ဗျာဒိတ်ကျမ်း အခန်းကြီး ၂၂ ၂၀-၂၁ ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှုကြွလာတော်မူပါ၊ ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်သည် သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။ ၁ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော၊ အသက်ရေစီးရာမြစ်ကို ကောင်းကင်တမန်သည် ငါ့အားပြလေ၏။ ၂ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက်ပင်ရှိ၏။ ထိုအသက်ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိအသီး ကိုလည်း လတိုင်းပေးတတ်၏။ အရွက်သည်လည်း လူအမျိုးမျိုးတို့၏ အနာရောဂါ ငြိမ်းစရာဘို့ဖြစ်၏။ ၃ နောက်တဖန်ကျိန်ခြင်းဘေး တစုံတခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။ ၄ မျက်နှာတော်ကိုမြင်ရ၍၊ သူတို့နဖူး၌လည်း နာမ တော်ရေးထားလျက်ရှိလိမ့်မည်။ ၅ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက် စိုးစံရကြလတံ့။ ၆ ကောင်းကင်တမန်ကလည်း၊ ဤစကားသည် သစ္စာစကား၊ ဟုတ်မှန်သောစကားဖြစ်၏။ ပရောဖက် တို့၏ ဝိညာဉ်ကို အစိုးရသော ထာဝရအရှင်ဘုရားသခင်သည် ကာလမကြာမမြင့်မှီ ဖြစ်ရမည်အမှုအရာများ ကို မိမိကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန်တော်ကို စေလွှတ်တော်မူပြီ။ ၇ ငါသည် အလျင်အမြန်လာ မည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သောသူသည် မင်္ဂလာရှိ၏ဟုပြောဆို၏။ ၈ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကိုပြသော ကောင်းကင် တမန်၏ ခြေရင်း၌ ကိုးကွယ်အံ့သောငှါ ပြပ်ဝပ်၏။ ၉ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏လုပ်ဘော် ဆောင်ဘက်ဖြစ်၏။ သင်၏အစ်ကိုပရောဖက်တို့နှင့် ဤစာစောင် ၏စကားကို စောင့်ရှောက်သောသူတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့ဟု ပြောဆို၏။ ၁၀ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန်ရောက်လုနီးပြီ။ ၁၁ မတရားသောသူသည် မတရားသဖြင့်ပြုစေဦး။ ညစ်ညူး သောသူသည် ညစ်ညူးစေဦး။ ဖြောင့်မတ်သောသူသည် ဖြောင့်မတ်စေဦး။ သန့်ရှင်းသောသူသည် သန့်ရှင်းစေဦး။ ၁၂ ငါသည် အလျင်အမြန်လာမည်။ ငါသည် အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍၊ လူအသီးသီး တို့အား မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည်။ ၁၃ ငါသည် အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသော သူ၊ နောက်ဆုံးသောသူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏။ ၁၄ အသက်ပင်နှင့်ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ဝင်အံ့သောငှါ ပညတ်တော်တို့ကို ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။ ၁၅ ပြင်၌ကား၊ ခွေးဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ လူအသက်ကိုသတ်သောသူ၊ ရုပ်တုကိုကိုးကွယ် သောသူ၊ သစ္စာပျက်ခြင်းကို နှစ်သက်၍ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။ ၁၆ ငါယေရှုသည်၊ အသင်း တော်တို့အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေ ခြင်းငှါ၊ ငါ၏ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွှယ်လည်းဖြစ်၏။ ထွန်းတောက် သောမိုဃ်းသောက်ကြယ်လည်းဖြစ်၏။ ၁၇ိဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသောသူကလည်း လာခဲ့ပါဟု ဆိုပါစေ၊ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကိုမပေး ဘဲ အသက်ရေကိုယူပါစေ။ ၁၈ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူအပေါင်းတို့အား ငါသက်သေခံသည်ကား၊ အကြင်သူ သည် ဤအရာတို့၌ ထပ်၍အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တို့ကို ထိုသူအပေါ်သို့ ဘုရားသခင်သက်ရောက်စေတော်မူမည်။ ၁၉ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ရေးထားသော အသက်ပင်နှင့်၎င်း၊ သန့်ရှင်းသောမြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။ !

