၂၈ ဖြစ်သည်။ “ဘုရားသခင်ကိုချစ်သောသူတည်း ဟူသောကြံစည်တော်မူခြင်းအတိုင်းခေါ်တော် မူသော
သူတို့၏ အကျိုးကို ခပ်သိမ်းသောအရာ တို့သည် တစ်ညီတစ်ညွတ်တည်းပြုစုကြ သည်ကို ငါတို့သိကြ၏။”
 သို့သော် လက်တွေ့ကြုံရချိန်တွင် ၎င်းအချက်ကို 
ခံယူရန် ခက်လှသည်။

တစ်ခါကတတိယသား ဆုံးပါးသွားသည့် ဖခင် တစ်ဦးနှင့် ကျွန်တော်အတူထိုင်၍ သူ့ညည်းတွားမှုကို နားထောင်ပေး ခဲ့ဖူးသည်။“ဒီဝမ်းနည်းစရာအဖြစ်ကဘယ်လိုလုပ်ပြီး 
ကျုပ် အတွက် ကောင်း ကျိုးဖြစ်မှာလဲ”ဟု သူက ဆိုသည်။ ကျွန်တော်၌အဖြေမရှိပါ။ ငြိမ်ဝပ်စွာထိုင်လျက် သူနှင့်အတူ ၀မ်းနည်းခံစားပေးခဲ့သည်။ 

လပေါင်း များစွာကြာပြီးနောက် သူက “ကျုပ်ရဲ့ကြေကွဲမှုက ကျုပ်ကို 
ဘုရားနဲ့ နီးစေတယ်”ဟု ပြောရင်းကျေးဇူးတော်ချီးမွမ်းသည်။ရောမ ၈း၃၂ ကျမ်းပိုဒ်ကို နားလည်ရန် ခက်ငြားလည်း ၎င်းသည် မှန်ကန်ကြောင်း မရေတွက်နိုင်သောသက်သေခံချက်ပေါင်းများစွာက 
အထူးဖော်ပြနေ သည်။ဓမ္မသီချင်း ရေးသားသူ ဖဲန်နီ 
ခရောစ်ဘီ ၏ဘ၀အကြောင်းသည် ဂန္ဓ၀င် စံနမူနာပင် ဖြစ်သည်။ 

သူမ ရေးသားသည့် တမ်းတမ်းတတ ဓမ္မသီချင်းများ၏အကျိုးကျေးဇူးကို တစ်လောကလုံး ခံစားရသည်။ ၎င်းသီချင်းများက သူ့အသက် (၅)နှစ်အရွယ်၌ မျက်စိကွယ်ခဲ့သည့် သူမ၏ကိုယ်ပိုင်ကြေကွဲစရာအဖြစ်မှ ပေါက်ဖွားလာပြီးကောင်းကျိုးအလို့ငှာ အရာခပ်သိမ်းသည် တစ်ညီတစ်ညွတ်တည်း ပြုစုခဲ့သည်။ 

သူသည် ဓမ္မတေးနှင့် ဘုရားသီချင်း ၈၀၀၀ ကျော် ရေးစပ်ခဲ့ပြီး 
Blessed Assurance ကဲ့သို့သောသီချင်းကထင်ရှားကာ
 လောကအတွက် ကောင်းချီးဖြစ်စေခဲ့ပါသည်။ သူမ၏ 
အခက်အခဲကို ဘုရားရှင်သုံးပြီး သူမ၏ကောင်းကျိုး၊ ကျွန်ုပ်တို့ကောင်းကျိုးနှင့် ဘုန်းတော် ထင်ရှား စရာဖြစ်စေခဲ့ပါသည်။ 

ဝမ်းနည်းကြေကွဲစရာများကြုံရလျှင် အဘယ် အကျိုးကို ဘယ်လိုဖြစ်စေမှာလဲဟု နားလည်ရန် ခက်သည်။ ထိုအကျိုး ကို 
လက်ရှိ အသက်ရှင်ရသည့်ဘ၀၌ မြင်ရချင်မှ မြင်ရမည်။ သို့သော် ဘုရားသခင်၌ရည်ရွယ်ချက်ကောင်းရှိပြီး ကျွန်ုပ်တို့နှင့် 
ကိုယ်တော် အစဉ်အတူရှိပါ၏။