March 23, 2015

သမ္မာသစ်တွင်ဖေါ်ပြသော၊ဘုရားသခင်၏နာမများ၊(၂)၊

New Testament Names For God The Father *********************************** 
~Father:(Matthew 6:9)( အဖ) 
~God The Father:(2 Tim-1:2)(ခမည်းတော်) 
~The Father Of Lights:(Jam-1:17) (အလင်းရှင်) 
~The Father Of Spirits:(Heb-12:9)(စိတ်ဝိညာဉ်တို့၏အဘ)။
 ~God Of Peace (Heb-13:20)(ငြိမ်သက်ခြင်း၏အရှင်)။ 
~The Living God (2 Cor-3:3,6:16) (အသက်ရှင်တော်မူသောဘုရားသခင်)။ 
~Lord God (Acts 3:22)ထာဝရဘုရား။
~Lord Almighty [Shaddai]:(2 Cor;6:18)။ (အနန္တတန်ခိုးနှင့်ပြည့်စုံသောထာဝရဘုရား)။ 
~Power (Mark-14:62)တန်ခိုးတော်။ 
~The Most High God (Heb;7:1) အမြင့်ဆုံးသောဘုရား။
~Lord Of Armies:(Jam;5:4) ကောင်းကင်ဗိုလ်ခြေ 
အရှင်ထာဝရဘုရား
 ~The Majesty(Heb;1:3)တန်ခိုး အားနုဘော်တော်
နှင်.ပြည်စုံသောဘုရား၊ 
~The Lawgiver And Judge:(Jam-4:12) ပညတ်တရားကို ထားပိုင်သောသူ၊စစ်ကြောစီရင်ပိုင်သောသူ။ ~Sovereign(1Tim;6:15)မင်္ဂလာရှိသောတပါးတည်းသော
အရှင် ဖြစ်တော် မူထသော၊ဘုရင်တကာတို့ထက်ဘုရင်၊
သခင်တကာတို့၏သခင်။ 
~Abba:[Daddy] (Romans 8:15) အဗ္ဗအဘ။ 
~Father of Mercies: (2Cor-1:3) သနားခြင်းကရုဏာ၏အဘ။ 
~The God Of Our Fathers(Acts 7:32) သင့်ဘိုးဘေးတို့၏ဘုရား။ ~God Of All Comfort (2Cor;1:3)သက်သာခြင်းအမျိုးမျိုးတို့၏ အရှင်။ ~The God Of Glory(Acts-7:2)ဘုန်းကြီးတော်မူသောဘုရားသခင်။ ~The God Of Israel(Mat;15:31)ဣသရေလအမျိုး၏ ဘုရားသခင်။ ~The Almighty (Rev;1:8) ထာဝရ အရှင်ဘုရားသခင်။ 
~The Creator (Rom;1:25) ဖန်ဆင်းတတ်သောသခင်။ 
~The Divine Nature:(Rom;1:20)မျက်မြင်မရသော ဘုရားသခင်။ ~The Eternal Immortal Invisible King:(1 Tim;1:17) လောကဓာတ်တို့၏ ဘုရင်တည်းဟူသော၊ ဖောက်ပြန်ပျက်စီးခြင်းနှင့် ကင်းလွတ်တော်မူထသော၊ မျက်မြင်မရ၊အရူပဖြစ်တော်မူထသော၊ တဆူတည်းသောဘုရားသခင်။

March 13, 2015

ISIS jihadist တစ်ဦးအားခရစ်ယန်သို.ပြောင်းလဲ

1/3/2015(Aleppo Herald) သတင်း၌ အရှေ.အလယ်ပိုင်း ဆီးရီးယားနှင်. ISIS စစ်ပွဲတွင် သေနတ်ဒဏ်ရာ ပေါင်းများစွာကြောင်. အသက်မရှင်နိုင်တော. ကြောင်းထင်ကာ ကန္တာရတွင် လစ်လှူရှုပစ်ထား ခဲ.ခြင်း ခံရသူ (၃၅)အရွယ် ISIS jihadist လူငယ်တစ်ဦးအား ခရစ်ယန်သာသနာပြု (Catholic Presbytery of Ayyash) အဖွဲ.မှ မြေမြုပ်သင်္ကြိုရန် ၂၅ km ခန်.သယ်ဆောင်အပြီးတွင် အသက်ပြန်ရှင်လာကြောင်း အံ.သြ ဖွယ်ရာဖေါ်ပြထားသည်။ ပြန်လည်ပြီး သူ.အာရုံ အကောင်း ပကတိဖြစ်လာသည်.အခါ ခရစ်ယန်ဘုန်းတော်ကြီး(H.Groschlin) ထံတွင် တမလွန်အတွက် မိမိ၏ရုပါရုံဟူသမျှကို လေးလေး နက်နက် ပြောကြား ရာတွင် ခရစ်ယန်အသက်တာသို.ပြောင်းလဲရန် ဝန်ခံခဲ.သည်။ ငါ-မာသုရအသေခံရင် ကောင်းကင်တံခါးသို.ဝင်ရမလား (ဝါ) အပါယ်ငရဲ တံခါးဝင်ရမလား ဟု သူသည် ထပ်တလဲလဲ ပြောနေသည်ကို မှတ်မိ ပါသည်ဟု ဘုန်းတော်ကြီးမှ ပြောကြားပါသည်။ ကောင်းကင်အလင်းတံခါးကို မြင်ခဲ.ရသော်လည်း သူ.ကိုခေါ်ဆောင်သွား သည်.နေရာသည် အလွန်ကြောက်မက်ဖွယ် မီးတောက်လောင်နေသော အပါယ်ငရဲသို. ဖြစ်သည်။ သူ ပြန်လည်၍ အသက်ရှင်ခဲ.ရင်တောင်မှ လူတွေရဲ.ခေါင်းကို ဖြတ်ပြီး မကောင်းမှုလုပ်ဆောင်သမျှအားလုံး ပြန်လည် ချိန်:ခြောက်နေပါသည်ဟု ဘုန်းတော်ကြီးထံ ဝန်ခံပြောပြခဲ.သည်။ ဘုရားသခင်က သူ.ကိုပြောပြခဲ.သည်မှာ သင် အခုချိန် အသက် သေဆုံး သွားပါက အသက်ရှင်စဉ် သင်.ဝိညာဉ် အလွန်စိတ်ပျက်သည်. အတွက် ကောင်းကင်တံခါးသို.သွားရန် ပိတ်ပင်ခဲ.သော်လည်း အသက် ပြန်ရှင် ရန်ရွေးချယ်ပါက အပြစ်မှနောင်တရပြီး ဘုရားသခင်၏သိုးခြံတံခါး သို.ဝင်ရန် အခွင်.အလမ်းတခုရှိသည်ဟု ပြောခဲ.သည်။ ထိုလူငယ်သည် Allah ဘုရား၏ လှည်.စားခြင်းကို အဟုတ်ထင်ပြီး ကိုး ကွယ်ခြင်းမှ လုံးဝ ခရစ်ယန်အသက်တာသို. ပြောင်းလဲသည်. တိုတောင်းသည်. အချိန်အတွင်း သူ၏ဒဏ်ရာအားလုံး ပျောက်ကင်းသွား သည်။ကန္တာရမှကယ်တင်ခြင်းရသောသူ၏ အသက်တာအားဖြင်. ကျန်ISIS fighters များလည်း စစ်မှန်သော ဘုရားသခင်ထံသို. ပြန်လှည်. နိုင်စေဖို. ဖြစ်စေလိမ်.မည်ဟု မျော်လင်.ကြောင်း ဘုန်းတော်ကြီးမှ ပြောကြားကြောင်းသိရှိရပါသည်။